Friday 3 May 2013

တောင်တွင်းကြီး ကုက္ကိုလ်စုရွာတွင် မိုးသက်လေပြင်းကြောင့် ဘုန်းကြီးကျောင်း စာသင်ကျောင်း နှင့် လူနေအိမ် အများအပြား ပျက်ဆီး.

ယနေ့နေ့လည် ၂ နာရီ ခွဲခန့်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကုက္ကိုဝကျေးရွာအုပ်စု ကုက္ကိုစုကျေးရွာ အရှေ့စု တွင် မိုးသက်လေပြင်းတိုက်ခတ်ကာ ဇေယျသိဒ္ဓိဘုန်းကြီးကျောင်း အနောက် ဖက်ခြမ်း အခန်းရေ ၇ ခန်းရှိ သွပ်အချပ် ၁၃၀ ခန့်လွင့်ပါပျက်စီး ကာ ဒိုင်း ၂၅ ချောင်း မျှား အချောင်း ၄၀ ခန့် ကျိုးပဲ့ပျက် စီးသွားပြီး ကုက္ကိုစုကျေးရွာ အထက(ခွဲ)ရှိ ပေလေးပင် ကျောင်းဆောင်နှင့် ဗိသနိုးကျောင်းဆောင် ရှိ သွပ် ၂၀၄ ချပ်လွင့်ပါပျက်စီးကာ ဒိုင်းမျှား ၅၁ ချောင်းပျက်စီးသွားကြောင်းသိရသည်။

အလားတူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် သွပ် ၁၆ ချပ်ခန့် လွင့်ပါပျက်ဆီး ကာ ဒိုင်းမျှား ၄ ချောင်းပျက်စီး သွား ပြီး ကုက္ကိုစုကျေးရွာ အနောက်စုရှိ အမက -၂ ကျောင်းတွင် ခေါင်မိုးတခြမ်း အမိုးလန်သွားကာ သွပ် ၄၀ ခန့်လွင့်ပါပျက်စီး ကာ ကုက္ကိုဝရွာတွငိ နေအိမ် ၇ လုံးပြိုကျပျက်စီးကာ အမိုးလန်သွားသော နေအိမ် ၈၀ ခန့်ရှိကြောင်း ပရပ်ကြယ်ကျေးရွာတွင်လည်း နေအိမ် ၃လုံးခန့် အမိုးအကာ များပျက်စီး သွားကြောင်း တောင်တွင်းကြီးသတင်းထောက် ဟင်္သာ(တောင် တွင်းကြီး) ကသတင်းပေးပို့သည်/

The Hot News

No comments:

Post a Comment