Thursday 14 February 2013

“ဝယ်ယူထားသောကုန်ပစ္စည်းအား အမှိုက်စွန့်နိုင်သော အိတ်ဖြင့် ထည့်ပေးရန် တောင်းခံနိုင်”


ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းရှိ မည်သည့်ဈေးဆိုင်များတွင်မဆို ကုန်ပစ္စည်းဝယ်ယူပါက အမှိုက်စွန့်ပစ် နိုင်သောအိတ်ဖြင့်ထည့်ပေးရန် တောင်းခံနိုင်ကြောင်း ရန်ကုန် စည်ပင်မှ သိရသည်။
ပြည်သူများအနေဖြင့် အမှိုက် ခွဲခြားစွန့်ပစ်အိတ်များအား သီးသန့် ဝယ်ယူသုံးစွဲရခြင်း မရှိစေရန်အတွက် ရန်ကုန်စည်ပင်မှ စီစဉ်ထားခြင်းဖြစ်ပြီး အမှိုက်စွန့်ပစ်အိတ်အဖြစ် အသုံးပြုရန် သတ်မှတ်ထားသော
အပြာရောင်နှင့် အစိမ်းရောင်အိတ်များဖြင့်သာ ကုန်ပစ္စည်းထည့် ပေးရန် ပြည်သူများမှ တောင်းဆို သော်လည်း ဈေးဆိုင်များမှ ဆောင် ရွက်ပေးနိုင်မှုမရှိပါက ရန်ကုန်စည်ပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသို့ ဆိုင်လိပ်စာ အတိအကျဖြင့် တိုင်ကြားနိုင်သည်ဟု အဆိုပါဌာနမှ လက်ထောက် ဌာနမှူး ဦးရဲကျော်မိုးက ပြောသည်။
City Mart နှင့် Shopping Mall များသည် 4င်းတို့ဆိုင်၏ အမည်များဖြင့် ပလတ်စတစ်အိတ်များတွင် Logo များ ရိုက်နှိပ်ဖော်ပ၍ အသုံးပြုလျက်ရှိပြီး ယင်းကိုလည်း ဌာနမှ ခွင့်ပြုထားကြောင်း၊ သို့သော် ဝယ်ယူသုံးစွဲသူမှ အမှိုက်စွန့်ပစ်နိုင်သည့် အိတ်အရောင်ဖြင့်သာ ထည့်ပေးရန် အဆိုပါဆိုင်များ၌လည်း တောင်းခံနိုင်ကြောင်း အထက် ပါ အရာရှိက ပြောသည်။
12×20 အထက် ပလတ်စတစ်အိတ်များအား အမှိုက်ပြန် လည်စွန့်ပစ်နိုင်ရေးအတွက် အစိမ်း နုရောင်နှင့် အပြာနုရောင်အိတ်များ ကိုသာ ထုတ်လုပ်ရန် ရန်ကုန်စည် ပင်မှ ပလတ်စတစ်လုပ်ငန်းရှင်များ နှင့် ညှိနှိုင်းထားပြီးဖြစ်ရာ ပြည်သူ များမှ ဈေးဆိုင်များ၌ အဆိုပါအိတ် များ တောင်းခံသော်လည်း မရရှိပါ က ဌာနသို့တိုင်ကြားလျှင် ယင်းဆိုင် များကိုပေးပို့သော ပလတ်စတစ် လုပ်ငန်းရှင်ကို ဌာနမှ သိရှိနိုင်မည် ဖြစ်ပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၄င်းက ပြောသည်။
အမှိုက်အစို၊ အခြောက်ခွဲခြား စွန့်ပစ်စနစ်ကို ရန်ကုန်စည်ပင်မှ ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများမှ လိုက်ပါ ဆောင်ရွက်မှု ၇ဝ ရာခိုင်နှုန်း ခန့်ရှိပြီဖြစ်ကြောင်း ရန်ကုန်စည်ပင် မှ သိရသည်။
အမှိုက်စွန့်ပစ်အိတ် တောင်းခံ သော်လည်း မရရှိသည့် ဆိုင်များ အား လိပ်စာအပြည့်အစုံဖြင့် ပတ် ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့် ရှင်းရေးဌာန ဖုန်း ဝ၁-၂၄၆၅၇၁၊ ဝ၉-၅ဝ၈၇၂၂၁၊ ဝ၉-၅၁၈၇၈၅၄ တို့သို့ ဆက်သွယ်တိုင်ကြားနိုင် သည်။
WM
popular

No comments:

Post a Comment