Thursday 16 May 2013

မဟာစင်မုန်တိုင်းနှင့် ပတ်သက်သော သတင်း၊ မောင်တော (မေလ ၁၆ ရက် မွန်းတည့် ၁၂ နာရီ)

မောင်တောတွင် မုန်တိုင်း၏ သက်ရောက်မှုအဖြစ် နံနက် ၅ နာရီခန့်တွင် လေပြင်းများ စတင်တိုက်ခတ်ခဲ့ပြီး ၆ နာရီခွဲတွင် မိုးခြိမ်းကာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့ကြောင်း Eleven Media Group သတင်းထောက် ၏ ပေးပို့ ချက်အရ သိရှိရသည်။
မနက် ၈ နာရီခွဲ အချိန်ခန့်တွင်မူ မိုးရွာသွန်းမှု ရပ်သွားခဲ့ပြီး ယခုလက်ရှိ အချိန်တွင်မိုးရွာ သွန်းမှုနှင့် လေပြင်း တိုက်မှုမရှိဘဲ ငြိမ်သက်နေကာ နေထွက်လာလိုက် မိုးကျလိုက် အခြေ အနေ မျိုး ဖြစ်နေကာ သိရသည်။

ရာသီဥတု အခြေအနေကြောင့် မောင်တောမြို့နယ်ရှိ လမ်းမများပေါ်တွင် လူအသွားအလာ နည်းသွားပြီး ဆိုင် ခန်းနှင့် ဈေးဆိုင်များလည်း ပိတ်သိမ်းထားကြောင်း Eleven Media Group သတင်းထောက် ၏ ပေးပို့မှု အရ သိရပါသည်။
From...Eleven

No comments:

Post a Comment