Saturday 1 June 2013

KIO ကိုယ်စားလှယ်အဖွဲ့ လိုင်ဇာသို့အပြန် ဆန္ဒပြခံရ

Photo: KIO ကိုယ်စားလှယ်အဖွဲ့ လိုင်ဇာသို့အပြန် ဆန္ဒပြခံရ
Saturday, June 1, 2013

ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့သော ဗိုလ်ချုပ် ဂွမ်မော်ဦးဆောင်သော KIO ကိုယ် စားလှယ်အဖွဲ့သည် မြစ်ကြီးနားမြို့မှ လိုင်ဇာမြို့သို့ ထွက်ခွာခဲ့ရာ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ၀ိုင်းမော်မြို့သို့ KIO ယာဉ်တန်း ဖြတ်သန်းစဉ် ဒေသခံရှမ်းလူမျိုး ၂၀၀ ဦးခန့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

ဒေသခံတိုင်းရင်းသားလူမျိုးများအနေဖြင့် `` စိုက်ပျိုမြေများတွင် ထောင်ထားသော မိုင်းများကို ဖြန်ဖော်ပေးပါ၊ ဖမ်းဆီးခံ ထား ရသောတိုင်းရင်းသားများကို ပြန်လွှတ်ပေးပါ၊ အပစ်အခတ်ရပ်စဲရေး အမြန်လက်မှတ်ရေးထိုးပါ၊ ငြိမ်းချမ်းရေးအဖွဲ့ ကျန်းပါစေ၊ ရှမ်းမျိုးနွယ်စုများရဲ့ လူ့အခွင့်အရေးကို လေးစားပါ၊ တစ်ဖက်စောင်းနင်းခွဲခြားဆက်ဆံမှုမှ ရှောင်ကြဉ်ပါ၊ စစ်အရှိန်လျော့ချရေးမှ စစ်ပွဲလုံးဝရပ်တန့်ပါ၊ စစ်ပွဲလုံးဝ(လုံးဝ) အလိုမရှိ၊ တစ်ပြည်နယ်လုံး ငြိမ်းချမ်းပါစေ၊ အကြောက် တရားကင်းစွာ လယ်လုပ်ခွင့်ပြုပေးပါ၊ စစ်သားအဖြစ် စုဆောင်းခံထားရသော တိုင်းရင်းသားများကို အမြန်လွှတ်ပေး ပါ´´စသည့်အချက်(၉)ချက်ကို ဆောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် KIA အဖွဲ့အနေဖြင့် ကချင်ပြည်နယ်တွင် နေထိုင်ကြသော ရှမ်းလူမျိုးများအား လူ့အခွင့် အရေးချိုးဖောက်ခြင်း အတင်းအဓမ္မအနိုင်ကျင့်ခြင်း၊ လူသစ်များ စုဆောင်းခြင်းတို့ရှိကြောင်း ကချင် ပြည်နယ်ဒေသခံရှမ်းနီရှမ်းမျိုးများ ကြေငြာချက်တွင် မကြာခဏ တွေ့ရှိရသည်။
ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့သော ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်သော KIO ကိုယ် စားလှယ်အဖွဲ့သည် မြစ်ကြီးနားမြို့မှ လိုင်ဇာမြို့သို့ ထွက်ခွာခဲ့ရာ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ၀ိုင်းမော်မြို့သို့ KIO ယာဉ်တန်း ဖြတ်သန်းစဉ် ဒေသခံရှမ်းလူမျိုး ၂၀၀ ဦးခန့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။ ဒေသခံတိုင်းရင်းသားလူမျိုးများအနေဖြင့် `` စိုက်ပျိုမြေများတွင် ထောင်ထားသော မိုင်းများကို ဖြန်ဖော်ပေး ပါ၊ ဖမ်းဆီးခံ ထား ရသောတိုင်းရင်းသားများကို ပြန်လွှတ်ပေးပါ၊ အပစ်အခတ်ရပ်စဲရေး အမြန်လက်မှတ်ရေး ထိုးပါ၊ ငြိမ်းချမ်းရေးအဖွဲ့ ကျန်းပါစေ၊ ရှမ်းမျိုးနွယ်စုများရဲ့ လူ့အခွင့်အရေးကို လေးစားပါ၊ တစ်ဖက်စောင်းနင်းခွဲခြားဆက်ဆံမှုမှ ရှောင်ကြဉ်ပါ၊ စစ်အရှိန်လျော့ချရေးမှ စစ်ပွဲလုံးဝရပ်တန့်ပါ၊ စစ်ပွဲလုံးဝ (လုံးဝ) အလိုမရှိ၊ တစ်ပြည်နယ်လုံး ငြိမ်းချမ်းပါစေ၊ အကြောက် တရားကင်းစွာ လယ်လုပ်ခွင့်ပြုပေးပါ၊ စစ်သားအဖြစ် စုဆောင်းခံထားရသော တိုင်းရင်းသားများကို အမြန်လွှတ်ပေး ပါ´´စသည့်အချက်(၉)ချက် ကို ဆောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် KIA အဖွဲ့အနေဖြင့် ကချင်ပြည်နယ် တွင် နေထိုင် ကြသော ရှမ်းလူမျိုးများအား လူ့အခွင့် အရေးချိုးဖောက်ခြင်း အတင်းအဓမ္မအနိုင်ကျင့်ခြင်း၊ လူသစ်များ စုဆောင်းခြင်းတို့ရှိကြောင်း ကချင် ပြည်နယ်ဒေသခံရှမ်းနီရှမ်းမျိုးများ ကြေငြာချက်တွင် မကြာခဏ တွေ့ရှိ ရသည်။

No comments:

Post a Comment