Wednesday 25 September 2013

ပင်စင်ထုတ်ယူရန် ကျန်ရှိသူ အငြိမ်းစားဦးရေ နှစ်သိန်းနီးပါးကို လာရောက်ထုတ်ယူရန် ထုတ်ပြန်

Photo: ပင်စင်ထုတ်ယူရန် ကျန်ရှိသူ အငြိမ်းစားဦးရေ နှစ်သိန်းနီးပါးကို လာရောက် ထုတ်ယူရန် ထုတ်ပြန်
Wednesday, September 25, 2013

လက်ရှိပင်စင်လစာ ခံစားလျက်ရှိသော အငြိမ်းစားများအနက် ပင်စင်ထုတ်ယူရန် ကျန်ရှိသူ အငြိမ်းစားဦးရေမှာ နှစ်သိန်းနီးပါး ရှိနေသောကြောင့် သက်ဆိုင်ရာ မြန်မာ့စီးပွားရေး ဘဏ်များသို့ လာရောက်ထုတ်ယူရန် ပင်စင်ဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်အထိ မြန်မာ့စီးပွားရေးဘဏ်သို့ ငွေပေးမိန့် ထုတ်ပြန်ပေးပြီး ပင်စင်စားဦးရေမှာ ၅၁၀၈၆၀ ဦးဖြစ်ကြောင်း၊ လစာငွေ ထုတ်ပေးပြီး ဦးရေမှာ ၃၁၉၂၁၂ ဦးဖြစ်ရာ လစာထုတ်ယူရန်အတွက် ၁၉၁၆၄၈ ဦး ကျန်ရှိနေသေးကြောင်း ပင်စင်ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

အလားတူ တိုးမြှင့်ပင်စင် လစာသစ်အား မြန်မာ့စီးပွားရေး ဘဏ်များတွင် ပိတ်ရက်မှအပ နေ့စဉ်ထုတ်ပေးလျက် ရှိပါသဖြင့် ဆက်သွယ်ထုတ်ယူ ကြရန်လည်း ထုတ်ပြန်ထားကြောင်း သိရသည်။

ပင်စင်လစာသစ် ခံစားခွင့် မရသေးသော ကာကွယ်ရေး ပင်စင်စားများ အနေဖြင့် သက်ဆိုင်ရာ ကာကွယ်ရေး ငွေစာရင်းရုံးခွဲများသို့ ဆက်သွယ်ဆောင်ရွက်ရန်နှင့် မြို့ပြပင်စင်စားများ အနေဖြင့်လည်း နီးစပ်ရာ ပင်စင်ဦးစီးဌာနရုံးချုပ်၊ တိုင်းဒေသကြီးရုံးနှင့် ပြည်နယ်ရုံးများသို့ ဆက်သွယ်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပင်စင်ဦးစီးဌာနမှ သိရသည်။

ပင်စင်လစာသစ် ခံစားခွင့် မရသေးသည့် ပင်စင်စားများ အနေဖြင့် နေပြည်တော်ရှိ ပင်စင်ဦးစီး ဌာနရုံးချုပ်၊ ရန်ကုန်၊ ပုသိမ်၊ စစ်တွေ၊ မော်လမြိုင်၊ ဘားအံ၊ ထားဝယ်၊ ပဲခူး၊ ပြည်၊ မန္တလေး၊ မကွေး၊ မုံရွာ၊ မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံနှင့် လွိုင်ကော်မြို့များရှိ ပင်စင်ဦးစီး ဌာနများသို့ ဆက်သွယ်ထုတ်ယူနိုင်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပင်စင်စား ၀န်ထမ်းဦးရေ ခုနစ်သိန်းကျော်ရှိကြောင်း၊ ငါးသိန်းကျော်မှာ အရပ်ဘက် ပင်စင်စား ၀န်ထမ်းများဖြစ်ပြီး ကျန်ရှိသည့်သူများမှာ ကာကွယ်ရေး ၀န်ကြီးဌာနမှ ပင်စင်စားများဖြစ်ကြောင်း သိရသည်။

Eleven Media Group

(ပင်စင်လစာ လာရောက်ထုတ်ယူ နေသူများကို တွေ့ရစဉ်)
(ပင်စင်လစာ လာရောက်ထုတ်ယူ နေသူများကို တွေ့ရစဉ်)
လက်ရှိပင်စင်လစာ ခံစားလျက်ရှိသော အငြိမ်းစားများအနက် ပင်စင်ထုတ်ယူရန် ကျန်ရှိသူ အငြိမ်းစားဦးရေ မှာ နှစ်သိန်းနီးပါး ရှိနေသောကြောင့် သက်ဆိုင်ရာ မြန်မာ့စီးပွားရေး ဘဏ်များသို့ လာရောက်ထုတ်ယူရန် ပင်စင်ဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်အထိ မြန်မာ့စီးပွားရေးဘဏ်သို့ ငွေပေးမိန့် ထုတ်ပြန်ပေးပြီး ပင်စင်စား ဦးရေမှာ ၅၁၀၈၆၀ ဦးဖြစ်ကြောင်း၊ လစာငွေ ထုတ်ပေးပြီး ဦးရေမှာ ၃၁၉၂၁၂ ဦးဖြစ်ရာ လစာထုတ်ယူရန် အတွက် ၁၉၁၆၄၈ ဦး ကျန်ရှိနေသေးကြောင်း ပင်စင်ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

အလားတူ တိုးမြှင့်ပင်စင် လစာသစ်အား မြန်မာ့စီးပွားရေး ဘဏ်များတွင် ပိတ်ရက်မှအပ နေ့စဉ်ထုတ်ပေး လျက် ရှိပါသဖြင့် ဆက်သွယ်ထုတ်ယူ ကြရန်လည်း ထုတ်ပြန်ထားကြောင်း သိရသည်။

ပင်စင်လစာသစ်ခံစားခွင့်မရသေးသော ကာကွယ်ရေးပင်စင်စားများအနေဖြင့် သက်ဆိုင်ရာ ကာကွယ်ရေး ငွေစာရင်းရုံးခွဲများသို့ ဆက်သွယ်ဆောင်ရွက်ရန်နှင့် မြို့ပြပင်စင်စားများ အနေဖြင့်လည်း နီးစပ်ရာ ပင်စင်ဦးစီးဌာနရုံးချုပ်၊ တိုင်းဒေသကြီးရုံးနှင့် ပြည်နယ်ရုံးများသို့ ဆက်သွယ်ဆောင်ရွက် ကြရ မည်ဖြစ်ကြောင်း ပင်စင်ဦးစီးဌာနမှ သိရသည်။

ပင်စင်လစာသစ် ခံစားခွင့် မရသေးသည့် ပင်စင်စားများ အနေဖြင့် နေပြည်တော်ရှိ ပင်စင်ဦးစီး ဌာနရုံးချုပ်၊ ရန်ကုန်၊ ပုသိမ်၊ စစ်တွေ၊ မော်လမြိုင်၊ ဘားအံ၊ ထားဝယ်၊ ပဲခူး၊ ပြည်၊ မန္တလေး၊ မကွေး၊ မုံရွာ၊ မြစ်ကြီး နား၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံနှင့် လွိုင်ကော်မြို့များရှိ ပင်စင်ဦးစီး ဌာနများသို့ ဆက်သွယ်ထုတ် ယူနိုင်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပင်စင်စား ၀န်ထမ်းဦးရေ ခုနစ်သိန်းကျော်ရှိကြောင်း၊ ငါးသိန်းကျော်မှာ အရပ်ဘက် ပင်စင်စား ၀န်ထမ်းများဖြစ်ပြီး ကျန်ရှိသည့်သူများမှာ ကာကွယ်ရေး ၀န်ကြီးဌာနမှ ပင်စင်စားများဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment