Saturday 11 May 2013

ကမ္ဘာ တစ်ဝန်းရှိ ဘဏ်များအား ဆိုက်ဘာ တိုက်ခိုက်၍ ဒေါ်လာ ၄၅ သန်းခန့် ခိုးယူခဲ့သူ ခုနစ်ဦးကို တရားစွဲထား

Photo: ကမ္ဘာ တစ်ဝန်းရှိ ဘဏ်များအား ဆိုက်ဘာ တိုက်ခိုက်၍ ဒေါ်လာ ၄၅ သန်းခန့် ခိုးယူခဲ့သူ ခုနစ်ဦးကို တရားစွဲထား
Saturday, May 11, 2013

ကမ္ဘာ တစ်ဝန်းရှိ ဘဏ်များတွင် အသုံးပြု နေသည့် ငွေထုတ်ကတ်များ၏ အသေးစိတ် အချက် အလက် များကို ခိုးယူ၍ အမေ ရိကန်ဒေါ်လာ ၄၅ သန်းခန့်ကို နိုင်ငံ အနှံ့ အပြားရှိ ငွေထုတ်စက် များမှ
ထုတ်ယူ ခဲ့ကြသည်ဟု ယူဆရသူ လူခုနစ်ဦးကို အမေရိကန် အာဏာ ပိုင်များက နယူးယောက် မြို့တွင် တရားစွဲ ဆိုထားကြောင်း သိရသည်။
အဆိုပါ ဟက်ကာ အဖွဲ့သည် နိုင်ငံ ပေါင်း ၂၆ နိုင်ငံရှိ ငွေထုတ် စက်များမှ ငွေများကို တရား မဝင် ထုတ်ယူ ခဲ့ပြီး ၎င်းအဖွဲ့မှ ရှစ်ဦးမြောက် အဖွဲ့ဝင် တစ်ဦးသည် ဧပြီလ အတွင်းက အသတ် ခံခဲ့ ရဖွယ် ရှိသည်ဟု အာဏာပိုင် များက ယူဆလျက် ရှိသည်။

ထို့အပြင် အဆိုပါ ကွန်ရက် အဖွဲ့သည် အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) နှင့် အိုမန် နိုင်ငံ တို့တွင် ရှိသော ဘဏ်များကို အဓိက ပစ်မှတ် ထား၍ ငွေထုတ်ကတ် အတုများကို အသုံးပြုခဲ့ ကြခြင်း ဖြစ်သည်ဟု တရားရုံး အထောက် အထား စာရွက် စာတမ်း များတွင် ဖော်ပြ ထားသည်။
အဆိုပါ ဆိုက်ဘာ ပြစ်မှု ကျူးလွန် သူများ အဖွဲ့အား စုံစမ်း ဖော်ထုတ်ခဲ့ ရာတွင် ဂျပန်၊ ကနေဒါ၊ ဗြိတိန်၊ ရိုမေးနီးယားနှင့် နိုင်ငံ ၁၂ နိုင်ငံတို့မှ တရား ဥပဒေ စိုးမိုးရေး အဖွဲ့များက ပူးပေါင်း ပါဝင် ခဲ့ကြပြီး ဖမ်းဆီးမှု များကိုလည်း အခြား နိုင်ငံများတွင် ပြုလုပ် ခဲ့ကြသည်ဟု အစိုးရ ရှေ့နေ များက ပြောကြားသည်။

မြ၀တီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News  ကို like လုပ်ထားပါ
ကမ္ဘာ တစ်ဝန်းရှိ ဘဏ်များတွင် အသုံးပြု နေသည့် ငွေထုတ်ကတ်များ၏ အသေးစိတ် အချက် အလက် များကို ခိုးယူ၍ အမေ ရိကန်ဒေါ်လာ ၄၅ သန်းခန့်ကို နိုင်ငံ အနှံ့ အပြားရှိ ငွေထုတ်စက် များမှ ထုတ်ယူ ခဲ့ကြသည်ဟု ယူဆရသူ လူခုနစ်ဦးကို အမေရိကန် အာဏာ ပိုင်များက နယူးယောက် မြို့တွင် တရားစွဲ ဆိုထားကြောင်း သိရသည်။

အဆိုပါ ဟက်ကာ အဖွဲ့သည် နိုင်ငံ ပေါင်း ၂၆ နိုင်ငံရှိ ငွေထုတ် စက်များမှ ငွေများကို တရား မဝင် ထုတ်ယူ ခဲ့ပြီး ၎င်းအဖွဲ့မှ ရှစ်ဦးမြောက် အဖွဲ့ဝင် တစ်ဦးသည် ဧပြီလ အတွင်းက အသတ် ခံခဲ့ ရဖွယ် ရှိသည်ဟု အာဏာပိုင် များက ယူဆလျက် ရှိသည်။

ထို့အပြင် အဆိုပါ ကွန်ရက် အဖွဲ့သည် အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) နှင့် အိုမန် နိုင်ငံ တို့တွင် ရှိသော ဘဏ်များကို အဓိက ပစ်မှတ် ထား၍ ငွေထုတ်ကတ် အတုများကို အသုံးပြုခဲ့ ကြခြင်း ဖြစ်သည်ဟု တရားရုံး အထောက် အထား စာရွက် စာတမ်း များတွင် ဖော်ပြ ထားသည်။

အဆိုပါ ဆိုက်ဘာ ပြစ်မှု ကျူးလွန် သူများ အဖွဲ့အား စုံစမ်း ဖော်ထုတ်ခဲ့ ရာတွင် ဂျပန်၊ ကနေဒါ၊ ဗြိတိန်၊ ရိုမေးနီးယားနှင့် နိုင်ငံ ၁၂ နိုင်ငံတို့မှ တရား ဥပဒေ စိုးမိုးရေး အဖွဲ့များက ပူးပေါင်း ပါဝင် ခဲ့ကြပြီး ဖမ်းဆီးမှု များကိုလည်း အခြား နိုင်ငံများတွင် ပြုလုပ် ခဲ့ကြသည်ဟု အစိုးရ ရှေ့နေ များက ပြောကြားသည်။

မြ၀တီ

No comments:

Post a Comment