Friday 3 May 2013

၁၀ မိနစ်အတွင်း သုံးဂိုးသွင်းပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့ ချဲလ်ဆီး

၁၀ မိနစ်အတွင်း သုံးဂိုးသွင်းပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့ ချဲလ်ဆီး
====================================
Friday, May 03, 2013

မနှစ်ကချန်ပီယံလိဂ်ဖလားအား သိမ်းပိုက်နိုင်ခဲ့သည့်ချဲလ်ဆီးအသင်းသည် ယခုနှစ်ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအ ကျော့တွင် ဘေဆယ်လ်အသင်းအား ၃-၁ ဖြင့်အနိုင်ရရှိခဲ့ပြီးနှစ်ကျော့ပေါင်းရလဒ် ၅-၂ ဖြင့်ဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့ပြီဖြစ်သည်။

ပထမအကျော့ဘေဆယ်လ်အသင်း၏ အိမ်ကွင်းတွင် ၁-၂ ဖြင့်အနိုင်ရရှိခဲ့သောချဲလ်ဆီးအသင်းသည် ယခုပွဲစဉ်တွင်တိုက်စစ်၌တောရက်စ် အားအထောင်ထား ခဲ့ပြီး ဟာ့ဒ်ဇက်၊ လမ်းပတ်၊ မော့ဆက်၊ ရာမီးရက်စ်၊ ဒေးဗစ်လူးဝစ္စ၊ ကာဟေးလ်၊ အိုင်ဗန်နိုဗစ်၊ ပီတာဆက်ခ်ျ အစရှိသောကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။ ဘေဆယ်လ်အသင်းတွင် စတယ်လ်လာ၊ စတော့ကာ၊ ဖရိုင်း၊ ဆက်ချာ အစရှိသောအဓိက ကစားသမားများဖြင့်ချဲလ်ဆီးအသင်းအား ပြန်လည်ရင်ဆိုင်ခဲ့သည်။ အိမ်ရှင်ချဲလ်ဆီးအ သင်းသည်ပွဲစသည်နှင့် ဘေဆယ်လ်အသင်းအပေါ် ဖိကစားခဲ့ပြီး လမ်းပတ်၊ တောရက်စ်၊ ရာမီးရက်စ် တို့၏ကန်သွင်း ချက်များအား ဘေဆယ်လ်အသင်းဂိုးသမား ဆမ်မာ ကာကွယ်နိုင်ခဲ့၍သာစောစီးစွာ ဂိုးမရခဲ့ခြင်းဖြစ်သည်။

သို့သော် ဘေဆယ်လ်အသင်းသည် ပွဲချိန်ကြာလာသည်နှင့် အသင်းလိုက်စုစည်းမှုအားကောင်းလာခဲ့ပြီး ပထမပိုင်းပြီးဆုံးကာနီး နာကျင်အချိန်ပိုအရောက်တွင် တောင်ပံကစားသမား မိုဟာမက်ဆာလာ့ဟ် ကလူကျွံထောင်ချောက်အားကျော်ဖြတ်ပြီး ဘေဆယ်လ်အသင်းအတွက် ဦးဆောင်ဂိုးရယူခဲ့ပြီးပထမပိုင်း ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်းပြန်စသည်နှင့် ချေပဂိုးပြန် လည်ရယူနိုင်ရန်အတွက် ချဲလ်ဆီးအသင်းမှပိုမိုဖိကစားလာခဲ့ပြီးမိနစ် ၅၀ တွင်တောရက်စ်၊ ၅၂ မိနစ်တွင် မော့ဆက်စ်၊ ၅၉ မိနစ်တွင်ဒေးဗစ်လူးဝစ္စ တို့မှချဲလ်ဆီးအသင်းအတွက် အသီးသီးဂိုးများသွင်းယူခဲ့ပြီးနောက် ပွဲပြီးဆုံးချိန်တွင် ၃-၁ ဖြင့်ချဲလ်ဆီးအသင်းအနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့တက်ရောက်သွားနိုင်ခဲ့သည်။

မနှစ်ကချန်ပီယံလိဂ်ဖလားအား သိမ်းပိုက်နိုင်ခဲ့သည့်ချဲလ်ဆီးအသင်းသည် ယခုနှစ်ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်ဒုတိယအ ကျော့တွင် ဘေဆယ်လ်အသင်းအား ၃-၁ ဖြင့်အနိုင်ရရှိခဲ့ပြီးနှစ်ကျော့ပေါင်းရလဒ် ၅-၂ ဖြင့်ဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့ပြီဖြစ်သည်။

ပထမအကျော့ဘေဆယ်လ်အသင်း၏ အိမ်ကွင်းတွင် ၁-၂ ဖြင့်အနိုင်ရရှိခဲ့သောချဲလ်ဆီးအသင်းသည် ယခုပွဲစဉ်တွင်တိုက်စစ်၌တောရက်စ် အားအထောင်ထား ခဲ့ပြီး ဟာ့ဒ်ဇက်၊ လမ်းပတ်၊ မော့ဆက်၊ ရာမီးရက်စ်၊ ဒေးဗစ်လူးဝစ္စ၊ ကာဟေးလ်၊ အိုင်ဗန်နိုဗစ်၊ ပီတာဆက်ခ်ျ အစရှိသောကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။ ဘေဆယ်လ်အသင်းတွင် စတယ်လ်လာ၊ စတော့ကာ၊ ဖရိုင်း၊ ဆက်ချာ အစရှိသောအဓိက ကစားသမားများဖြင့်ချဲလ်ဆီးအသင်းအား ပြန်လည်ရင်ဆိုင်ခဲ့သည်။ အိမ်ရှင်ချဲလ်ဆီး အသင်းသည်ပွဲစသည်နှင့် ဘေဆယ်လ်အသင်းအပေါ် ဖိကစားခဲ့ပြီး လမ်းပတ်၊ တောရက်စ်၊ ရာမီးရက်စ် တို့၏ကန်သွင်း ချက်များအား ဘေဆယ်လ်အသင်းဂိုးသမား ဆမ်မာ ကာကွယ်နိုင်ခဲ့၍သာစောစီးစွာ ဂိုး မရခဲ့ခြင်းဖြစ်သည်။

သို့သော် ဘေဆယ်လ်အသင်းသည် ပွဲချိန်ကြာလာသည်နှင့် အသင်းလိုက်စုစည်းမှုအားကောင်းလာခဲ့ပြီး ပထမပိုင်းပြီးဆုံးကာနီး နာကျင်အချိန်ပိုအရောက်တွင် တောင်ပံကစားသမား မိုဟာမက်ဆာလာ့ဟ် ကလူကျွံထောင်ချောက်အားကျော်ဖြတ်ပြီး ဘေဆယ်လ်အသင်းအတွက် ဦးဆောင်ဂိုးရယူခဲ့ပြီးပထမပိုင်း ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်းပြန်စသည်နှင့် ချေပဂိုးပြန် လည်ရယူနိုင်ရန်အတွက် ချဲလ်ဆီး အသင်းမှ ပိုမိုဖိကစားလာခဲ့ပြီးမိနစ် ၅၀ တွင်တောရက်စ်၊ ၅၂ မိနစ်တွင် မော့ဆက်စ်၊ ၅၉ မိနစ်တွင်ဒေးဗစ်လူးဝစ္စ တို့မှချဲလ်ဆီး အသင်းအတွက် အသီးသီးဂိုးများသွင်းယူခဲ့ပြီးနောက် ပွဲပြီးဆုံးချိန်တွင် ၃-၁ ဖြင့်ချဲလ်ဆီး အသင်းအနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့တက်ရောက်သွားနိုင်ခဲ့သည်။
From...Myawady News

No comments:

Post a Comment