Saturday 4 May 2013

စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကရင်ပြည်နယ် ၊မြဝတီမြို့နယ်မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင် များသည် ဧပြီလ (၂၉) ရက်နေ့၊ မွန်းတည့်(၁၂)နာရီအချိန်တွင် မူးယစ်ဆေးဝါးသတင်းအရသက်သေများနှင့် အတူမြဝတီမြို့၊ အမှတ်(၄)ရပ်ကွက် ၊ငွေစင်္ကြာဟိုတယ်၊ အခန်းအမှတ်(၀၀၂)ကို ဝင်ရောက်ရှာဖွေရာမြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ငှက်ပျောတော ရွာနေ စိုးဝင်း(၃၀)နှစ်ကို၎င်းလွယ်ထားသောလွယ်အိတ်အတွင်းမှကြွပ်ကြွပ်အိတ်(၂)ထပ်ဖြင့်ထုတ်ထားသော အပြာရောင်ကပ်ခွာအိတ်(၄)အိတ်အတွင်းမှ WYစာတမ်းပါပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား (၇၈၆)ပြား၊ အလေးချိန်(၇၈.၆)ဂရမ်၊ တန်ဖိုးငွေကျပ် (၂၃)သိန်း(၅၈၀၀၀)၊ မူးယစ်ဆေးရောင်းရငွေ ကျပ်(၆၀၅၀၀)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သေည့်အတွက် စိုးဝင်းကိုမြဝတီမြို့မရဲစခန်းက(မယ(ပ)၁၉/၂၀၁၃)၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ(၁၅)/(၁၉)(က)/(၂၀)(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။
  
SkyNet TV Browser
 

No comments:

Post a Comment