Saturday 11 May 2013

ရှော့ပင်းစင်တာနှင့် ရုံးခန်းများပါဝင်သည့် ပြည်ထောင်စုရိပ်သာ စီမံကိန်းအား ထူးကုမ္ပဏီမှ ဆောက်လုပ်ခွင့်ရရှိ

Photo: ရှော့ပင်းစင်တာနှင့် ရုံးခန်းများပါဝင်သည့် ပြည်ထောင်စုရိပ်သာ စီမံကိန်းအား ထူးကုမ္ပဏီမှ ဆောက်လုပ်ခွင့်ရရှိ
Saturday, May 11, 2013

ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်ခန်းများ၊ ရှော့ပင်းစင်တာနှင့် ရုံးခန်းများ ပါဝင်သည့် ပြည်ထောင်စုရိပ်သာ စီမံကိန်းအား ထူးကုမ္ပဏီမှ ဆောက်လုပ်ခွင့် ရရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့၊ ပြည်ထောင်စုလမ်းရှိ ပြည်ထောင်စုရိပ်သာ စီမံကိန်းလုပ်ငန်းများကို ထူးကုမ္ပဏီသည် Siam Steel International PLC အပါအ၀င် ပြည်တွင်းပြည်ပမှ ဆောက်လုပ်ရေးသုံး ပစ္စည်းများ အသုံးပြု တည်ဆောက်သွားမည်ဟု သိရသည်။

ယင်းသို့ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထူးကုမ္ပဏီနှင့် Siam Steel International PLC တို့သည် မေ ၁၀ ရက်က ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် နားလည်မှု စာချွန်လွှာ MOU ရေးထိုးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရိပ်သာ စီမံကိန်းရှိ ကြယ်လေးပွင့်အဆင့်ပါ ဟိုတယ်တည်ဆောက်ရန် အသုံးပြုမည့် ဟိုတယ်သုံး ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို Siam Steel International PLC မှ ထုတ်လုပ်သည့် ပစ္စည်းများဖြင့် အသုံးပြုသွားမည်ဖြစ်သည်။

အဆိုပါ စီမံကိန်းတွင် ပါဝင်သော ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်ကို တစ်နှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးကိုမူ နှစ်နှစ်မှ နှစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ပြည်ထောင်စုရိပ်သာ စီမံကိန်းတွင် ဟိုတယ်၊ Office tower, Shopping Mall , service apartment , Shop house တို့ ပါဝင်မည်ဖြစ်ပြီး Service Apartment ကို နိုင်ငံတကာအဆင့် နိုင်ငံခြားသားများအတွက် ရည်ရွယ်ပြုလုပ်မည်ဖြစ်ကာ အခန်းများအား နှစ်ရှည်ငှားရမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းဟိုတယ်ကို Aureum Hotel Group Change အောက်မှ hotel operation ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားပိုင် Htoo Construction Development Group Co.Ltd သည် ရန်ကုန်၊ မန္တလေးမြို့ကြီးများရှိ ကိုယ်ပိုင်မြေများနှင့် နိုင်ငံတော်မှ တင်ဒါဖြင့် ခေါ်ယူသည့် မြေများပေါ်တွင် ကွန်ဒို၊ ရုံးခန်းများ၊ Service Apartment နှင့် ရှော့ပင်းမောလ်များ စသည့်စီမံကိန်းများကို နောင်ဆောင်ရွက်မည့် စီမံကိန်းများအဖြစ် ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

Eleven Media Group

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်ခန်းများ၊ ရှော့ပင်းစင်တာနှင့် ရုံးခန်းများ ပါဝင်သည့် ပြည်ထောင်စုရိပ်သာ စီမံကိန်းအား ထူးကုမ္ပဏီမှ ဆောက်လုပ်ခွင့် ရရှိကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့၊ ပြည်ထောင်စုလမ်းရှိ ပြည်ထောင်စုရိပ်သာ စီမံကိန်းလုပ်ငန်းများကို ထူးကုမ္ပဏီသည် Siam Steel International PLC အပါအ၀င် ပြည်တွင်းပြည်ပမှ ဆောက်လုပ်ရေးသုံး ပစ္စည်းများ အသုံးပြု တည်ဆောက်သွားမည်ဟု သိရသည်။

ယင်းသို့ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထူးကုမ္ပဏီနှင့် Siam Steel International PLC တို့သည် မေ ၁၀ ရက်က ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် နားလည်မှု စာချွန်လွှာ MOU ရေးထိုး ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရိပ်သာ စီမံကိန်းရှိ ကြယ်လေးပွင့်အဆင့်ပါ ဟိုတယ်တည်ဆောက်ရန် အသုံးပြုမည့် ဟိုတယ်သုံး ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို Siam Steel International PLC မှ ထုတ်လုပ် သည့် ပစ္စည်းများဖြင့် အသုံးပြုသွားမည်ဖြစ်သည်။

အဆိုပါ စီမံကိန်းတွင် ပါဝင်သော ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်ကို တစ်နှစ်အတွင်း အပြီး တည်ဆောက် မည်ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးကိုမူ နှစ်နှစ်မှ နှစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ပြည်ထောင်စုရိပ်သာ စီမံကိန်းတွင် ဟိုတယ်၊ Office tower, Shopping Mall , service apartment , Shop house တို့ ပါဝင်မည်ဖြစ်ပြီး Service Apartment ကို နိုင်ငံတကာ အဆင့် နိုင်ငံခြား သားများအတွက် ရည်ရွယ်ပြုလုပ်မည်ဖြစ်ကာ အခန်းများအား နှစ်ရှည်ငှားရမ်းဆောင်ရွက် သွားမည် ဖြစ်   ကြောင်း သိရသည်။

ယင်းဟိုတယ်ကို Aureum Hotel Group Change အောက်မှ hotel operation ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားပိုင် Htoo Construction Development Group Co.Ltd သည် ရန်ကုန်၊ မန္တလေးမြို့ကြီး များရှိ ကိုယ်ပိုင်မြေများနှင့် နိုင်ငံတော်မှ တင်ဒါဖြင့် ခေါ်ယူသည့် မြေများပေါ်တွင် ကွန်ဒို၊ ရုံးခန်းများ၊ Service Apartment နှင့် ရှော့ပင်းမောလ်များ စသည့်စီမံကိန်းများကို နောင်ဆောင်ရွက်မည့် စီမံကိန်းများ အဖြစ် ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment