၂၀၁၃ နှစ်သစ်ကူးနေ့ မတိုင်ခင်တစ်ရက်က ဘရာဇီးနိုင်ငံ Arapiraca မြို့က ထောင်တစ်ခုရဲ့ ဂိတ်ဝထဲကို အဖြူရောင် ကြောင် တစ်ကောင်ဖြတ်ဝင်သွားလို့ ရဲတွေက မသင်္ကာဖြစ်ပြီး ဖမ်းလိုက်ပါတယ်။ ရဲတွေ က ကြောင်ရဲ့ကိုယ်ပေါ်မှာ ဆဲလ်ဖုန်း၊ လွန်ပူ၊ လွှအသေး ၊ကော်ကပ်တိပ် တွေကို ရှာဖွေတွေ့ကြောင်း သိရပါတယ်။
ထောင်ထဲက အကျဉ်းသား၂၆၃ ယောက်စလုံးကို သံသယ ရှိနေပြီး ထောင်ထဲကို ပစ္စည်းခိုးသွင်းဖို့ ကြိုးစားတာလို့ ယူဆကြောင်း ဆိုပါ တယ်။
ဒါပေမဲ့ ကြောင်က စကားမပြောတတ်တော့ ဘယ်သူက တရားခံဆိုတာဖော်ထုတ်ဖို့ ခက်ခဲမှာဖြစ်ကြောင်း အကျဉ်းထောင်က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပြပါတယ်။
(အေပီသတင်း - ၁၊ ၅၊ ၂၀၁၃)
Myanmar1
No comments:
Post a Comment