Saturday 1 June 2013

ပိုကယ် လ်ဖလား ဗိုလ်လုပွဲ အပေါ် အာရုံစိုက် ထားရန် အသင်းဖော် များအား ရော်ဘင် တိုက်တွန်း

ပိုကယ်လ်ဖလား ဗိုလ်လုပွဲအပေါ် အာရုံစိုက်ထားရန် အသင်းဖော်များအား ရော်ဘင်တိုက်တွန်း 
ချန်ပီယံလိဂ် ဖလားရရှိခဲ့သည့် ဘိုင်ယန်မြူနစ် အသင်း၏ တောင်ပံ ကစားသမား ရော်ဘင်မှ လာမည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင် ကစားရန် ရှိနေသည့် ပိုကယ်လ်ဖလား ဗိုလ်လုပွဲစဉ် အပေါ် အာရုံစိုက် ထားရန် အသင်း ဖော်များအား တိုက်တွန်း ပြောဆို ခဲ့သည်။ 
ဘွန်းဒက်စ်လီဂါ ဆုဖလား နှင့် ချန်ပီယံလိဂ် ဆုဖလား တို့ကို ရယူထားနိုင်ခဲ့သည့် ဘိုင်ယန် အသင်းသည် ပိုကယ်လ် ဖလား ဗိုလ်လုပွဲစဉ် အဖြစ် စတုဂတ် အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကာ အောင်ပွဲရရှိ ခဲ့ပါက သမိုင်းဝင် အောင်မြင်မှု တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ရော်ဘင်မှ ပြိုင်ဘက် စတုတ်ဂတ် အသင်းပေါ် လျော့မတွက် ရန်နှင့် အောင်မြင်မှုများက သူ့အလိုလို ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း အသင်းဖော် များကို သတိပေး ပြောဆို ခဲ့သည်။

YOYARLAY


No comments:

Post a Comment