Monday 22 July 2013

ယုံကြည်ရာ စာဖတ်အသင်း ၂ နှစ်ပြည့် ဟောပြောပွဲ ကျင်းပမည်

မန္တလေး ယုံကြည်ရာ စာဖတ်အသင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မန္တလေးမြို့တော် ၂၇ လမ်း x ၆၉လမ်း ရှိ မြမန္တလာ ဟိုတယ်၌ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့မှ ဒေါက်တာ တင်မောင်သန်းက ဟောပြောဆွေးနွေးမည်ဖြစ်ကြောင်း ယုံကြည်ရာ စာဖတ်အသင်းဝင် ဦးတင်ထွန်းအောင် က The Voice သို့ ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် ဒေါက်တာ တင်မောင်သန်းက Critical Thinking and problem Analysis ခေါင်း စဉ်နှင့် Democratic Consolidation ခေါင်းစဉ် တို့ကို ဟောပြော ဆွေးနွေးမည်ဖြစ်ကြောင်း ယုံကြည်ရာ စာဖတ် အသင်းထံမှ သိရှိရသည်။

မန္တလေး ယုံကြည်ရာ စာဖတ်အသင်းကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ တွင် ထူထောင်ခဲ့ပြီး အပတ် စဉ် စာဖတ်ဝိုင်း အစီအစဉ်များနှင့် စာဖတ်ဝိုင်း အသစ် ပြုလုပ်လိုသည့် အဖွဲ့အစည်းများကို လိုအပ်သည့် အကြံဉာဏ် များ ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အသင်းထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment