Sunday 31 March 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဧပြီ ၁ ရက် ၂ရက်နှင့် ၃ရက်နေ့တို့တွင် ရေဒီယို မိန့်ခွန်း ပြောကြားမည်


နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဧပြီ ၁ ရက် ၂ရက်နှင့် ၃ရက်နေ့တို့တွင် ရေဒီယို မိန့်ခွန်း တစ်ရပ် ပြောကြားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ဖေ့စ်ဘွတ် စာမျက်နှာ ဖော်ပြထားသည်။
သမ္မတ၏ ရေဒီယို မိန့်ခွန်းအား အဆိုပါ ရက်များတွင်-နံနက် ၇ နာရီ ၊နေ့ လည် ၁၁ နာရီ၊ ညနေ ၆ နာရီနှင့် ည ၈ နာရီတို့တွင် မြန်မာ့အသံ ၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ပတ္တမြား FM၊ FM ပုဂံ၊ သဇင်ရေဒီယိုစသည်တို့ က ၁ ရက် ၄ ကြိမ် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

7Day News Journal

No comments:

Post a Comment