Wednesday 12 June 2013

တာမွေမြို့နယ်တွင် ဆင်ဆာမဲ့ခွေနှင့် ခွေကူးစက်များဖမ်းဆီးရမိ

Photo: တာမွေမြို့နယ်တွင် ဆင်ဆာမဲ့ခွေနှင့် ခွေကူးစက်များဖမ်းဆီးရမိ
Wednesday, June 12, 2013

၁၂.၆.၂၀၁၃ ရက်နေ့၀၉၀၀အချိန် အရှေ့ပိုင်းခရိုင်၊ အထူးမူခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း ၍ တိုင်းဗွီဒီယိုအခြေခံအတွင်းရေးမှူး ဦးတင်မိုး၊ သက်သေများနှင့်
အတူ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အင်းဝလမ်း၊ တိုက်အမှတ်(၃၀)၊ ပထမထပ်၊ ခေါင်းရင်းခန်းတွင် ဆင်ဆာမဲ့ခွေများ ခိုးကူးနေကြောင်းသတင်းအရ ၀င်ရောက်ရှာဖွေရာ တိုက်အမှတ် (၃၀)၊ လှေကားအောက်ထပ်တွင် အဆိုပါတိုက် (ပထမထပ်)ခေါင်းရင်း ခန်းနေ ဥာဏ်မင်းထူး၊ (ဘ)ဦးသန့်ဇင်အား နိုင်ငံခြားဇာတ်လမ်းခိုးကူးခွေ
ဒီဗွီဒီ ၂၅၀၀ချပ်အား ကတ္ထူပုံး (၄)ပုံး မြွေရေခွံအိတ် (၂)လုံးတို့ဖြင့်ထည့် လျက် အတင်အချပြုလုပ်နေစဉ်တွေ့ရပြီး ဆက်လက်၍ ၄င်း၏နေအိမ်ခန်း အား ၀င်ရောက်ရှာဖွေခဲ့ရာ အိမ်ရှေ့ခန်းတွင် ကတ္ထူပုံး(၇)ပုံးဖြင့်ထည့်လျက်
ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်းခိုးကူးခွေ ဒီဗွီဒီ ၁၆၅၀ချပ်၊ နိုင်ငံခြားဇာတ်လမ်း မျိုးစုံ အယ်လ်ဘမ် ၁ခု၊ ကာဗာစာရွက် ၈၁၅ရွက်၊ရောင်စုံပလပ်စတစ်အိတ် ၆၄၀အိတ် တို့အားလည်းကောင်း၊ နေအိမ်နောက်ခန်းတွင်
ငြိမ်းချမ်းအောင်၊ (ဘ) ဦးကြည်ဝင်းအား View Sonic စာတမ်းပါ
Monitor (၁)လုံး၊ Liteon စာတမ်းပါ System Unit (၁)လုံး၊
ကီးဘုတ် (၁)ခု၊ မောက် (၁)ခု၊ ကာလာပရင်တာ(၃)လုံး၊
Vicopy စာတမ်း ပါ အခွေ (၁၀)ခွေကူးနိုင်သည့်ခွေကူးစက်(၇)လုံး၊
Ecopy စာတမ်းပါ အခွေ(၁၀)ခွေကူးနိုင်သည့် ခွေကူးစက် (၁)လုံး ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်း ခိုးကူးဒီဗွီဒီ (၉၀၀)ချပ်၊ ဒီဗွီဒီခွေလွတ် (၆၀၀)ချပ်ပါ ကတ္ထူပုံး (၃)ပုံး၊ ဒီဗွီဒီခွေအပျက်(၅၀၀)ချပ်၊
ရောင်စုံပလပ်စတစ်အိတ် (၁၃၀၀)၊ မာတိကာစာရွက် (၁၁)ရွက်၊ ဂဏန်းပေါင်းစက် (၁)လုံးတို့နှင့်အတူ ခိုးကူးနေစဉ်တွေ့ရှိသဖြင့် သိမ်းဆည်းပြီး ဥာဏ်မင်းထူးနှင့် ငြိမ်းချမ်းအောင်တို့အား
တာမွေမြို့မရဲစခန်း (ပ) ၂၃၈/၂၀၁၃၊ ဗွီဒီယိုဥပဒေပုဒ်မ ၃၂(က)(ခ)ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၂.၆.၂၀၁၃ ရက်နေ့၀၉၀၀အချိန် အရှေ့ပိုင်းခရိုင်၊ အထူးမူခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း ၍ တိုင်းဗွီဒီယိုအခြေခံအတွင်းရေးမှူး ဦးတင်မိုး၊ သက်သေများနှင့် အတူ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အင်းဝလမ်း၊ တိုက်အမှတ်(၃၀)၊

ပထမထပ်၊ ခေါင်းရင်းခန်း တွင် ဆင်ဆာမဲ့ခွေများ ခိုးကူးနေကြောင်းသတင်းအရ ၀င်ရောက်ရှာဖွေရာ တိုက်အမှတ် (၃၀)၊ လှေကားအောက်ထပ်တွင် အဆိုပါတိုက် (ပထမထပ်)ခေါင်းရင်း ခန်းနေ ဥာဏ်မင်းထူး၊ (ဘ)ဦးသန့်ဇင်အား နိုင်ငံခြားဇာတ်လမ်းခိုးကူးခွေ ဒီဗွီဒီ ၂၅၀၀ချပ် အား ကတ္ထူပုံး (၄)ပုံး မြွေရေခွံအိတ် (၂)လုံးတို့ဖြင့်ထည့် လျက် အတင်အချပြုလုပ်နေစဉ်တွေ့ရပြီး ဆက်လက်၍ ၄င်း၏နေအိမ်ခန်း အား ၀င်ရောက်ရှာဖွေခဲ့ရာ အိမ်ရှေ့ခန်းတွင် ကတ္ထူပုံး(၇)ပုံးဖြင့်ထည့်လျက် ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်း ခိုးကူးခွေ ဒီဗွီဒီ ၁၆၅၀ချပ်၊ နိုင်ငံခြားဇာတ်လမ်း မျိုးစုံ အယ်လ်ဘမ် ၁ခု၊ ကာဗာစာရွက် ၈၁၅ရွက်၊ရောင်စုံပလပ်စတစ်အိတ် ၆၄၀အိတ် တို့အားလည်းကောင်း၊ နေအိမ်နောက်ခန်းတွင် ငြိမ်းချမ်းအောင် ၊ (ဘ) ဦးကြည်ဝင်းအား View Sonic စာတမ်းပါ Monitor (၁)လုံး၊ Liteon စာတမ်းပါ System Unit (၁)လုံး၊ ကီးဘုတ် (၁)ခု၊ မောက် (၁)ခု၊ ကာလာပရင်တာ(၃)လုံး၊ Vicopy စာတမ်း ပါ အခွေ (၁၀)ခွေကူးနိုင်သည့်ခွေကူးစက်(၇)လုံး၊ Ecopy စာတမ်းပါ အခွေ(၁၀)ခွေကူးနိုင်သည့် ခွေကူးစက် (၁)လုံး ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်း ခိုးကူးဒီဗွီဒီ (၉၀၀)ချပ်၊ ဒီဗွီဒီခွေလွတ် (၆၀၀)ချပ်ပါ ကတ္ထူပုံး (၃)ပုံး၊ ဒီဗွီဒီခွေအပျက်(၅၀၀)ချပ်၊ ရောင်စုံပလပ်စတစ်အိတ် (၁၃၀၀)၊ မာတိကာစာရွက် (၁၁)ရွက်၊ ဂဏန်းပေါင်းစက် (၁)လုံးတို့နှင့်အတူ ခိုးကူးနေစဉ်တွေ့ရှိသဖြင့် သိမ်းဆည်းပြီး ဥာဏ်မင်းထူးနှင့် ငြိမ်းချမ်းအောင်တို့အား တာမွေမြို့မရဲစခန်း (ပ) ၂၃၈/၂၀၁၃၊ ဗွီဒီယိုဥပဒေပုဒ်မ ၃၂(က)(ခ)ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


No comments:

Post a Comment