Monday 22 July 2013

မြနန်းစံကျော် ရွှေနန်းတော် အကြီးစား ပြုပြင်မည်

Photo: မြနန်းစံကျော် ရွှေနန်းတော် အကြီးစား ပြုပြင်မည်
Monday, July 22, 2013

မြန်မာဘုရင်များ နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ မန္တလေးမြို့ နန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြီးစား ပြုပြင်ရန် တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးမှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ရွှေနန်းတော်ဆိုင်ရာ ဘဏ္ဍာငွေမှာ လက်ရှိတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်တွင် ရှိနေသေးကြောင်း၊ အဆိုပါ ရွှေနန်းတော် အဆင့် မြှင့်တင်ရန် ခန့်မှန်း ကုန်ကျစရိတ်များ တွက်ချက်ပြီး ပါက ကော်မတီ တစ်ရပ် ဖွဲ့စည်းကာ တင်ဒါ ခေါ်ယူရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန် ရှိသူက ဆိုသည်။

ယခင်က မြနန်းစံကျော် ရွှေနန်းတော်အတွင်း နန်းဝတ်နန်းစားများ ဝတ်ဆင် ကာ အမှတ်တရ ဓာတ်ပုံ ရိုက်နိုင်ကြောင်း၊ အဆိုပါ အဆင့် မြှင့်တင်ရေး လုပ်ငန်းအတွက် ၂၀၁၂ ခုနှစ် ကတည်းက တင်ဒါ ခေါ်ယူမှုများ ရှိခဲ့ကြောင်း၊ အဆိုပါ မြနန်းစံကျော် အပါအဝင် ကျုံးပတ်ဝန်းကျင်ရှိ ရှေးဟောင်း အမွေအနှစ်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ယခုနှစ် မေလခန့်တွင် လွှဲပြောင်းပေးခဲ့ပြီး နောက်တွင် အဆိုပါ တင်ဒါ ကိစ္စများအား တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) တာဝန်ရှိသူထံမှ သိရသည်။

မြနန်းစံကျော် ရွှေနန်းတော်အတွင်း ဝင်ထွက်ရ လွယ်ကူရန် ပထမ ပြုလုပ်ပေးသင့်ပြီး၊ အိမ်သာများလည်း ထားရှိပေးသင့်ကြောင်း၊ ယခင်ကဲ့သို့ အမှတ်တရ ပစ္စည်းများနှင့် နန်းဝတ်နန်းစားများ ဝတ်ဆင်၍ မှတ်တမ်း ဓာတ်ပုံများ ရိုက်ခွင့်ပြုပါက ပိုမို ဆွဲဆောင်မှု ရှိလာနိုင်ကြောင်း မန္တလေးမြို့ အခြေစိုက် ဧည့်လမ်းညွှန် တစ်ဦးက ဆိုသည်။

The Voice Weekly
မြန်မာဘုရင်များ နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ မန္တလေးမြို့ နန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြီးစားပြုပြင်ရန် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူက ဆိုသည်။
အဆိုပါ ရွှေနန်းတော်ဆိုင်ရာ ဘဏ္ဍာငွေမှာ လက်ရှိတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်တွင် ရှိနေသေးကြောင်း၊ အဆိုပါ ရွှေနန်းတော် အဆင့် မြှင့်တင်ရန် ခန့်မှန်း ကုန်ကျစရိတ်များ တွက်ချက်ပြီး ပါက ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တင်ဒါခေါ်ယူရန်စီစဉ်ထားကြောင်း အဆိုပါတာဝန် ရှိသူကဆိုသည်။

ယခင်က မြနန်းစံကျော် ရွှေနန်းတော်အတွင်း နန်းဝတ်နန်းစားများ ဝတ်ဆင် ကာ အမှတ်တရ ဓာတ်ပုံ ရိုက်နိုင်ကြောင်း၊ အဆိုပါအဆင့် မြှင့်တင်ရေးလုပ်ငန်းအတွက် ၂၀၁၂ ခုနှစ် ကတည်းက တင်ဒါ ခေါ်ယူမှု များ ရှိခဲ့ကြောင်း၊ အဆိုပါ မြနန်းစံကျော် အပါအဝင် ကျုံးပတ်ဝန်းကျင်ရှိ ရှေးဟောင်း အမွေအနှစ်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ယခုနှစ် မေလခန့်တွင် လွှဲပြောင်းပေးခဲ့ပြီး နောက်တွင် အဆိုပါ တင်ဒါ ကိစ္စများအား တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) တာဝန်ရှိသူထံမှ သိရသည်။

မြနန်းစံကျော် ရွှေနန်းတော်အတွင်း ဝင်ထွက်ရ လွယ်ကူရန် ပထမ ပြုလုပ်ပေးသင့်ပြီး၊ အိမ်သာများလည်း ထားရှိပေးသင့်ကြောင်း၊ ယခင်ကဲ့သို့ အမှတ်တရပစ္စည်းများနှင့် နန်းဝတ်နန်းစားများ ဝတ်ဆင်၍ မှတ် တမ်း ဓာတ်ပုံများ ရိုက်ခွင့်ပြုပါက ပိုမို ဆွဲဆောင်မှု ရှိလာနိုင်ကြောင်း မန္တလေးမြို့ အခြေစိုက် ဧည့် လမ်းညွှန် တစ်ဦးက ဆိုသည်။
The Voice Weekly

No comments:

Post a Comment