Monday 29 July 2013

အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ဥပဒေကြမ်း ကော် မတီနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ တွေ့ဆုံ မှုနှင့် ပတ်သက် ၍ ဇူလိုင် ၂၈ ရက်တွင် သတင်းစာ ရှင်းလင်း ပွဲပြုလုပ်

7.29.21
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်နေစဉ်
အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြညိမ်း၊ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်တီနှင့် မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ)တို့ ဇွန် ၂၄ ရက်က နေပြည်တော်လွှတ်တော်တွင် တွေ့ဆုံခဲ့မှုများနှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီ(ယာယီ)က ဇူလိုင် ၂၈ ရက်က ရန်ကုန်မြို့ရှိ စာနယ်ဇင်းကောင်စီ ရုံးခန်းတွင် သတင်း စာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ စာနယ်ဇင်း ကောင်စီဥက္ကဋ္ဌ ဦးခင်မောင်အေး၊ အတွင်းရေးမှူး ဦးကျော် မင်းဆွေနှင့် အဖွဲ့ဝင်များ တက်ရောက်ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အနေဖြင့် သတင်းမီဒီယာဥပဒေကြမ်းကို ရေးဆွဲခြင်းမှာ စာနယ် ဇင်း သမားများအတွက်သာမက ပြည်သူအားလုံးအတွက် ရည်ရွယ်ရေးဆွဲ ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ဥပဒေ ကို ရေးဆွဲခြင်းမှာ မိမိတို့၏သမိုင်းသာဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ပြင်ဆင်လိုသည့် အချက်များ ကို ပြင်ဆင်ပါက ယင်းတို့၏ သမိုင်းသာ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွှတ်တော်၏ အဆုံးအဖြတ် ကိုသာ ရယူမည် ဖြစ်ကြောင်း အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်း အား အမျိုးသားလွှတ်တော်သို့ ဆွေးနွေးရန် ရောက်ရှိလာပါက စာနယ်ဇင်းသမားများ၏ လိုလားချက် များနှင့် ကိုက်ညီမှုရှိစေရန် ဆွေးနွေးတင်ပြသွားမည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ကတိပြု ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ ဦးဇော်သက်ထွေးက ပြောပါ သည်။

ယင်းသို့ တွေ့ဆုံစဉ် ဥပဒေကြမ်းပါ မှတ်ပုံတင် အရာရှိမှာ ၀န်ကြီးဌာန မှ ဖြစ်နေပြီး အာဏာများကို တစ်ဦးတည်း ချုပ်ကိုင်ခွင့် ရရှိနေခြင်းသည် ဒီမိုကရေစီနှင့် မကိုက်ညီဟု တင်ပြခဲ့ကြောင်းလည်း သိရသည်။

''ကျွန်တော်တို့ တင်ပြတဲ့အချက်ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော် မတီ တစ်ခုလုံးက လက်ခံကြ ပါတယ်။ ဒါပေမဲ့ ဒီအချက်တွေကို ပယ်ဖျက်ပေးပါမယ်လို့တော့ ကတိမပေးနိုင်ဘူး။ အမျိုးသား လွှတ်တော် ကို ရောက်လာတဲ့အခါ အတတ်နိုင်ဆုံး သူတို့တွေ အနေနဲ့ မီဒီယာသမားတွေရဲ့ ဆန္ဒနဲ့ လိုလားချက်တွေကို အဓိက ထောက်ပြဆွေးနွေး ပါမယ်ဆိုတဲ့ ကတိစကား ရရှိခဲ့ပါတယ်'' ဟု ဦးဇော်သက်ထွေး က ပြောကြား သည်။

စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲထားသော သတင်းမီဒီယာ ဥပဒေကြမ်းကို ၀န်ကြီးဌာန အပါအ၀င် ပါတီများကို ပေးပို့ ခဲ့ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီမှလွဲ၍ ကျန်ပါတီများမှာ လက်ခံခြင်း မရှိခဲ့ကြောင်း ဦးသီဟစောက ပြောပါသည်။

မူလက ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲသော ပုံနှိပ်နှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲသော သတင်းမီဒီယာ ဥပဒေကြမ်းတို့ကို ပြန်ကြားရေး ၀န်ကြီးဌာနမှ တစ်ဆင့် လွှတ်တော်သို့ တစ်ပြိုင်နက်တင်ပြရန် သဘောတူညီ ခဲ့သော်လည်း သတင်းမီဒီယာ ဥပဒေမှ အချက် ၁၇ ချက်ကို ပြန်လည်ပြင်ဆင်ရန် အကြောင်းကြားခဲ့ပြီးနောက် ပြန်ကြားရေး ၀န်ကြီးဌာနက ၎င်းတို့ ၏ ဥပဒေကြမ်း ဆောလျင်စွာ တင်ပြခဲ့ပြီး ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း အဖွဲ့ဝင် ဦးသီဟစောက ပြောကြားခဲ့သည်။

ပြန်ကြားရေး ၀န်ကြီးဌာန၏ ပြင်ဆင်လိုသည့် သတင်းမီဒီယာ ဥပဒေပါ အချက်များကို ပြင်ဆင်မည် မဟုတ် သည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ၎င်းတို့မှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းခွင့် မပြုတော့သောကြောင့် လွှတ်တော် ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းမည် ဖြစ်သော် လည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အဆုံးအစွန်ထိ ကန့်ကွက်သွားမည်ဟု ပြောဆို သည်မှာ ၎င်း၏ သဘောထားသာဖြစ်ပြီး မိမိတို့ အနေဖြင့် မိမိတို့ အလုပ်ကိုသာ ဆက်လက်လုပ်ဆောင် သွားမည်ဟု ဦးသီဟစောက သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန် လည် ဖြေကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment