Friday 15 February 2013

အခြေခံပညာရေးစနစ်အား နောက်ပိုင်းတွင် ၁၂ တန်းအထိ တိုးမြှင့်မည်ဟု နိုင်ငံတော် သမ္မတ ပြော

အခြေခံပညာရေးစနစ်အား နောက်ပိုင်းတွင် ၁၂ တန်းအထိ တိုးမြှင့်အကောင်အထည်ဖော်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား မှာကြားထားကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က
ယနေ့ပြောကြားသည်။


နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ကျောင်းသားများသည်ဘွဲ့ရ၍အလုပ်ခွင်ဝင်သည်နှင့် အင်္ဂလိပ်စာအား ကျွမ်းကျင်စွာပြောနိုင်၍ အနိမ့်ဆုံး
အာဆီယံအဆင့်တွင် ၀င်ရောက်ဆွေးနွေးနိုင်သည်အထိလေ့ကျင့်သင်ကြားပေးရန်စီစဉ်မည်ဖြစ်ကြောင်း သမ္မတကပြောသည်။

ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ စတင်ထွက်ခွာလာသည့် နိုင်ငံတော်သမ္မတ၏ ကလေး-ဟားခါး ဖွံ့ဖြိုးရေး ခရီးစဉ်တွင် အထက်ပါအတိုင်းပြောကြားသွားခြင်းဖြစ်သည်။
7 DaysNewsJournal

No comments:

Post a Comment