Saturday 4 May 2013

ပြည်သူ့စစ်အဖွဲ့ သယ်ဆောင်လာသော ကျောက်စိမ်းများ မူဆယ်တွင်ဖမ်းမိ

ငြိမ်းချမ်းရေးယူထားသော ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့သယ်ဆောင်လာသော ကျပ်သိန်း ၆၀၀ ကျော် တန်ဖိုး ရှိသည့် ကျောက်စိမ်းအရိုင်းတုံးများကို တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူဆယ်-မန္တလေး လမ်းကြောင်းရွေ့လျားစစ်ဆေးရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူရ က ပြောကြားသည်။

အဆိုပါ ပြည်သူ့စစ်အဖွဲ့ သယ်ဆောင်လာသည့် ကျောက်စိမ်းများကို ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်အတွင်း ကျောက်စိမ်း အရိုင်းတုံး ၉၁၉ ကီလိုဂရမ်နှင့် ကျောက်စိမ်းလက်ကောက် အကြမ်းအကွင်း ၃၀၀၀၊ ကျောက်စိမ်းဖြတ်စ ၁၀၉ ကီလိုဂရမ် တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ၄င်းကဆိုသည်။

အဆိုပါဖမ်းဆီးရမိသည့်ကျောက်စိမ်းများ၏တန်ဖိုးမှာ ကျပ် ၆၅၉ သိန်းကျော် တန်ဖိုးရှိပြီး မြန်မာနိုင်ငံတွင် သွားလာရေး အဆင်ပြေရန်အတွက် ယခင်အစိုးရလက်ထက်က ကျေးရွာချင်းဆက်၊ ခရိုင်ချင်း ဆက်လမ်း များ ဖောက်လုပ်ခဲ့ရာ ယင်းလမ်းများကို တရားမဝင်ကုန်သွယ်သူများ က မော်ဒယ်လ်မြင့် မော်တော်ယာဉ် များကိုအသုံးပြု၍ မှောင်ခိုရှောင်ကွင်းလမ်းများအဖြစ် အသုံးပြုလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

The Voice Weekly

No comments:

Post a Comment