Sunday 6 January 2013

ကျောက်မျက် မှောင်ခို ရောင်းဝယ် သူများအား ရဲတပ်ဖွဲ့ စီးနင်း ဝင်ရောက် စိန်အလုံး ၁ဝဝဝ ကျော် သိမ်းဆည်း ရမိ

Photo: ကျောက်မျက် မှောင်ခို ရောင်းဝယ် သူများအား ရဲတပ်ဖွဲ့ စီးနင်း ဝင်ရောက် စိန်အလုံး ၁ဝဝဝ ကျော် သိမ်းဆည်း ရမိ
Sunday, 06 January 2013

ရုရှားနိုင်ငံ ဗော်လ်ဂို ဂရက်ဒ် မြို့ရှိ ရဲတပ်ဖွဲ့သည် ကျောက်မျက် ရတနာ မှောင်ခို ရောင်းဝယ်သူ များအား စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စိန်အလုံးရေ ၁ဝဝဝ ကျော်နှင့် အခြား ကျောက်မျက် ရတနာများကို သိမ်းဆည်း ရမိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

အရည်အသွေး မပြည့်မီသော ရွှေ၊ ငွေများနှင့် တွဲဖက်၍ ပြုလုပ် ထားသော လက်ဝတ် ရတနာများကို ကျောက်မျက် ရတနာ မှောင်ခို ရောင်းဝယ် သူများက တံဆိပ်တုများ ရိုက်နှိပ်၍ ပစ္စည်း အတု များ ပြုလုပ်ကာ
ပြည်သူများထံ ထုတ်လုပ် ရောင်းချ ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အစီရင် ခံစာထဲတွင် ဖော်ပြ ထားသည်။

ထို့ပြင် အမေရိကန် ဒေါ်လာ ၈၂ဝဝဝ တန်ဖိုးရှိ စိန်၊ နီလာ၊ မြနှင့် အခြား အဖိုးတန် ကျောက်မျက် ရတနာများ ကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့ဝင် များသည် သတင်း ပေးချက်အရ
ကျောက်မျက် ရတနာ တရားမဝင် ဖြန့်ဖြူးသည့် လမ်းကြောင်း များကို လိုက်လံရှာဖွေ ဖမ်းဆီးလျက် ရှိရာ မှောင်ခို ဈေးကွက်များ၊ အပေါင်ဆိုင် လုပ်ငန်းရှင် များနှင့် ကျောက် မျက် ရတနာ အရောင်း ဆိုင်များလည်း ပါဝင်ကြောင်း သိရသည်။

ထို့နောက် အသက် ၂၇ နှစ် နှင့် ၃၇ နှစ်အရွယ် ဒေသခံ နှစ်ဦးအား
ကျောက်မျက်ရတနာ မှောင်ခို ရောင်းဝယ်မှုဖြင့် စွဲဆိုထားပြီး ပြစ်မှု ထင်ရှားပါက ၄င်းတို့ နှစ်ဦးသည် ထောင်ဒဏ် ၁၂ နှစ် ကျခံရ နိုင်ဖွယ် ရှိကြောင်း သိရသည်။

မြ၀တီ
ရုရှားနိုင်ငံ ဗော်လ်ဂိုဂရက်ဒ် မြို့ရှိ ရဲတပ်ဖွဲ့ သည် ကျောက်မျက် ရတနာ မှောင်ခို ရောင်းဝယ်သူများအား စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စိန် အလုံးရေ ၁ဝဝဝ ကျော်နှင့် အခြား ကျောက်မျက်ရတနာများကို သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

အရည်အသွေးမပြည့်မီသော ရွှေ၊ ငွေများနှင့်တွဲဖက်၍ ပြုလုပ်ထားသော လက်ဝတ် ရတနာ များကို ကျောက်မျက်ရတနာ မှောင်ခို ရောင်းဝယ်သူများက တံဆိပ်တုများရိုက်နှိပ်၍ ပစ္စည်းအတု များ ပြုလုပ်ကာပြည်သူများထံ ထုတ်လုပ် ရောင်းချခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အစီရင်ခံစာထဲတွင် ဖော်ပြ ထားသည်။

ထို့ပြင် အမေရိကန် ဒေါ်လာ ၈၂ဝဝဝ တန်ဖိုးရှိ စိန်၊ နီလာ၊ မြနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာများ ကိုလည်း ရဲတပ်ဖွဲ့ကသိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့ဝင်များသည် သတင်း ပေးချက် အရကျောက်မျက် ရတနာ တရားမဝင် ဖြန့်ဖြူးသည့် လမ်းကြောင်းများကို လိုက်လံရှာဖွေဖမ်းဆီးလျက် ရှိရာ မှောင်ခို ဈေးကွက်များ၊ အပေါင်ဆိုင် လုပ်ငန်းရှင်များနှင့် ကျောက်မျက်ရတနာ အရောင်း ဆိုင်များ လည်း ပါဝင်ကြောင်း သိရသည်။

ထို့နောက် အသက် ၂၇ နှစ် နှင့် ၃၇ နှစ်အရွယ် ဒေသခံ နှစ်ဦးအားကျောက်မျက် ရတနာ မှောင်ခို ရောင်း ဝယ်မှုဖြင့် စွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက ၄င်းတို့ နှစ်ဦးသည် ထောင်ဒဏ် ၁၂ နှစ် ကျခံရ နိုင်ဖွယ် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment