Saturday 11 May 2013

ပုဂံ တွင် ကမ္ဘာ လှည့် ခရီး သွား နှစ်ဦး ထံမှ ပစ္စည်း လုယူမှု ထပ်မံဖြစ်ပွား

Photo: ပုဂံတွင် ကမ္ဘာလှည့်ခရီးသွား နှစ်ဦးထံမှ ပစ္စည်းလုယူမှု ထပ်မံဖြစ်ပွား
Saturday, May 11, 2013

ပုဂံယဉ်ကျေးမှု နယ်မြေတွင် ဗြိတိန် နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားနှစ်ဦးထံမှ ဆိုင်ကယ်ဖြင့် ပစ္စည်းလုယူ ထွက်ပြေးသော အမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ လှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ရုံး ဦးစီးမှူး ရဲအုပ်အောင်ကြိုင်က ပြောကြားသည်။

မေလ ၆ ရက် ည ၉ နာရီ အချိန်ခန့်တွင် သရပါတံခါးမှ ညောင်ဦးဘက်သို့ ပုဂံမြို့ဟောင်းလမ်း အတိုင်း စက်ဘီးစီးလာသူ နိုင်ငံခြားသားနှစ်ဦး၏ စက်ဘီးရှေ့ခြင်းထဲ တွင် ထည့်ထားသော အိတ်တစ်လုံးကို ငါးမျက်နှာဘုရားရှေ့ အရောက်တွင် ဆိုင်ကယ်စီးလာသူ တစ်ဦးက လုယက်ယူ ထွက်ပြေး ခဲ့သဖြင့် ကင်မရာအကြီးတစ်လုံး၊ အသေးတစ်လုံး၊ မြန်မာငွေကျပ် တစ်သိန်းခွဲနှင့် အကြွေးဝယ်ကတ် သုံးကတ် ပါသွားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
"နိုင်ငံခြားသားတွေ ဘက်က အမှုတော့ မဖွင့်ဘူး။ လာအကြောင်းကြားတယ်။ ပစ္စည်းလုပြီး ထွက်ပြေးတဲ့သူကို ဖမ်းဆီးဖို့စုံစမ်း စစ်ဆေးမှုတွေ လုပ်တုန်းပဲ" ဟု ၄င်းကဆိုသည်။

ပုဂံဒေသတွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက တစ်ပတ်အတွင်း နိုင်ငံခြားသား များထံမှ လုယက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ကျော်ခန့်က အလိုတော်ပြည့် ဘုရားအနီး စက်ဘီးစီးလာသူ တရုတ်နိုင်ငံသား အမျိုးသမီး တစ်ဦးထံမှ ဆိုင်ကယ်စီးလာသူ တစ်ဦးက လုယက်မှုတစ်ကြိမ်၊ ဝက်ကြီးအင်းရွာနှင့် အလိုတော်ပြည့် ဘုရားအကြားတွင်
 နိုင်ငံခြားသားတစ်ဦးကို လုယက်ခဲ့မှု တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပုဂံမှ ညောင်ဦး သို့ စက်ဘီးစီးလာသူ ဗြိတိန်နိုင်ငံသား အမျိုးသမီးနှစ်ဦး ထံမှ ဆိုင်ကယ်စီးလာသော လူနှစ်ဦးက လုယက်မှုတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၄င်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း
 ညောင်ဦးမြို့နယ် ရဲစခန်းထံမှ သိရသည်။
The Voice Weekly

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ပုဂံယဉ်ကျေးမှု နယ်မြေတွင် ဗြိတိန် နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားနှစ်ဦးထံမှ ဆိုင်ကယ်ဖြင့် ပစ္စည်းလုယူ ထွက်ပြေးသော အမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ လှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ရုံး ဦးစီးမှူး ရဲအုပ်အောင်ကြိုင်က ပြောကြားသည်။
မေလ ၆ ရက် ည ၉ နာရီ အချိန်ခန့်တွင် သရပါတံခါးမှ ညောင်ဦးဘက်သို့ ပုဂံမြို့ဟောင်းလမ်းအတိုင်း စက်ဘီးစီးလာသူ နိုင်ငံခြားသားနှစ်ဦး၏ စက်ဘီးရှေ့ခြင်းထဲတွင် ထည့်ထားသော အိတ်တစ်လုံးကို ငါးမျက်နှာ ဘုရားရှေ့ အရောက်တွင် ဆိုင်ကယ်စီးလာသူတစ်ဦးက လုယက်ယူထွက်ပြေးခဲ့သဖြင့် ကင်မရာ အကြီးတစ်လုံး၊ အသေးတစ်လုံး၊ မြန်မာငွေကျပ် တစ်သိန်းခွဲနှင့် အကြွေးဝယ်ကတ် သုံးကတ် ပါသွားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ "နိုင်ငံခြားသားတွေ ဘက်က အမှုတော့ မဖွင့်ဘူး။ လာအကြောင်းကြား တယ်။ ပစ္စည်းလုပြီး ထွက်ပြေးတဲ့သူကို ဖမ်းဆီးဖို့စုံစမ်း စစ်ဆေးမှုတွေ လုပ်တုန်းပဲ" ဟု ၄င်းကဆိုသည်။

ပုဂံဒေသတွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက တစ်ပတ်အတွင်း နိုင်ငံခြားသား များထံမှ လုယက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ကျော်ခန့်က အလိုတော်ပြည့် ဘုရားအနီး စက်ဘီးစီးလာသူ တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးထံမှ ဆိုင်ကယ်စီးလာသူတစ်ဦးက လုယက်မှု တစ်ကြိမ်၊ ဝက်ကြီးအင်းရွာနှင့် အလိုတော်ပြည့်ဘုရားအကြားတွင် နိုင်ငံခြားသားတစ်ဦးကို လုယက်ခဲ့မှု တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပုဂံမှ ညောင်ဦး သို့ စက်ဘီးစီးလာသူ ဗြိတိန်နိုင်ငံသား အမျိုးသမီးနှစ်ဦးထံမှ ဆိုင်ကယ်စီးလာသော လူနှစ်ဦးက လုယက်မှုတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၄င်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ညောင်ဦးမြို့နယ် ရဲစခန်းထံမှ သိရသည်။
 
 The Voice Weekly

No comments:

Post a Comment