Wednesday 12 June 2013

ဘုရင့်နောင်တံတားပေါ်မှ အမျိုးသမီးတစ်ဦးရေထဲခုန်ချ

၁၁.၆.၂၀၁၃ရက်နေ့ ၁၇၁၀အချိန်အတွင် လှိုင်သာယာမြို့နယ် ဘုရင့်နောင် တံတားဟောင်း ရေလယ်တိုင် အမှတ် (၄)နှင့် (၅)ကြားမှ အမျိုးသမီး ငယ်တစ်ဦး ရေထဲခုန်ချခဲ့ရာ တံတားသစ်စီမံကိန်း ဆောင်ရွက်လျက် ရှိ သည့် ဇက်ရေယာဉ်အမှတ် (၁၁၀) ပြည်တွင်းရေကြောင်း ပိုင် ရေယာဉ်ပေါ်တွင် ရှိနေသူ ဦးချမ်းမြေ့သော် (စက်ကိုင်)မှ တွေ့မြင်သဖြင့် ဆယ်ယူ ကယ်တင် ခဲ့ပါသည်။

အဆိုပါအမျိုးသမီးငယ်အား မေးမြန်းရာဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ မြို့နယ်၊ သူဌေးကုန်းရွာနေ မ---၊(၂၀)နှစ်ဖြစ်ကြောင်း၊ ၄င်းမှာ လွန်ခဲ့သော (၃)ရက်ခန့်က လှိုင်သာယာမြို့နယ်သို့ ပြောင်းရွှေ့နေထိုင် ကာ အလုပ်လုပ် ကိုင် နေသူဖြစ်ကြောင်း၊ အကြွေး(၁၀)သိန်းခန့် ပေးဆပ်ရန်ရှိသဖြင့် စိတ်ညစ်ပြီး ရေထဲသို့ ခုန်ချခဲ့ ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

မ----အား လှိုင်သာယာဆေးရုံတွင် တင်ပို့ကုသမှု ခံယူစေလျက်ရှိပြီး ဥပဒေအရအရေးယူဆောင်ရွက်သွား မည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။
Yangon Police

No comments:

Post a Comment