Friday 3 May 2013

တရုတ်နိုင်ငံတွင် ပြုလုပ်သော ငွေကျပ် ၅ဝဝဝ တန်နှင့် ငွေကျပ် ၁ဝဝဝဝ တန် ငွေစက္ကူ အတုများ မြစ်ကြီးနား မြို့၌ ဖမ်းဆီး ရမိ

တရုတ်နိုင်ငံတွင် ပြုလုပ်သော ငွေကျပ် ၅ဝဝဝ တန်နှင့် ငွေကျပ် ၁ဝဝဝဝ တန် ငွေစက္ကူ အတုများ မြစ်ကြီးနား မြို့၌ ဖမ်းဆီး ရမိ
Friday, May 03, 2013

ကချင်ပြည်နယ် မြစ်ကြီးနား မြို့ပေါ်တွင် ဧပြီ ၂၈ ရက်က ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု ၉၇၇ ရွက် (၄၈၈၅ဝဝဝ) နှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား ခုနစ်ဦး၊ ဧပြီ ၁၂ ရက်က ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု အရွက် ၆ဝဝဝ (၃ဝဝဝဝဝဝဝ) နှင့် ငွေကျပ် ၁ဝဝဝဝ တန် ငွေစက္ကူ အတု ၁ဝ၆၅ ရွက် (၁ဝ၆၅ဝဝဝဝ) နှင့်အတူ တရုတ်နိုင်ငံသား အမျိုးသား နှစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသားများအား စစ်ဆေးခဲ့ရာ ငွေစက္ကူ အတုများကို တရုတ်နိုင်ငံတွင် ပြုလုပ် ကြောင်းနှင့် ၎င်း ငွေစက္ကူ အတုများဖြင့် ဖားကန့်ဒေသ၌ ကျောက်စိမ်း ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖားကန့် ဒေသတွင် ငွေစက္ကူ အတုများဖြင့် မူးယစ်ဆေးဝါးများ သုံးစွဲ ရောင်းဝယ်မှုများ ပါရှိနိုင် ကြောင်း ဧပြီ ၂၅ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် လုံခြုံရေးရာ ကွပ်ကဲမှုအဖွဲ့ ညှိနှိုင်း အစည်းအဝေးတွင် ကချင်ပြည်နယ် ခရိုင်ရဲမှူးက ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့ တင်ပြချက်အရ ပြည်နယ် ဝန်ကြီးချုပ်မှ ပြည်နယ် ရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့၊ လဝက အဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းများ ဖွဲ့စည်းပြီး ဖားကန့်ဒေသသို့ သွားရောက် ဖမ်းဆီးနိုင်ရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ဖားကန့်မြို့သို့ ဧပြီ ၂၇ ရက်က ရောက်ရှိပြီး မြန်မာ့ စီးပွားရေးဘဏ်၊ ကမ္ဘော ဇဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ မြဝတီဘဏ် များအား ငွေစက္ကူ အတုနှင့် ပတ်သက်သည့် သတင်း များကို အသိပေး အကြောင်းကြား ခဲ့သည်။

ဧပြီ ၂၉ ရက်က ဖားကန့်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲသို့ ရဲလင်း ၃၁ နှစ် (ဘ) ဦးအောင်စိန် (ဗမာ/ဗုဒ္ဓ) ကျောက် အရောင်းအဝယ် မှော်စီစာ ကျေးရွာ လုံးခင်း အုပ်စု ဖားကန့်မြို့နယ် နေသူသည် ငွေကျပ် ၅ဝဝဝ တန် အရွက် ၈ဝဝ (ငွေကျပ် သိန်း ၄ဝ) ကို ပခုက္ကူဘဏ်ခွဲသို့ လွှဲရာ အဆိုပါငွေများ အနက် ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု အရွက် ၅ဝ (တန်ဖိုးငွေ ကျပ် ၂၅ဝဝဝဝ) မှာ အတုများ ဖြစ်နေ၍ ဘဏ်မန်နေဂျာမှ ပူးပေါင်း အဖွဲ့သို့ အကြောင်းကြားသဖြင့် သွားရောက် စစ်ဆေးခဲ့ရာ ရဲလင်းက ၎င်း ရရှိခဲ့သည့် ငွေကျပ် ၅ဝဝဝ တန် များမှာ ရေမဆေးကျောက် အရောင်းအဝယ် လုပ်ကြသည့် မောင်ဝင်း၊ မောင်မြင့်၊ သန်းထွန်း၊ တင်ထွန်းနိုင် တို့နှင့် ၎င်းတို့မှ ထိုငွေများကို ဦးဘထန် ၄၉ နှစ်ထံမှ ရရှိကြောင်း တွေ့ရှိရသဖြင့် ဆက်လက် စစ်ဆေးရာ ဦးဘထန်မှာလည်း ကိုချို လျှပ်စစ်ပစ္စည်း အရောင်းဆိုင် ပိုင်ရှင် မနီနီအောင် ဖားကန့်မြို့ နေသူထံမှ ရရှိခဲ့ကြောင်း၊ မနီနီအောင်မှာလည်း လျှပ်စစ်ပစ္စည်း များ နေ့စဉ် ရောင်းရငွေများ ဖြစ်ပြီး မည်သူထံမှ ရရှိသည်ကို မသိပါကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်။

မြန်မာ့ စီးပွားရေးဘဏ်ခွဲ (ဖားကန့်) ဘဏ် မန်နေဂျာ ဦးစိုးရက သိမ်းဆည်းရမိ ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု များအား တံဆိပ်ရိုက်နှိပ်ပြီး ဘဏ် လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် (ဗဟို) ဘဏ် နေပြည်တော်သို့ အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို Like လုပ်ထားပါ

ကချင်ပြည်နယ် မြစ်ကြီးနား မြို့ပေါ်တွင် ဧပြီ ၂၈ ရက်က ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု ၉၇၇ ရွက် (၄၈၈၅ဝဝဝ) နှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား ခုနစ်ဦး၊ ဧပြီ ၁၂ ရက်က ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု အရွက် ၆ဝဝဝ (၃ဝဝဝဝဝဝဝ) နှင့် ငွေကျပ် ၁ဝဝဝဝ တန် ငွေစက္ကူ အတု ၁ဝ၆၅ ရွက် (၁ဝ၆၅ဝဝဝဝ) နှင့်အတူ တရုတ်နိုင်ငံသား အမျိုးသား နှစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသားများအား စစ်ဆေးခဲ့ရာ ငွေစက္ကူ အတုများကို တရုတ်နိုင်ငံ တွင် ပြုလုပ် ကြောင်းနှင့် ၎င်း ငွေစက္ကူအတုများဖြင့် ဖားကန့်ဒေသ၌ ကျောက်စိမ်းဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖားကန့် ဒေသတွင် ငွေစက္ကူ အတုများဖြင့် မူးယစ်ဆေးဝါးများ သုံးစွဲ ရောင်းဝယ်မှုများ ပါရှိနိုင် ကြောင်း ဧပြီ ၂၅ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် လုံခြုံရေးရာ ကွပ်ကဲမှုအဖွဲ့ ညှိနှိုင်း အစည်းအဝေးတွင် ကချင်ပြည်နယ် ခရိုင်ရဲမှူးက ပြည်နယ် ဝန်ကြီးချုပ်ထံတင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့ တင်ပြချက်အရ ပြည်နယ် ဝန်ကြီးချုပ်မှ ပြည်နယ် ရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့၊ လဝက အဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းများ ဖွဲ့စည်းပြီး ဖားကန့်ဒေသသို့ သွားရောက် ဖမ်းဆီးနိုင်ရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ဖားကန့်မြို့သို့ ဧပြီ ၂၇ ရက်က ရောက်ရှိပြီး မြန်မာ့ စီးပွားရေးဘဏ်၊ ကမ္ဘော ဇဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ မြဝတီဘဏ် များအား ငွေစက္ကူ အတုနှင့် ပတ်သက်သည့် သတင်း များကို အသိပေး အကြောင်းကြား ခဲ့သည်။

ဧပြီ ၂၉ ရက်က ဖားကန့်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲသို့ ရဲလင်း ၃၁ နှစ် (ဘ) ဦးအောင်စိန် (ဗမာ/ဗုဒ္ဓ) ကျောက် အရောင်းအဝယ် မှော်စီစာ ကျေးရွာ လုံးခင်းအုပ်စု ဖားကန့်မြို့နယ် နေသူသည် ငွေကျပ် ၅ဝဝဝ တန် အရွက် ၈ဝဝ (ငွေကျပ် သိန်း ၄ဝ) ကို ပခုက္ကူဘဏ်ခွဲသို့ လွှဲရာ အဆိုပါငွေများ အနက် ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု အရွက် ၅ဝ (တန်ဖိုးငွေ ကျပ် ၂၅ဝဝဝဝ) မှာ အတုများ ဖြစ်နေ၍ ဘဏ်မန်နေဂျာမှ ပူးပေါင်း အဖွဲ့သို့ အကြောင်းကြားသဖြင့် သွားရောက် စစ်ဆေးခဲ့ရာ ရဲလင်းက ၎င်း ရရှိခဲ့သည့် ငွေကျပ် ၅ဝဝဝ တန် များမှာ ရေမဆေးကျောက် အရောင်းအဝယ် လုပ်ကြသည့် မောင်ဝင်း၊ မောင်မြင့်၊ သန်းထွန်း၊ တင်ထွန်းနိုင် တို့နှင့် ၎င်းတို့မှ ထိုငွေများကို ဦးဘထန် ၄၉ နှစ်ထံမှ ရရှိကြောင်း တွေ့ရှိရသဖြင့် ဆက်လက် စစ်ဆေးရာ ဦးဘထန်မှာလည်း ကိုချို လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင် မနီနီအောင် ဖားကန့်မြို့ နေသူထံမှ ရရှိခဲ့ကြောင်း၊ မနီနီအောင်မှာလည်း လျှပ်စစ်ပစ္စည်း များ နေ့စဉ် ရောင်းရငွေများ ဖြစ်ပြီး မည်သူထံမှ ရရှိသည် ကို မသိပါကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်။

မြန်မာ့ စီးပွားရေးဘဏ်ခွဲ (ဖားကန့်) ဘဏ် မန်နေဂျာ ဦးစိုးရက သိမ်းဆည်းရမိ ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတု များအား တံဆိပ်ရိုက်နှိပ်ပြီး ဘဏ် လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် (ဗဟို) ဘဏ် နေပြည်တော်သို့ အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment