Thursday 16 May 2013

ဘာသာရေး ပဋိ ပက္ခဖြစ်အောင် လှုံ့ဆော် သူ ၅၀၅(ခ) နဲ့ အရေးယူ

မေ ၂ ရက်ညက မန္တလေးမြို့၊ ၃၅ လမ်း၊ ၇၄-၇၅ လမ်းကြားမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ခဲ့သူလို့ သံသယရှိခံရသူတစ်ဦးကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပုဂ္ဂိုလ်မှာ ဦးမြင့်ဦး၊ (၅၆)နှစ်၊ (ဘ) ဦးအောင်မင်း၊ အစ္စလာမ်ဘာသာဝင်၊ မဟာအောင်မြေမြို့နယ် မှာ နေထိုင်သူဖြစ်ပြီး အဲဒီညမှာ သူက "ဘုန်းကြီးတွေနဲ့ ဗမာတွေ လာနေပြီ၊ မွတ်စလင်အိမ်တွေကို ဖျက်ဆီးကြတော့မယ်"လို့ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ ရပ်ကွက်ထဲ လှုံ့ဆော်အော်ဟစ်နေလို့ မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှူးက ဖမ်းဆီးအရေးယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူနဲ့အတူ အခြား တစ်ဦးပါဝင်ပေမယ့် ထိုသူကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ဒီအမှုကို မဟာအောင်မြေမြို့နယ်တရားရုံးမှာ လူတစ်စုကိုဖြစ်စေ၊ အများပြည်သူကိုဖြစ်စေ အထိတ် တလန့်ဖြစ်အောင်၊ ဆူပူမှုဖြစ်အောင် လှုံ့ဆော်တဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅ (ခ) အရ ရုံးတင်စစ်ဆေးနေ တာဖြစ်ပါတယ်။

အောင်ကျော်မိုး
မြန်မာဓိက

No comments:

Post a Comment