Friday 3 May 2013

အမေရိကန် နိုင်ငံမှ ခေတ်အမီဆုံး ဒုံးခွင်းဒုံးများ ဝယ်ယူရန် တောင်ကိုရီးယား စီစဉ်

ဆိုးလ်   မေ     ၂
တောင်ကိုရီးယား နိုင်ငံ ပူးတွဲ စစ်ဦးစီးချုပ်များ အဖွဲ့သည် Aegis သင်္ဘောများတွင် တပ်ဆင်ရန် အတွက် အမေရိကန်လုပ် SM-3 ဒုံးခွင်းဒုံးများ ဝယ်ယူရန် ရေတပ်ထံမှ ထောက်ခံ အကြံပြုချက် တစ်ရပ်ကို လက်ခံ ရရှိခဲ့ကြောင်း မေ ၂ ရက်တွင် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
SM-3 ဒုံးခွင်းဒုံးသည် လက်ရှိအသုံးပြုနေသော မြေပြင်အခြေစိုက် PAC-3 ဒုံးပျံများထက် ပိုမို ထိရောက် မှုရှိပြီး ပင်လယ်ရေ မျက်နှာပြင် အထက်အမြင့် ၁၅ဝ ကီလိုမီတာမှ ဝင်ရောက်လာသော ရန်သူ့ ပဲ့ထိန်း ဒုံးပျံအား ကြားဖြတ် တိုက်ခိုက်နိုင်စွမ်း ရှိပြီး  ၄င်းသည် မြောက်ကိုရီးယား နိုင်ငံ၏ Scud သို့မဟုတ် Rodong ဒုံးပျံများကို ကြားဖြတ် တိုက်ခိုက်ရန် အချိန် ၅ စက္ကန့်နှင့် ၇ စက္ကန့်အတွင်း ပစ်လွှတ်နိုင်သည့် အတွက်ကြောင့် အဆိုပါ SM-3 ဒုံးပျံများကို ဝယ်ယူရန် ရေတပ်ကအကြံပြုခဲ့ခြင်း ဖြစ်သည်။ SM-3 ဒုံးပျံများအား အဆင့်မြှင့်တင်ထားသည့် Aegis သင်္ဘောများတွင် တပ်ဆင်သွားဖွယ် ရှိကြောင်း ၊ တောင် ကိုရီးယား နိုင်ငံတွင် PAC-2 ပက်ထရီးယော့ ဒုံးပျံများကို အဆင့်မြှင့် တင်ထားသည့် ဒုံးပျံမျိုးသာ ရှိသဖြင့် ပိုမို အဆင့်မြင့်မားသည့် ပုံစံကွဲရရှိ ပိုင်ဆိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း တောင်ကိုရီးယား အစိုးရက ပြော ကြားခဲ့သည်။ SM-3 ဒုံးပျံ တစ်စင်းသည် ဝမ် ၁၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၃၆ ဒသမ ၃ သန်း) ကုန်ကျပြီး PAC-3 ဒုံးပျံထက် ခုနှစ်ဆတန်ဖိုးမြင့်မားသည်။ တောင်ကိုရီးယား နိုင်ငံအနေဖြင့် အမေရိကန် နိုင်ငံနှင့် ဒုံးခွင်း ဒုံးစနစ်တွင် ပူးပေါင်း ဆောင်ရွက်ခြင်း ထက် မြောက်ကိုရီးယား နိုင်ငံဘက်မှ ပဲ့ထိန်းဒုံးပျံ ခြိမ်းခြောက်မှုကို ကိုယ်ပိုင်ကာကွယ်ရေးစနစ်ဖြင့် ဟန့်တားကာကွယ်နိုင်ရေး တွန်း အားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
From...မြ၀တီ

No comments:

Post a Comment