Saturday 11 May 2013

မင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအား ဟိုပန်မြို့ခံများမှ ဆန္ဒပြရန်အတွက်တရားဝင်ခွင့်ပြု မိန့်တင်


Photo: မင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအား ဟိုပန်မြို့ခံများမှ ဆန္ဒပြရန်အတွက်တရားဝင်ခွင့်ပြု မိန့်တင်
Saturday, May 11, 2013

ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးထွက်နေသော မင်းကိုနိုင်ခေါင်းဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အား ယခုလ ၁၄ ရက်နေ့တွင် ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြရန်အတွက် ဟိုပန်မြို့နယ်ဒေသခံများမှ သက်ဆိုင်ရာမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ခွင့်ပြုမိန့် တင်ပြထားကြောင်းသိရသည်။ ၎င်းတင်ပြသည့်စာတွင် ဟိုပန်မြို့သို့ ၈၈ မျိုးဆက်သစ်ကျောင်းသားများနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါ်သည့် အဖွဲ့ဝင်များလာ ရောက်ရန် ကန့်ကွက်ကြောင်းအား (၇-၅-၂၀၁၃)ရက်နေ့တွင် ဒေသခံတိုင်းရင်းသားပြည်သူလူထုများမှ ဖောင်ဆိပ် တွင်ငြိမ်းချမ်းစွာဆန္ဒပြ၍ တားမြစ်ရန်စောင့်ဆိုင်းခဲ့ပါသည်။ မိမိတို့ ဟိုပန်ဒေသအတွင်းရှိ ဒေသခံတိုင်းရင်းသားပြည် သူလူထုများ စည်းလုံးမှုအင်အားကိုသိရှိသွားသဖြင့် ကိုမင်းကိုနိုင်ဦးဆောင်သည့် “၈၈”မျိုးဆက်သစ်ကျောင်းသားများ နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါ်သည့်အဖွဲ့ဝင်များသိရှိသွား၍ ခရီးစဉ်အားပယ်ဖျက်ပြီးနောက်ကြောင်းပြန်လှည့်သွား ခဲ့ကြပါသည်။ ကိုမင်းကိုနိုင်ဦးဆောင်သည့် “၈၈”မျိုးဆက်သစ်ကျောင်းသားများနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်လာ ရောက်ရန်ဖိတ်ခေါ်ခဲ့သည့် ဒေသခံမဟုတ်သည့် ဦးဝင်တင်၊ အောင်အောင်(ခ)အောင်ကိုဦးတို့သည် မိမိတို့ဒေသခံ ပြည်သူလူထုမှ ၎င်းတို့အား လက်မခံကြသည်ကိုသိပါလျက်နှင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများထင်ယောင်ထင်မှား ဖြစ်အောင် မဟုတ်မမှန်သည့်သတင်းများအား ဖန်တီးလုပ်ကြံပြီး ပြည်တွင်းပြည်ပရှိ အသံလွှင့်ဌာနများ၊ သတင်းမီဒီ ယာနှင့် ဆက်သွယ်၍ ထုတ်လွှင့်ခြင်း၊ ဖြန့်ဝေခြင်းများပြုလုပ်လျက်ရှိကြပါသည်။
သို့ဖြစ်ပါ၍ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်လျက်ရှိကြ သော ပြည်သူများအားလုံးမှ မိမိတို့ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒေသအတွင်းတွင် အေးချမ်းစွာနေထိုင်လျက်ရှိ သည့် ဒေသခံတိုင်းရင်းသားလူမျိုးပေါင်းစုံ၏ သွေးစည်းညီညွတ်မှု၊ စည်းလုံးမှုအင်အားကိုပြသရန်နှင့် ကိုမင်းကိုနိုင် ဦးဆောင်သည့် “၈၈”မျိုးဆက်သစ်ကျောင်းသားများ နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအား လာရောက်ရန်ဖိတ်ခေါ်ခဲ့ သည့် ဒေသခံမဟုတ်သည့် ဦးဝင်းတင်၊ အောင်အောင်(ခ)အောင်ကိုဝင်းတို့၏ဖန်တီးလုပ်ကြံသည့်မဟုတ်မမှန်သည့် သတင်းများအား ပြန်လည်တုန့်ပြန်ခြင်း၊ ၎င်းတို့၏လုပ်ဆောင်ချက် ဒေသခံပြည်သူလူထုမှလက်မခံခြင်း၊ ကန့်ကွက် ခြင်းအားငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲအား ဟိုပန်မြို့၊ မြို့သစ်ရပ်ကွက်လမ်းဆုံ၌ (၁၄-၅-၂၀၁၃)ရက်နေ့တွင် ဥပဒေ ဘောင်အတွင်းမှပြုလုပ်လိုပါသဖြင့် ခွင့်ပြုနိုင်ပါရန်နှင့် လိုအပ်သည်များ ဆက်လက်ညွှန်ကြားပေးနိုင်ပါရန် ရပ်ဖိရပ်ဖ နှင့် ဒေသခံပြည်သူလူထုမှ တင်ပြအပ်ပါသည်ဟု ပါရှိပါသည်။

Sai Lay
Hopan

Inle Media
ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးထွက်နေသော မင်းကိုနိုင်ခေါင်းဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့ အား ယခုလ ၁၄ ရက်နေ့တွင် ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြရန်အတွက် ဟိုပန်မြို့နယ်ဒေသခံ များမှ သက်ဆိုင်ရာမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ခွင့်ပြုမိန့် တင်ပြထားကြောင်းသိရသည်။ 
၎င်းတင်ပြသည့်စာတွင် ဟိုပန်မြို့သို့ ၈၈ မျိုးဆက်သစ်ကျောင်းသားများနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါ် သည့် အဖွဲ့ဝင်များလာ ရောက်ရန် ကန့်ကွက်ကြောင်းအား (၇-၅-၂၀၁၃)ရက်နေ့တွင် ဒေသခံ တိုင်းရင်းသားပြည်သူလူထုများမှ ဖောင်ဆိပ်တွင်ငြိမ်းချမ်းစွာဆန္ဒပြ၍ တားမြစ်ရန်စောင့်ဆိုင်းခဲ့ပါသည်။ မိမိတို့ ဟိုပန်ဒေသအတွင်းရှိ ဒေသခံတိုင်းရင်းသားပြည် သူလူထုများ စည်းလုံးမှုအင်အားကိုသိရှိသွားသဖြင့် ကိုမင်းကိုနိုင်ဦးဆောင်သည့် “၈၈”မျိုးဆက်သစ်ကျောင်းသားများ နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါ်သည့် အဖွဲ့ဝင်များသိရှိသွား၍ ခရီးစဉ်အားပယ်ဖျက်ပြီးနောက်ကြောင်းပြန်လှည့်သွား ခဲ့ကြပါသည်။ 
ကိုမင်းကိုနိုင်ဦးဆောင်သည့် “၈၈”မျိုးဆက်သစ်ကျောင်းသားများနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် လာ ရောက်ရန်ဖိတ်ခေါ်ခဲ့သည့် ဒေသခံမဟုတ်သည့် ဦးဝင်တင်၊ အောင်အောင်(ခ)အောင်ကိုဦးတို့သည် မိမိတို့ဒေသခံ ပြည်သူလူထုမှ ၎င်းတို့အား လက်မခံကြသည်ကိုသိပါလျက်နှင့် မြန်မာနိုင်ငံ အတွင်း ရှိ ပြည်သူများထင်ယောင်ထင်မှား ဖြစ်အောင် မဟုတ်မမှန်သည့်သတင်းများအား ဖန်တီးလုပ်ကြံပြီး ပြည် တွင်းပြည်ပ ရှိ အသံလွှင့်ဌာနများ၊ သတင်းမီဒီ ယာနှင့် ဆက်သွယ်၍ ထုတ်လွှင့်ခြင်း၊ ဖြန့်ဝေခြင်းများပြုလုပ် လျက်ရှိကြပါသည်။

သို့ဖြစ်ပါ၍ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် လျက်ရှိကြ သော ပြည်သူများအားလုံးမှ မိမိတို့ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒေသအတွင်း တွင် အေးချမ်းစွာနေထိုင်လျက်ရှိ သည့် ဒေသခံတိုင်းရင်းသားလူမျိုးပေါင်းစုံ၏ သွေးစည်းညီညွတ်မှု၊ စည်းလုံးမှုအင်အားကိုပြသရန်နှင့် ကိုမင်းကိုနိုင် ဦးဆောင်သည့် “၈၈”မျိုးဆက်သစ်ကျောင်းသားများ နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအား လာရောက်ရန်ဖိတ်ခေါ်ခဲ့ သည့် ဒေသခံမဟုတ်သည့် ဦးဝင်းတင်၊ အောင်အောင်(ခ)အောင်ကိုဝင်းတို့၏ဖန်တီးလုပ်ကြံသည့်မဟုတ်မမှန်သည့် သတင်းများ အား ပြန်လည် တုန့်ပြန်ခြင်း၊ ၎င်းတို့၏လုပ်ဆောင်ချက် ဒေသခံပြည်သူလူထုမှလက်မခံခြင်း၊ ကန့်ကွက် ခြင်း အားငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲအား ဟိုပန်မြို့၊ မြို့သစ်ရပ်ကွက်လမ်းဆုံ၌ (၁၄-၅-၂၀၁၃)ရက်နေ့တွင် ဥပဒေ ဘောင်အတွင်းမှပြုလုပ်လိုပါသဖြင့် ခွင့်ပြုနိုင်ပါရန်နှင့် လိုအပ်သည်များ ဆက် လက်ညွှန်ကြားပေးနိုင်ပါရန် ရပ်ဖိရပ်ဖ နှင့် ဒေသခံပြည်သူလူထုမှ တင်ပြအပ်ပါသည်ဟု ပါရှိပါသည်။

Sai Lay
Hopan
Inle Media

No comments:

Post a Comment