Thursday 14 February 2013

အမျိုးသား ၇ ဦးခန့်က ကားပစ္စည်းဂိုထောင်စောင့်အား ရိုက်နှက်ပြီး ဆယ်သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများအား လုယက်

ဒဂုံတောင်မြို့နယ်တွင်  အမျိုးသား ၇ ဦးခန့်က ကားပစ္စည်း ဂိုထောင်စောင့်အား ရိုက်နှက်ပြီး ဂိုထောင်အတွင်းမှ ဆယ်သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများအား လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် မနက် ၅ နာရီအချိန်တွင် ဒေါ်အေးမိမိခိုင် (၃၇) နှစ်၊ ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဧရာဝတီပါဝါကုမ္ပဏီ (ကားလေလံဆွဲကုမ္ပဏီ)
မင်္ဂတောင်ညွှန့်မြို့နယ်နေသူသည် အိမ်၌ရှိနေစဉ် လုံခြုံရေးအဖွဲ့မှ ဖုန်းဖြင့်အကြောင်းကြားရာ  ဒေါ်အေးမိမိခိုင်၏ ကုမ္ပဏီပိုင် ဒဂုံတောင်မြို့နယ်  (၁၄၄)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် စက်မှုဇုန်လမ်းထောင့်၊ အမှတ် (၃၈၇) ရှိ ကားပစ္စည်းများထားသည့် ဂိုထောင်သို့ မနက် ၂ နာခွဲအချိန်တွင် အမျိုးသား (၇)ဦးခန့်မှ လိုက်ထရပ်ကားတစ်စီးဖြင့် ရောက်ရှိလာကြောင်း သိရသည်။
ထို့နောက် ဂိုထောင်စောင့် လုံခြုံရေးဝန်ထမ်းနှစ်ဦးအား ကြိုးနှင့်တုတ်ခြင်း၊ ပါးစပ်မျက်လုံးများကို အ၀တ်နှင့်ပတ်ကာ ၀ိုင်းဝန်းထိုးကြိတ်ပြီး ဂိုထောင်တံခါးအား ရိုက်နှက်ဖွင့်၍ အတွင်းမှ ပစ္စည်းများအား သယ်ဆောင်သွားကြောင်း သိရသည်။ထို့ကြောင့် ဒေါ်မိမိခိုင်မှ ဂိုထောင်အတွင်းရှိ ပစ္စည်းများအား  သွားရောက်ကြည့်ရှုစစ်ဆေးရာ (၉၂) ဖင်ကောက် ဘင်အဖြူရောင် နောက်ပိတ်တံခါး(၁၅)ချပ်၊ တစ်ချပ်လျင် (၅)သောင်းနှုန်း၊ စုစုပေါင်းတန်ဖိုး (၇၅၀၀၀၀ိ/-)၊ အင်ဗာတာတစ်လုံး တန်ဖိုး(၇၀၀၀၀ိ/)၊ ၂၀၀ AMP အနက်ရောင် ဘက္ထရီအိုးတစ်လုံး၊ တန်ဖိုး(၈၀၀၀၀ိ/)နှင့် Canter ကား Freame ရှေ့ဖြတ်နှစ်ခု၊ တစ်ခုလျင်  (၇၀၀၀၀ိ/) ဖြင့် တန်ဖိုး(၁၄၀၀၀၀ိ)၊ စုစုပေါင်းတန်ဖိုး (၁၀၄၀၀၀၀ိ/)တို့အား ကားဖြင့် သယ်ဆေင်သွားကြောင်း ဒဂုံတောင်မြို့နယ် ရဲစခန်းမှ စစ်ဆေးချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်ကို ဒဂုံတောင် ရဲစခန်း(ပ)၁၁၂/၂၀၁၃၊ ပုဒ်မ-၃၉၇ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သွားသူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသ
EMG

No comments:

Post a Comment