Saturday 16 February 2013

(၁၆) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်တွင် KIA အဖွဲ့မှ လူသစ် (၁၆)ဦးအား အဓမ္မ ဖမ်းဆီးခေါ်ဆောင် F

(၁၆) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်တွင် KIA အဖွဲ့မှ လူသစ် (၁၆)ဦးအား အဓမ္မ ဖမ်းဆီးခေါ်ဆောင်
            သတင်းဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြစ်ကြီးနားမြို့ နယ် မြစ်ဆုံ၌ ရိုမန် ကတ်သလစ် အသင်းတော် တန်ဖဲ ဘုန်းတော်ကြီးမှ ဦးစီး၍ မြစ်ဆုံ မယ်တော် ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းပွဲတော်သို့ ပတ်ဝန်းကျင် ကျေးရွာများမှ ရွာသူရွာသားအင်အား ၁၀၀၀ ခန့် ပါဝင် ဆင်နွဲခဲ့ကြပြီး ည ၈နာရီ အထိ ကျင်းပခဲ့ကြောင်း သိရှိရ ပါသည်။

            အဆိုပါပွဲကျင်းပရာ မြစ်ဆုံဈေးတန်းသို့ ဖေဖော်ဝါရီလ ၁၂ရက်၊နံနက် ၄ နာရီခန့် တွင် ကေအိုင်အေ တပ်ရင်း(၄)မှ အင်အား ၂၅ ဦးခန့် ရောက်ရှိလာပြီး ရွာသူရွာသားများ အား အဓမ္မလူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တန်ဖဲကျေးရွာနေ ဒေါ်ဂျာဆိုင်မှ အောင်မြင်သာတွင် အခြေပြုသည့် တပ်မတော် စခန်းတစ်ခုသို့ လာရောက်သတင်းပို့ခဲ့ပါ သည်။
             တပ်မတော် စခန်းမှ တာဝန်ရှိသူများက သွားရောက် စိစစ်စေခဲ့ရာ ကျား ၁၄ ဦး၊ မ ၂ ဦး တို့အား ကေအိုင်အေ အဖွဲ့မှ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။ ဖမ်းဆီး ခေါ်ဆောင်ခံရသူများမှာ-
               (က) မောင်ရဲမင်း၊ ၂၅ နှစ်၊(ဘ)စုံစမ်းဆဲ၊ ဗမာ/ ဗုဒ္ဓ၊ ကျဘမ်း၊ မြစ်ဆုံဈေးတန်း။
               ( ခ)  ကိုဖြိုးခေါ် ပြည့်ဖြိုးထွန်း၊ ၂၄ နှစ်၊ ဘ ဦးအောင်မျိုးမြင့်၊ ကချင်/ ခရစ်ယာန် ကျဘမ်း၊ မြစ်ဆုံဈေးတန်း ။
               ( ဂ)  မောင်လနူး၊ ၂၃ နှစ်၊ (ဘ) ဦးခင်မောင်လှ၊ ကချင်/ ခရစ်ယာန်၊ ကျဘမ်း၊ မြစ်ဆုံဈေးတန်း ။
               (ဃ) မောင်လဖိုင်တန်ဂွန်း ၊ ၂၁နှစ်၊ (ဘ) ဦးလဖိုင်နော်၊ ကချင်/ ခရစ်ယာန်၊ သုံးဘီးမောင်း ၊ ကျိန်ခရန်ရွာ။
               (        င) မောင်ဇိန်ထုံးလဒွဲ ၊ ၁၈ နှစ်၊(ဘ)ဦးဇိန်ထုံး ဘောက်နော်၊ကချင်/ခရစ်ယာန်၊  ကျောင်းသား၊ အောင်မြင်သာကျေးရွာ ။
               ( စ)  မောင်တိုးကြီး၊ ၂၆ နှစ်၊(ဘ)စုံစမ်းဆဲ၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ မြစ်ဆုံဈေးတန်း။
               (ဆ) မောင်သီဟနိုင်ခေါ်မျိုးကို၊၂၁နှစ်၊(ဘ)ဦးမြင့်နိုင်၊ဗမာ/ဗုဒ္ဓ၊ မြစ်ဆုံဈေးတန်း။
               ( ဇ)  မောင်တင်အောင်ဆန်း ၊ ၂၄ နှစ်၊ (ဘ) ဦးတင်ညွန့် ၊ ဗမာ/ ခရစ်ယာန်၊ ဒူးကထောင်ရပ်ကွက် ။
               ( ဈ) မောင်မျိုးအောင် ၊ ၂၃ နှစ်၊ (ဘ) စုံစမ်းဆဲ၊ မြစ်ဆုံဈေးတန်း ။
               (ည) မောင်စိုးရာဇာ ၊ ၃၂ နှစ်၊ (ဘ) စုံစမ်းဆဲ၊ မြစ်ဆုံဈေးတန်း။
               ( ဋ)  မောင်စိုးဝင်း ၊၂၂ နှစ်၊ (ဘ) စုံစမ်းဆဲ၊ ညောင်ပင်သာရွာ၊ အင်းတော် မြို့နယ် ။
               ( ဌ)  မောင်သိန်းထိုက်ဦးခေါ်ဇော်ဦး ၊ ၂၁ နှစ်၊(ဘ)စုံစမ်းဆဲ၊ အင်းတော်မြို့နယ်။
               ( ဍ)  မောင်မျိုးလင်းဦး၊ ၁၉ နှစ်၊(ဘ) စုံစမ်းဆဲ၊ ရှမ်း/ ဗုဒ္ဓ၊ မော်ဖောင်း ကျေးရွာ၊ အမျိုးသား တစ်ဦး စိစစ်ဆဲ ။
               ( ဎ)  မဆိုင်းပန်၊ ၁၆ နှစ်၊(ဘ) ဦးအင်ခရမ် တန်ဂွန်း၊ ကချင်/ ခရစ်ယာန်၊ မူကြို ဆရာမ၊ ကျိန်ခရန်ရွာ။
               (ဏ) မလုပန် ၊ ၁၄ နှစ်၊(ဘ) ဦးနော်ဂျာ၊ ကချင်/ ခရစ်ယာန်၊ ၇တန်းကျောင်းသူ၊ ကျိန်ခရန်ရွာတို့ ဖြစ်ကြောင်း သတင်းရရှိပါသည်။
            အထက်ပါ ဖမ်းဆီ်းခေါ်ဆောင်မှု သတင်းအား သက်ဆိုင်ရာမှ နိုင်ငံတော် အကြီးအကဲများထံ အသိပေး တင်ပြထားကြောင်း သိရပါသည်။ အဆိုပါသတင်းအား အစိုးရနှင့် အဖွဲ့အစည်းများမှ ဆောင်ရွက်လျှက် ရှိသော ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များအပေါ် ထိခိုက်မှု မရှိစေရန်၊ ဖမ်းဆီးခံရသူများ အန္တရာယ် ကင်းရှင်းစွာ ပြန်လည် လွတ်မြောက်လာနိုင်စေရန်နှင့် နောင်တွင် အလားတူ အဓမ္မ လူသစ် ဖမ်းဆီးမှု များ  ပပျောက်စေရန်တို့ အတွက် စုံစမ်းဖော်ပြ ပေးနိုင်ပါရန် သတင်းမီဒီယာ ကောင်စီသို့ လိပ်မူ၍ သတင်းဓာတ်ပုံနှင့် အချက်အလက်များအား အာက်ပါ မီဒီယာများသို့ လည်း ပေးပို့ ထားပြီး ဖြစ်ပါသည်။
               Eleven Media Group ( info@firsteleven.com)
              The Voice Weekly ဂျာနယ် ( editor@thevoiceweekly.net \ thevoice webteam @gmail.com)
               7 Day News ဂျာနယ်( editor@7daynewsjournal.com)
               Hot News Weekly ဂျာနယ်( hotnewsjournal@gmail.com)
               The Express Times ဂျာနယ်( expresstimesmm@gmail.com)
               Yangon Media Group( yangonmediagroup2012@gmail.com)
               Popular News ဂျာနယ်( popularnews@popularmyanmar.com)
               မြန်မာတိုင်း(မ်) ဂျာနယ်( newsroom@myanmartimes.com.mm)
               The Messenger ဂျာနယ်( messengernewsjournal@gmail.com)
               The Myanmar Independent News ဂျာနယ်( info@myanmarij.com)
               ပြည်သူ့ခေတ် ဂျာနယ်( peoplesage2010@gmail.com)
               Venus News ဂျာနယ်( thevenusnewsjournal@gmail.com)
               DVB သတင်းဌာန ( dvbburma@online.no)
               ဧရာဝတီ သတင်းဌာန( editor@irrawaddy.org)
               ဘီဘီစီ သတင်းဌာန( bbcburmese@gmail.com)
               Mizzima သတင်းဌာန( mizzima@mizzima.com)
               RFA သတင်းဌာန( burweb@rfa.org)
               VOA သတင်းဌာန( burmese@voanews.com)
               ရွှေမြစ်မခ media group( admin@myitmakha.com)

မြ၀တီ

No comments:

Post a Comment