Monday 29 July 2013

ဘုရားဖူး စေလွှတ်ရေး ဆိုင်ရာ လုပ်ငန်း များတွင် ချုပ်ကိုင်ခြင်း ပြုလုပ်တော့ မည် မဟုတ်ကြောင်း သာသနာရေး ၀န်ကြီးဌာ နမှ ရှင်းလင်းပွဲပြုလုပ်

7.28.19
သာသနာရေး ၀န်ကြီးဌာန ဒုတိဝန်ကြီး ဦးစိုးဝင်းမှ ရှင်းလင်းနေစဉ်
ဗုဒ္ခဂယာနှင့် နီပေါသို့ ဘုရားဖူး စေလွှတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ချုပ်ကိုင်ခြင်း ပြုလုပ်တော့မည် မဟုတ်ကြောင်း သာသနာရေး ၀န်ကြီးဌာနမှ ဦးစီး၍ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းရှင်းလင်းပွဲကို ဇူလိုင် ၂၈ ရက်က ရန်ကုန်မြို့ရှိ ဇဗ္ဗူသီရိဗိမာန်တွင် သာသနာရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးစိုးဝင်းမှ ဦးစီး၍ ရှင်းလင်းခဲ့ခြင်းဖြစ် သည်။

ယခင်ကဗုဒ္ခဂယာသို့ ဘုရားဖူးစေလွှတ်ရေးအဖွဲ့ကို သာသနာရေးဝန်ကြီးဌာနမှ လုပ်ကိုင်ခွင့် ပေး ထားသော အဖွဲ့ငါးဖွဲ့သာ လုပ်ကိုင်ခွင့် ရရှိခဲ့ရာမှ ယခုနှစ် နှစ်လယ်ပိုင်းတွင် ဗုဒ္ခဂယာဘုရားဖူး စေလွှတ်ရန် စိတ်ဝင်စားသည့် အခြားခရီးသွား လုပ်ငန်းများကိုခွင့်ပြုခဲ့ကြောင်း ယင်းရှင်းလင်းပွဲတွင် တာဝန်ရှိသူ များ၏ ပြောကြားချက်အရ သိရသည်။

သာသနာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးသိန်းက''ကျွန်တော်တို့ ဗုဒ္ခဂယာ ဘုရားဖူးစေလွှတ်တဲ့ လုပ်ငန်းတွေကို ချုပ်ကိုင်ခြင်း၊ ထိန်းချုပ်ခြင်း မပြုတော့ဘဲ ကုမ္ပဏီများကနေ ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတွေ ကနေ လွတ်လွတ်လပ်လပ်နဲ့ လုပ်ပါလို့ ပြောကြားထားပြီးပါပြီ'' ဟု ပြောကြားသည်။

ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ဘုရားဖူး လုပ်ငန်း များတွင် ကူညီမှုများသာ ဆောင်ရွက် သွားတော့ မည် ဖြစ်ကြောင်း သာသနာရေး ၀န်ကြီးဌာန ဒုဝန်ကြီးမှ ဆက်လက် ပြောကြားသည်။

ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ဘုရားဖူးကုမ္ပဏီမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဗုဒ္ခဂယာ တွင် ဘုရားဖူးသွားရောက်သူများအနေဖြင့် တည်းခိုနေထိုင်ရန် အခတ်အခဲများရှိနေခြင်း၊ ပတ်စ်ပို့ လျှောက် ထားရာတွင် အချို့မှာအခက်အခဲ ရှိနေခြင်းနှင့် ဘုရားဖူးများ ဗီဇာကင်းလွတ်ခွင့်ရရှိရေးတို့အတွက် ကူညီဆောင်ရွက်မှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း သာသာနာရေး ၀န်ကြီးဌာန ဒုဝန်ကြီးထံမှ သိရသည်။

ယင်းသို့ ကူညီမှုများ ပြုလုပ်ရန် အတွက် မေ ၂၂ ရက်က ဗုဒ္ခဂယာ ဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော် မတီနှင့် လုပ်ငန်းကော်မတီတို့အား သာသနာရေးရာဝန်ကြီးဌာနမှတရားဝင် ဖွဲ့စည်းပေးခဲ့ကြောင်း သိရ သည်။

သာသနာရေး ၀န်ကြီးဌာနမှ ချုပ်ကိုင်မှု မပြုတော့သည့် အချိန်မှစ၍ ဗုဒ္ခဂယာ ဘုရားဖူးလုပ်ငန်း လုပ်ကိုင်ရန် အတွက် ဘုရားဖူးစေလွှတ်ရေး ကြီးကြပ်ရေး ကော်မတီသို့ လျောက်ထားသည်မှာ ခရီးသွားလုပ်ငန်း ၈၄ ဖွဲ့အထိ ရှိသွားပြီးဖြစ်ပြီး ထပ်မံ၍ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Eleven Media Group

No comments:

Post a Comment