Monday 22 July 2013

အမေရိ ကန် ရေတပ် အတွက် MQ-8C Fire Scout မောင်းသူမဲ့ ရဟ တ်ယာဉ် တစ်စင်း လက်ခံရရှိ

Photo: အမေရိကန် ရေတပ်အတွက် MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် တစ်စင်း လက်ခံရရှိ
Monday, July 22, 2013

အမေရိကန် ရေတပ်သည် စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် Northrop Grumman ကုမ္ပဏီထံမှ MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် တစ်စင်းကို
ပထမဆုံးအကြိမ် လွှဲပြောင်း လက်ခံရရှိခဲ့ကြောင်းနှင့် အဆိုပါ ရဟတ်ယာဉ်ကို ၂ဝ၁၃ ခုနှစ် နှောင်းပိုင်းအထိ စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၂ဝ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အဆိုပါ မောင်းသူမဲ့ ရဟတ်ယာဉ်ကို ပင်လယ်ပြင် စောင့်ကြည့် ထောက်လှမ်းရေး အတွက် အရေးပေါ် လိုအပ်ချက်အရ ထုတ်လုပ်ခြင်းဖြစ်ပြီး မြေပြင်နှင့် ဝေဟင် စမ်းသပ်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိ အသုံးပြုနေသော မောင်းသူမဲ့ ရဟတ်ယာဉ်များထက် ဝန်ချိန် သုံးဆ ပိုမို သယ်ဆောင် နိုင်ပြီး တာဝေးနှစ်ဆ ပိုမို ပျံသန်းနိုင်စွမ်း ရှိကြောင်း သိရသည်။

အဆိုပါ MQ-8C မောင်းသူမဲ့ ရဟတ်ယာဉ်ကို ၂ဝ၁၄ ခုနှစ်တွင် အမေရိကန် ရေတပ်ရှိ Oliver Hazard Perry အတန်းအစား ဖရီးဂိတ် စစ်သင်္ဘောများပေါ်တွင် ဖြန့်ကြက်ချထားမည် ဖြစ်ပြီး ကမ်းနီး တိုက်ခိုက်ရေး သင်္ဘောများနှင့် အတူ ပူးတွဲ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
အမေရိကန်ရေတပ်သည် စစ်လက်နက်ပစ္စည်းထုတ်လုပ်သည့် Northrop Grumman ကုမ္ပဏီထံမှ MQ-8C Fire Scout မောင်းသူမဲ့ရဟတ်ယာဉ်တစ်စင်းကို ပထမဆုံးအကြိမ် လွှဲပြောင်းလက်ခံရရှိ ခဲ့ကြောင်းနှင့် အဆိုပါ ရဟတ်ယာဉ်ကို ၂ဝ၁၃ ခုနှစ် နှောင်းပိုင်းအထိ စမ်းသပ်မှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း ဇူလိုင် ၂ဝ ရက် အင်တာနက်သတင်း တစ်ရပ်အရသိရသည်။

အဆိုပါ မောင်းသူမဲ့ ရဟတ်ယာဉ်ကို ပင်လယ်ပြင် စောင့်ကြည့် ထောက်လှမ်းရေး အတွက် အရေးပေါ် လို အပ်ချက် အရ ထုတ်လုပ်ခြင်းဖြစ်ပြီး မြေပြင်နှင့် ဝေဟင်စမ်းသပ်မှုများ ဆက်လက် ပြုလုပ်သွား မည် ဖြစ်ကြောင်း၊ လက်ရှိ အသုံးပြုနေသော မောင်းသူမဲ့ ရဟတ်ယာဉ်များထက် ဝန်ချိန်သုံးဆ ပိုမို သယ်ဆောင် နိုင်ပြီး တာဝေးနှစ်ဆ ပိုမို ပျံသန်းနိုင်စွမ်း ရှိကြောင်း သိရသည်။

အဆိုပါ MQ-8C မောင်းသူမဲ့ ရဟတ်ယာဉ်ကို ၂ဝ၁၄ ခုနှစ်တွင် အမေရိကန် ရေတပ်ရှိ Oliver Hazard Perry အတန်းအစား ဖရီးဂိတ် စစ်သင်္ဘောများပေါ်တွင် ဖြန့်ကြက်ချထားမည် ဖြစ်ပြီး ကမ်းနီး တိုက် ခိုက်ရေး သင်္ဘောများနှင့် အတူ ပူးတွဲ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment