Sunday 6 January 2013

ပန်းဘဲတန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် အဓမ္မပြုကျင့်မှုဖြစ်ပွား

ဇန်န၀ါရီလ ၃ ရက်နေ့မွန်းလွဲပိုင်းက ပန်းဘဲတန်းမြို့နယ် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ရုံးခန်းတွင်  အသက် ၁၅နှစ်အရွယ် မိန်းခလေး တစ်ဦး အား အလိုမတူ ဘဲသားမယားပြုကျင့် မှုဖြစ်ပွားခဲ့သည်ဟု ကာယကံ ရှင်မိသားစုဝင်များက ပြောဆိုချက်အရ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး၏ ကနဦးစစ်ဆေးချက်များအရ  ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် ပညာ ဒါနကျူရှင် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကျပမ်းစကားပြောပြိုင်ပွဲ အပြီးတွင် ကိုသားကြီး (ခ)ခင်မောင်ထူး(ခ)ဆိုဖီရင်း (အသက်၂၂) က အဆိုပါပညာဒါနတွင် တက်ရောက်သင်ကြားနေသော အသက်၁၅နှစ်အရွယ် ၁၀တန်း ကျောင်းသူ တစ်ဦးကို ကိုကာကိုလာ အချိုရည်ထဲတွင် အိပ်ဆေး ခတ် ပြီး အလို မတူဘဲ သားမယားပြုကျင့်ခဲ့သည်ဟု ဆိုသည်။


ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မိန်းကလေး၏ ဦးလေးဖြစ်သူက "အဖွဲ့အစည်းတစ်ခုလုံးကိုမဆိုလိုချင်ပါဘူး ကလေးက စာမေးပွဲဖြေတော့မှာ ၊ အဲဒီပန်းဘဲတန်းပါတီ တာဝန်ရှိသူတွေ လစ်ဟင်းလို့ ဒီလို ကိစ္စတွေဖြစ် ရတာ ဒါကိုမကြေနပ်ဘူး" ဟုပြောသည်။

ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတာဝန်ရှိသူများသည် ဖြစ်စဉ်မှ သုံးရက်ကြာ ယနေ့ မွန်းလွဲ ၂နာရီခွဲထိ လာရောက်တွေ့ဆုံခြင်းမရှိသေးကြောင်း ကာယကံရှင်မိသားစုမှပြောသည်။ ၄င်းအပြင် စွပ်စွဲခံရသူ  ကိုသားကြီး(ခ)ကိုခင်မောင်ထူးမိသားစုနှင့်လည်း တွေ့ဆုံညှိနှိုင်းခြင်းမရှိကြောင်း မိန်းကလေး၏ မိသားစုဘက်မှ ပြောသည်။


ပန်းဘဲတန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပိတ်ရက်ဖြစ်သည့်အပြင် အဆိုပါရုံးမှတာဝန်ရှိသူ ကိုဋ္ဌေးလွင် အား YPI မှ သွားရောက်တွေ့ဆုံဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်ရခဲ့ခြင်းမရှိပါ။


ကျူးလွန်သည်ဟုသံသရရှိခြင်းခံရသူ ကိုသားကြီး(ခ)ခင်မောင်ထူး မိသားစုဝင် တစ်ဦးကလည်း "ရည်းစားဖြစ်တယ်ဆိုတာလည်း ကျွန်တော်တို့ မသိပါဘူး။အခုထိ သူနဲ့တွေ့ခွင့်မရသေးတဲ့အတွက် ကျွန်တော်တို့ဘက်က ဘာမှမပြောနိုင်ဘူး"ဟု ပြောသည်။


သားမယားပြုကျင့်သူဟု စွပ်စွဲခံရသူ ကိုသားကြီ(ခ)ခင်မောင်ထူး(ခ) ဆိုဖီရင်းသည် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ပြီး နောက်ဆုံးနှစ် ဥပဒေဘာသာရပ်ကို ဖြေဆိုထားသူဖြစ်သည်ဟု ကိုသားကြီး ၏ မိသားစု ၀င်များထံမှသိရသည်။


ယခုကိစ္စကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှ ယနေ့ရှင်းလင်း ပြောဆိုချက်ကို ပေါ်ပြူလာ နယူးစ် ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖေါ်ပြထားရာ ရန်ကုန်တိုင်း NLD အဖွဲ့မှ ဦးလှသိန်းက ၎င်းတို့အနေဖြင့် စစ်ဆေးနေကြောင်း၊ ကောင်လေးနှင့် ကောင်မလေးမှာရည်ငံနေသည်ဟု သိရကြောင်း အမှုဖွင့်ထားသည့် ကိစ္စအသေးစိတ်ကို ထပ်မံစုံစမ်းဆဲဖြစ်သည်ဟု ဖေါ်ပြထားသည်။


အမှုအားပန်းဘဲတန်းရဲစခန်းမှ ပြစ်မှုပုဒ်မအမှတ် (ပ)၈/၂၀၁၃ ၊ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးထံမှသိရသည်။

No comments:

Post a Comment