Monday 22 April 2013

ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မည်

(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ သို့ရာတွင် တက်ရောက်မည့် ရက်အတိအကျကိုမူ ဦးဇော်ဌေးက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘန်ကာဝန်၌ ဧပြီလ ၂၄၊ ၂၅ ရက်များတွင် ကျင်းပသွားရန် ရှိသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံကြား
အငြင်းပွားနေသည့် တောင်တရုတ် ပင်လယ်အရေး၊ ဒေသတွင်း လုံခြုံရေးတို့ကို အဓိက ဆွေးနွေးသွား ဖွယ်ရှိပြီး ငြိမ်းချမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် နှစ်ဖက်အပြန်အလှန် အကျိုးရှိရေးတို့ကို လည်း ဆွေးနွေးသွားဖွယ် ရှိကြောင်း သိရသည်။ ထို့ပြင် ဒေသတွင်း အရေးကိစ္စများ သာမက နိုင်ငံတကာ အရေးကိစ္စများကိုပါ ထည့်သွင်း ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများမှ နိုင်ငံတော် အကြီးအကဲများ၊ အစိုးရအဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြ မည် ဖြစ် သည်။ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံတွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့ ပါဝင်သည်။ အာဆီယံ၏ ကြီးခြောက်ကြီး မှာ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

From...ခေတ်လူငယ်

No comments:

Post a Comment