Wednesday 25 September 2013

မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ တတိယရေကြီးကာလကို သတိကြီးစွာနဲ့ ကျော်ဖြတ်ရပါလိမ့်မယ်

ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မိုးလေ၀သ အခြေအနေပါ။ အခုလို ပြောပြပေးတဲ့ ဆရာ့ကို ကျေးဇူး တင်ပါတယ် ခင်ဗျာ။

စက်တင်ဘာလကုန်- အောက်တိုဘာလဆန်းအထိ မြန်မာနိုင်ငံအလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်နဲ့ တောင် ပိုင်းဒေ သတွေမှာ မိုးကောင်းနေပါဦးမယ်။

စက်တင်ဘာလ(၂၅)ရက်မှ အောက်တိုဘာလ(၁)ရက်အထိ ရက်သတ္တပတ်အတွက် နဲ့ အောက်တိုဘာလ (၂)ရက်မှ အောက်တိုဘာလ(၈)ရက်ရက်သတ္တပတ်အတွက် နှစ်ပတ်စာ မိုးလေ၀သခန့်မှန်းချက်တွေမှာ  (၁) မြန်မာနိုင်ငံအလယ်ပိုင်း၊ မြေလတ်ပိုင်း၊ မြစ်ဝကျွန်းပေါ်နဲ့ တောင်ပိုင်းဒေသတွေ အားလုံး မိုးရွာသွန်းမှု ဟာ ရွာသွန်းမြဲထက်ပိုမယ်။

 (၂) တောင်တရုတ်ပင်လယ်ပြင်မှာ မုန်တိုင်းတွေ ပုံမှန်ထက် သိသိသာသာ ပိုဖြစ်မယ် လို့ခန့်မှန်း ထားပါ တယ်။  လုံလောက်ပါပြီ။

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ တတိယရေကြီးကာလကို သတိကြီးစွာနဲ့ ကျော်ဖြတ်ရ ပါလိမ့်မယ်ဆိုတာကိုသာ     လက်တို့ပြီးတော့ ကြိုပြောထားပါရစေတော့...။

ဒေါက်တာထွန်းလွင် (MCCW)
Popular Journal

No comments:

Post a Comment