Wednesday 25 September 2013

မန္တလေးတက္ကသိုလ် တည်ထောင်သူ ဦးကိုလေးရာပြည့် ကြေးပိဿာချိန် ၁၁၀ ခန့်ရှိ ပုံတူဖွင့်လှစ်

Photo: မန္တလေးတက္ကသိုလ် တည်ထောင်သူ ဦးကိုလေးရာပြည့် ကြေးပိဿာချိန် ၁၁၀ ခန့်ရှိ ပုံတူဖွင့်လှစ်
Wednesday, September 25, 2013

မန္တလေးတက္ကသိုလ် တည်ထောင်သူ ဒုတိယအဓိပတိ ဦးကိုလေး၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ကြေးပိဿာချိန် ၁၁၀ ခန့်ရှိသော ကြေးသွန်း
ရုပ်ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် မန္တလေးတက္ကသိုလ် မိန်းအဆောက်အအုံ ရှေ့တွင် ထားရှိဖွင့်လှစ်ခဲ့ကြောင်း ယင်းဦးကိုလေး (ရာပြည့် ကျောင်းသားများ) အဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ကြေးရုပ်မှာ ပိဿာချိန် ၁၁၀၊ အမြင့် ၄ ပေ၊ အလျား ၂ ပေ ရှိပြီး စုစုပေါင်း ကုန်ကျငွေ ကျပ်၂၄ သိန်းနီးပါး ကုန်ကျမှုရှိကြောင်း၊ ကြေးသွန်းရုပ် အလှူရှင်ဆရာတော် ဦးသုမင်္ဂလက တစ်ဦးတည်း မတည်ငွေကျပ် ၂၅ သိန်း လှူဒါန်းခဲ့ကြောင်း မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဦးပိုမြင့်က ပြောကြားသည်။

"ဆရာကြီးက ၁၉၁၃ ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး အခု ၂၀၁၃ ခုနှစ်ဆိုတော့ နှစ် ၁၀၀ ပြည့်ပေါ့။ ဦးတို့ ကျောင်းသားဟောင်းတွေက ဆရာကြီးရဲ့ ကျေးဇူးကို သိတဲ့အနေနဲ့ အခုလို ဆရာကြီးပုံတူ ကြေးရုပ်ကို စိုက်ထူခဲ့ကြတာ ဖြစ်ပါ
တယ်" ဟု ၄င်းက ဆိုသည်။

မန္တလေးတက္ကသိုလ် တည်ထောင်သူ ဒုတိယအဓိပတိ ဦးကိုလေး၏ ပုံတူကြေးသွန်း ရုပ်တုကို စက်တင်ဘာလ ၂၃ ရက်နေ့က မန္တလေး
တက္ကသိုလ် ပင်မကျောင်းဆောင် ရှေ့တွင် စိုက်ထူခဲ့ကြပြီး၊ ထပ်မံ၍ မန္တလေး တက္ကသိုလ် ဓမ္မာရုံတွင် ကြေးရုပ်စိုက်ထူ လှူဒါန်းပွဲနှင့် သက်ကြီးပူဇော်ပွဲကို ကျင်းပခဲ့ကာ သက်တော်ရှည်ဆရာကြီး၊ ဆရာမကြီး ၂၇ ဦးကို ရာပြည့်ကျောင်းသား များနှင့် ဆရာကြီးများ၏ တပည့်ဆရာများက တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ ကန်တော့ ခဲ့ကြကြောင်း အဆိုပါကြေးရုပ် စိုက်ထူ လှူဒါန်းပွဲနှင့် သက်ကြီးပူဇော်ပွဲထံမှ သိရသည်။

"အလှူငွေတွေ များလာရင်တော့ ဆရာကြီးဦးကိုလေး ပညာဖောင်ဒေးရှင်း
တစ်ခု လုပ်ဖို့ရယ်၊ ပညာရည်ချွန်ဆုတွေ ပေးဖို့ကို ရည်ရွယ်ထားပါတယ်။ အခု ဆရာကြီး ဦးကိုလေးပုံတူ ကြေးရုပ်တုဖွင့်ပွဲကို အောက်တိုဘာလ ဒုတိယပတ်လောက်မှာ ကျင်းပနိုင်ဖို့ ရည်ရွယ်ထားပါတယ်" ဟု မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဦးပိုမြင့်က ထပ်မံပြောကြားသည်။

The Voice Weekly

မန္တလေးတက္ကသိုလ် တည်ထောင်သူ ဒုတိယအဓိပတိ ဦးကိုလေး၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ကြေးပိဿာချိန် ၁၁၀ ခန့်ရှိသော ကြေးသွန်းရုပ်ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် မန္တလေးတက္ကသိုလ် မိန်းအဆောက်အအုံ ရှေ့တွင် ထားရှိဖွင့်လှစ်ခဲ့ကြောင်း ယင်းဦးကိုလေး (ရာပြည့် ကျောင်းသားများ) အဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ကြေးရုပ်မှာ ပိဿာချိန် ၁၁၀၊ အမြင့် ၄ ပေ၊ အလျား ၂ ပေ ရှိပြီး စုစုပေါင်း ကုန်ကျငွေ ကျပ်၂၄ သိန်းနီးပါး ကုန်ကျမှုရှိကြောင်း၊ ကြေးသွန်းရုပ် အလှူရှင်ဆရာတော် ဦးသုမင်္ဂလက တစ်ဦးတည်း မတည်ငွေကျပ် ၂၅ သိန်း လှူဒါန်းခဲ့ကြောင်း မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဦးပိုမြင့်က ပြောကြားသည်။

"ဆရာကြီးက ၁၉၁၃ ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး အခု ၂၀၁၃ ခုနှစ်ဆိုတော့ နှစ် ၁၀၀ ပြည့်ပေါ့။ ဦးတို့ ကျောင်းသားဟောင်းတွေက ဆရာကြီးရဲ့ ကျေးဇူးကို သိတဲ့အနေနဲ့ အခုလို ဆရာကြီးပုံတူ ကြေးရုပ်ကို စိုက်ထူခဲ့ကြတာ ဖြစ်ပါ
တယ်" ဟု ၄င်းက ဆိုသည်။

မန္တလေးတက္ကသိုလ် တည်ထောင်သူ ဒုတိယအဓိပတိ ဦးကိုလေး၏ ပုံတူကြေးသွန်း ရုပ်တုကို စက်တင်ဘာလ ၂၃ ရက်နေ့က မန္တလေး
တက္ကသိုလ် ပင်မကျောင်းဆောင် ရှေ့တွင် စိုက်ထူခဲ့ကြပြီး၊ ထပ်မံ၍ မန္တလေး တက္ကသိုလ် ဓမ္မာရုံတွင် ကြေးရုပ်စိုက်ထူ လှူဒါန်းပွဲနှင့် သက်ကြီးပူဇော်ပွဲကို ကျင်းပခဲ့ကာ သက်တော်ရှည်ဆရာကြီး၊ ဆရာမကြီး ၂၇ ဦးကို ရာပြည့်ကျောင်းသား များနှင့် ဆရာကြီးများ၏ တပည့်ဆရာများက တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ ကန်တော့ ခဲ့ကြကြောင်း အဆိုပါကြေးရုပ် စိုက်ထူ လှူဒါန်းပွဲနှင့် သက်ကြီးပူဇော်ပွဲထံမှ သိရသည်။

"အလှူငွေတွေ များလာရင်တော့ ဆရာကြီးဦးကိုလေး ပညာဖောင်ဒေးရှင်း
တစ်ခု လုပ်ဖို့ရယ်၊ ပညာရည်ချွန်ဆုတွေ ပေးဖို့ကို ရည်ရွယ်ထားပါတယ်။ အခု ဆရာကြီး ဦးကိုလေးပုံတူ ကြေးရုပ်တုဖွင့်ပွဲကို အောက်တိုဘာလ ဒုတိယပတ်လောက်မှာ ကျင်းပနိုင်ဖို့ ရည်ရွယ်ထားပါတယ်" ဟု မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဦးပိုမြင့်က ထပ်မံပြောကြားသည်။

The Voice Weekly

No comments:

Post a Comment