Wednesday 25 September 2013

အရက်ကြောင်ကြောင်နေသည့် ဖခင်က တစ်မိသားစုလုံးကို ဓားဖြင့်ထိုးသတ် နှစ်နှစ်အရွယ် သမီးငယ် ပွဲချင်းပြီးသေဆုံး


စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ နယ် ကလုံအုပ်စု အတွင်းရှိ အင်းရွာလေးကျေးရွာတွင် စက်တင် ဘာ ၂၄ရက်က လူသတ်မှုတစ်မှု ဖြစ်သွားခဲ့ရာ ထိုဖြစ်စဉ်အပေါ် ကြားရသူတိုင်းမှ ရင်ထုမနာဖြစ် နေကြ ရ ကြောင်း သိရ သည်။
ဖြစ်ပွားပုံမှာ စက်တင်ဘာ ၂၃ရက် ည ရနာရီတွင် အသက် ၃၄နှစ်ရှိ မြင့်သန်းသည် အရက်မူး ၍ ဇနီးဖြစ်သူ မအေးကြည် ၁၉ နှစ်အား လူမှုရေးဖောက်ပြန်သည် ဟုစွပ်စွဲကာ ရန်ဖြစ်ခဲ့ကြသည်။ ထိုရန်ဖြစ်မှု ကိုအခြေခံ၍ ဇနီးဖြစ် သူ မအေးကြည်အားအရိုးအသွား ၁၈လက်မရှိဓားဖြင့် ထိုးသွင်းခဲ့ရာ မအေးကြည်၏ဘယ်ဘက်လက် ချောင်းများပြတ်ရှကုန်ပြီး ဝဲဘက် နံရိုးအောက်သို့လည်း ဓားစိုက် ဝင်သွားခဲ့သည်။ ထို့နောက် သမီးဖြစ် သူ မနှင်း ပွင့်ဖြူ အသက် ငါးနှစ် နှင့် မလှိုင် လှိုင်ထွန်း အသက်နှစ်နှစ် တို့အား ကြိုးဖြင့် တုပ်နှောင်ထားခဲ့သည်။

ကလေးများ ငိုသံကြား၍ ဒေါ်အေးကြည်မှ ထကြည့်စဉ် မြင့်သန်းက မအေးကြည်အား အရိုးအသွား၁၈ လက်မရှိ ဓားဖြင့် ထိုးသွင်းခဲ့ရာ မအေးကြည်၏ဘယ် ဘက်လက်ချောင်းများ ပြတ်ရှကာ ဝဲဘက်နံရိုးအောက် သို့ လည်း ဓား စိုက်ဝင်သွား ခဲ့ပြီး နှစ်နှစ် သမီးအရွယ်ရှိ မလှိုင်လှိုင်ထွန်းအား ဓား ဖြင့်ထပ်မံမွှန်းခဲ့ရာ ဘယ်ဘက် လက်ကောက်ဝတ်၌ ပြတ်လုနီးနီး ဓားဒဏ်ရာနှင့်အတူ ထိရှဒဏ်ရာ အများအပြား ရရှိခဲ့ ပြီးနောက် ထိုသမီးငယ်၏ ဝဲဘက်ဝမ်းဗိုက် ကိုလည်း ဓားဖြင့် ထိုး သွင်း သတ် ဖြတ်ခဲ့သည်။

ထိုသို့ သမီးငယ်အား ထိုး သတ်ပြီး သမီးကြီးဖြစ်သူ မနှင်း ပွင့်ဖြူ ငါးနှစ်အား ထပ်မံ၍ ဓား ဖြင့်ထိုးခဲ့ရာ မနှင်းပွင့်ဖြူ၏ဝမ်း ဗိုက်ပေါက်ပြဲခဲ့သည်။ မြင့်သန်း သည် ကလေးများကို ဓားဖြင့်ထိုး ပြီး မိမိကိုယ်ကိုလည်း ဓားဖြင့်ထိုး ခဲ့သည်။ ထိုအခြေ အနေတွင် ဇနီး ဖြစ်သူ မအေးကြည်က ထွက်ပြေး လွတ်မြောက်သွားနိုင်ခဲ့ပြီး ကျေး ရွာကို အကူအညီတောင်းခံခဲ့သည်။ ကျေးရွာလူထုမှ မြင့်သန်းနှင့် ကလေးများဖမ်းထားရာနေအိမ် သို့ဝိုင်းသောအခါ မြင့်သန်းမှ လာ ရောက်ကယ် တင်သူ အား သတ် မည်ဟုဆိုကာ အရှည်လေးတောင် ရှိမှိန်းနှင့် အရှည်၁၈လက်မရှိဓား ကို ကိုင်ဆောင်၍ ကြိမ်းမောင်းနေ မှုကြောင့် မည်သူမှ အနားသို့ မကပ်နိုင်ခဲ့ကြောင်း သိရသည်။ နောက်ဆုံးတွင် ရပ်ကွက်တာဝန် ရှိသူများမှ အင်းရွာရဲ စခန်းသို့ သွား တိုင်ခဲ့ရာ စက်တင်ဘာ ၂၄ရက် နံနက်ရနာရီတွင် လူသတ်တရားခံ မြင့်သန်းအား ဖမ်းဆီးရမိခဲ့သည်။

ထိုဓားထိုးမှုဖြစ်စဉ်ကြောင့် နှစ်နှစ်သမီးအရွယ်ရှိ မလှိုင်လှိုင် ထွန်းမှာ နေရာ၌ ပွဲချင်းပြီးသေဆုံး သွားခဲ့ပြီး မအေးကြည်နှင့် မနှင်း ပွင့်ဖြူတို့မှာ ဒဏ်ရာပြင်းထန်လွန်း သဖြင့် ကသာခရိုင်ပြည်သူ့ဆေးရုံ ကြီးတွင် အရေးပေါ်ခွဲစိတ်ကုသ မှုခံ ယူနေ ရဆဲဖြစ်သည်။ ခွဲစိတ်မှု အခြေအနေမှာ သတင်းရေးသား ချိန်အထိ စိုးရိမ်ရဆဲအခြေအနေ တွင် ရှိနေသည်။

လူသတ်တရားခံမြင့်သန်း မှာ အရက်ကို နေ့စဉ်စွဲမြဲစွာသောက် သုံးသူဖြစ်သဖြင့် အရက်ကြောင် ကြောင် ကာ ကိုယ့်မိသားစုတစ်စု လုံးကို ယခုလို ရက်စက်စွာသတ် ဖြတ်ခဲ့မှုဖြစ်ပေါ်ခဲ့ သည်ဟု သက် ဆိုင်ရာရဲတပ်ဖွဲ့မှ ကောက်ချက် ချထားသည်။ ထိုလူသတ်မှုနှင့် ပတ်သက်၍ အင်းရွာလေးကျေး ရွာနေ မြင့်သန်းအား အင်းရွာရဲ စခန်းမှ (ပ)၁၁၁/၂၀၁၃ဖြင့် တိုင် ချက်ရေးသွင်းပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၃၀၂/၃၂၆ဖြင့် အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

လူသတ်တရားခံမြင့်သန်း က ပြောပြရာတွင် သူသည် ၁၇ နှစ် သားအရွယ်မှ စတင်၍ အရက် သောက်ခဲ့ကြောင်း၊ လွန်ခဲ့သော ခုနစ်နှစ်က ဘုရားတွင် အရက်လှူ ခဲ့ပြီး ပြန်သောက်ဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့သောလေးရက်က အရက် ဖြတ်တာကို ဆေးဝါး အကူအညီ မယူဘဲ အစိမ်းဖြတ် ထားကြောင်း ပြောသည်။ လူသတ်တရားခံ မြင့် သန်း၏ဖခင် တစ်ရွာတည်းနေ ဦးသောင်းစိန်က သူ့သားမြင့် သန်း အရက်ဖြတ်ထားသည်မှာ နှစ်ရက် ခန့်ပင် ရှိသေးကြောင်း၊ လွန်ခဲ့ သောခြောက် လ ကျော်က မြင့်သန်း နှင့်ညီဖြစ်သူတို့ စကားများရာမှ ညီဖြစ်သူက ဓားဖြင့်ထိုးခဲ့၍ မြင့် သန်း၏ဝမ်းဗိုက်ကို ခွဲစိတ်ကုသ မှု ပြုလုပ်ခဲ့ရသေးကြောင်း ပြော ပြခဲ့သည်။

ဟာဂျူလီ
(ရန်ကုန်တိုင်းမ်သတင်းစာ)

No comments:

Post a Comment