Thursday 16 May 2013

မဟာစင်မုန်တိုင်းနှင့် ပတ်သက်သောသတင်းများ၊ မင်းပြား (မေလ ၁၆ ရက်နေ့၊ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်)

မင်းပြားမြို့ပေါ်သို့ ရောက်ရှိလာကြသော မုန်တိုင်းတိမ်းရှောင်သူ သောင်းနီးပါးခန့် အကူအညီ လို အပ်နေကြောင်း သိရှိရမင်းပြားမြို့ပေါ်သို့ ရောက်ရှိလာကြသော မုန်တိုင်းတိမ်းရှောင်သူများနှင့် ကျေးရွာ များတွင် ရောက်ရှိနေသော ပြည်သူ သောင်းနီးပါးခန့်မှာ အကူအညီ လိုအပ်နေကြောင်း သိရှိရပါသည်။
ယင်းသို့ အကူအညီများလိုအပ်ရာတွင် စားသောက်ရေးကိစ္စမှာ အဓိကအေ၇းပါလှပြီး ၁၄ ရက်နေ့ ညနေ ပိုင်းမှ စတင်တာ မုန်တိုင်းခိုလှုံရန် ရောက်ရှိခဲ့သူများအား မြို့ပေါ်မှ ဒေသခံလူမှုအဖွဲ့အစည်း များနှင့် ကျေးရွာ များမှသာကူညီပေးနေရကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် လူမှုအဖွဲ့အစည်းတစ်ခုမှ ဦးဆောင်သူတစ်ဦးက“လောလောဆယ် လာရောက်ခိုလှုံသူတွေကို မင်းပြားမြို့နယ်က လူမှုရေး အဖွဲ့အစည်းတွေပေါင်းပြီး ကူညီပေးနေပါတယ်။ အစိုးရကတော့ ထောက်ပံ့မှုတွေ ပေးမယ်လို့ အကြောင်းကြားပေမယ့် သုံးနာရီအထိ ဘာအကူအညီ အထောက်အပံ့မှ မရောက်လာသေးပါဘူး။ လူတွေ မြို့ပေါ်မှာတောင် နှစ်ထောင့်ငါးရာကျော် ရှိပါတယ်၊ နယ်မှာခြောက်ထောင်ကျော် ရှိပါတယ်” ဟု ပြောကြားခဲ့ပါသည်။

မင်းပြားမြို့နယ်သို့ ရောက်ရှိသူများအတွင် မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်များမှ ကျေးရွာများ ပါဝင်ကြောင်း သိရပြီးနီးစပ်ရာသို့ လာရောက်ခိုလှုံကြကြောင်း သိရသည်။ လူများပြားနေသော်လည်း လက်ရှိတွင် ကျန်းမာရေးအရ စိုးရိမ်ရာ မရှိကြောင်းနှင့် စားရေးနှင့် ရေသာ အဓိက အရေးပါကြောင်း သိရသည်။
From...Eleven

No comments:

Post a Comment