Friday 15 February 2013

အဆင့်မြင့်ပညာ ကဏ္ဍ၌ မြန်မာ-အမေရိကန် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ပြောကြား

မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာ ကဏ္ဍ၌ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမေရိကန် သံအမတ် Derek.J Mitchell က အမေရိကန် ပညာရေးပြပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ပညာရေးပြပွဲကို ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်မြို့၊ တော် ဝင်စင်တာ၌ မွန်းလွဲ ၁ နာရီမှ ည ၈ နာရီအထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးနှင့် Education USA Center တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက် လည်ပတ်ခဲ့သည့် အမေရိကန်သမ္မတ ဘာရတ်အိုဘားမား၏ သမိုင်းဝင် ခရီးစဉ်နောက်ပိုင်း မြန်မာနိုင်ငံအား အမေရိကန် အပါအဝင် နိုင်ငံတကာမှ စိတ်ဝင်စားမှု များပြားလာခဲ့သည်။
''ကျွန်တော်တို့ သမ္မတကြီးက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ခရီးစဉ်အပြီးမှာ အမေရိကန် အပါအဝင် နိုင်ငံတကာ အနေနဲ့လည်း မြန်မာနိုင်ငံကို ပိုပြီးစိတ်ဝင်စားလာခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ပညာ ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပံ့ပိုးကူညီမှုတွေကိုလည်း တိုးမြှင့် လုပ်ဆောင်သွားဖို့ အစီအစဉ်တွေ လည်းရှိပါတယ်'' ဟု ၎င်းက ပြောသည်။
အဆိုပါ ပညာရေးပြပွဲတွင် အမေရိကန်နိုင်ငံရှိ နာမည်ကျော် တက္ကသိုလ်များနှင့် ကောလိပ်များဖြစ်သည့် Northern Arizona University၊ Green River Community College၊ Colorado State University ၊ Southen Illinois University၊ High Line Community College၊ Saint Louis University၊ Sanfrancisco University၊ Wesli University၊ Tufts University တို့ ပါဝင်ပြသခဲ့ပြီး ပညာသင် အခွင့်အလမ်းနှင့် ပညာသင်ဆု အကြောင်းများကိုပါ ကျောင်းတာဝန်ခံများမှ တိုက်ရိုက်လာရောက် ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး နိုင်ငံတကာ ပညာရေး စိတ်ဝင်စားသူ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
၎င်းအမေရိကန် ပညာရေးပြပွဲ၌ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Ms.Ann Stock က ''မြန်မာနိုင်ငံနဲ့ အမေရိကန် နှစ်နိုင်ငံကြားမှာလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ Student Exchange Program တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အစီအစဉ်တွေ ရှိပါတယ်''ဟု ပြောသည်။
အလားတူ မြန်မာ-အမေရိကန် နှစ်နိုင်ငံ အဆင့်မြင့် ပညာကဏ္ဍတွင် ပညာရေး ပူးပေါင်းမှုများ ပြုလုပ်ရန် အမေရိကန်နိုင်ငံ အခြေစိုက် နာမည်ကျော် တက္ကသိုလ်များဖြစ်သည့် မက်ဆာချူးဆက်တက္ကသိုလ်၊ ဝါရှင်တန် တက္ကသိုလ်၊ ဆမ်းဖို့ဒ်တက္ကသိုလ်၊ အရီဇိုးနားတက္ကသိုလ်၊ ဟာဝိုင်အီ ပစိဖိတ်တက္ကသိုလ်၊ ဘောလ်တက္ကသိုလ်၊ မြောက်အီလီနွိုက် တက္ကသိုလ်၊ မြောက်အရီဇိုးနား တက္ကသိုလ်နှင့် အမေရိကန် တက္ကသိုလ်များဆိုင်ရာ အမေရိကန် တက္ကသိုလ်များမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ အဆင့်မြင့်ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆောင်ရွက်ရန် အမေရိကန် တက္ကသိုလ်များဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ ယခုနှစ်ဆန်းပိုင်းအတွင်း လာရောက်မည်ဖြစ်သည်။
၎င်းတို့မှ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့တွင် Accreditation Quality Assurance Faculty Development Student Learning Partnership စသည့် ခေါင်းစဉ်များဖြင့် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။
EMG

No comments:

Post a Comment