Saturday 4 May 2013

ကလော ရွှေတွင်း ထဲမှာ ပိတ်မိနေသူ တွေရှိနေသေး


မေလ ၂ရက်နေ့ဖြစ်ပွားခဲ့တဲ့ မိုးသည်းထန်စွာရာသွန်းမှု လေပြင်းမုန်တိုင်းတိုက်ခတ်မူ ကြောင့်ကလောမြို့နဲ့ ၁၆မိုင်ကွာ ရှိ ဂိုးစတား ရွှေတွင်း ပြိုကျခဲ့ရာမှာ လူပေါင်း လေးဆယ် ခန့် ၀င်ရောက်အလုပ်လုပ်ကိုင်နေရာ ၃ဦးကို အသက်ရှင် လျက်နဲ့ပြန်လည်တွေ့ရှိရပြီးသေဆုံး သူတစ်ဦးရဲ့ အလောင်းကို တူးဖော် ရရှိထားတယ်လို့သိရပါတယ်။
ကလောမြို့ခံ မိုင်တွင်းလုပ်သားတစ်ဦးဖြစ်တဲ့ ဦးထွန်းလွင်က “ ရွှေတွင်းပေ ၃၀၀လောက် နက်တယ်။ မနေ့ကက တူးတာ ပေ ၁၅၀ ပဲရသေးတယ် ။အထဲမှာ ၃၀ကျော်လောက်ကျန်နေသေးတယ်။ ကုမ္မဏီက တာဝန်ရှိသူတွေရော ဒေသဆိုင်ရာအာဏာပိုင်တွေပါ ပူးပေါင်းပြီး ပိတ်မိနေသူတွေကိုကယ်ဖို့ ကြိုးစားနေတယ်” လို့ပြောပါတယ်။

Author
နန်းလွင်

No comments:

Post a Comment