Friday 25 January 2013

မိုင်းထိခဲ့သည့် သူတစ်ဦး အတွက် ဆေးဝါး အကူအညီ လို

မိုင်းထိခဲ့သည့် သူတစ်ဦး အတွက် ဆေးဝါး အကူအညီ လို

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ကချင်ပြည်နယ် ဖားကန့် မြို့တွင် မိုင်းဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီး အရိုး အထူးကု ဌာနသို့ ရောက်ရှိနေသော ဦးခေါဘောမ် သည် သွေးကြော ပြတ်မှုများ ကုသပြီးနောက် ဆေးဝါး စရိတ် လိုအပ် နေကြောင်း ကူညီ ဆောင်ရွက် ပေးနေသည့် ဦးခင်မောင်ဝင်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ အမျိုးသား သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားသော ဖားကန့်မြို့ တိုက်ပွဲတွင် ၄င်း၏ ခန္ဓာကိုယ် အနှံ့အပြား မိုင်းစများ ထိမှန်၍ ဒဏ်ရာ ရရှိခဲ့ပြီး ဦးခေါင်း၊ လက်မောင်း တို့တွင် မိုင်းစများ ပိုမို ထိမှန်ခဲ့သဖြင့် သွေးကြောများ ပြတ်တောက် သွားခဲ့ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ဦးခေါဘောမ်ကို ကူညီရန် မေတ္တာရှင် ဆရာတော်မှ ငွေကျပ် ၆ သိန်း လှူဒါန်း ထားပြီး ဆေးဝါး ဆက်သွယ် လှူဒါန်း လိုပါက ဖုန်းနံပါတ် ၀၉ ၄၄၀၀၀၂၆၉၆ သို့ ဆက်သွယ် လှူဒါန်းနိုင်သည်။

ကချင် ပြည်နယ်တွင် တိုက်ပွဲ များကြောင့် ဖားကန့်၊ ဂင်စီ၊ လုံးခင်း၊ ဆိုင်းတောင်ရှိ ဘုန်းကြီးကျောင်း နှင့် ခရစ်ယာန် ဘုရားကျောင်း များသို့ ကျေးရွာ ၁၆ ရွာတို့မှ စာရင်း ရရှိသော စစ်ပြေး ဒုက္ခသည် ပေါင်း ၈၀၀၀ကျော် ရောက်ရှိနေပြီး အခြား စာရင်း မရရှိသော စစ်ပြေး ဒုက္ခသည် ဦးရေ ၄ သောင်းကျော် ရှိနေပြီ ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ရက် ထံမှ စုံစမ်း သိရှိရသည်။

(The voice)
ကချင်ပြည်နယ် ဖားကန့်မြို့တွင် မိုင်းဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရိုး အထူးကုဌာနသို့ ရောက်ရှိနေသော ဦးခေါဘောမ် သည် သွေးကြောပြတ်မှုများ ကုသပြီးနောက် ဆေးဝါးစရိတ် လိုအပ် နေကြောင်း ကူညီ ဆောင်ရွက်ပေးနေသည့် ဦးခင်မောင်ဝင်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ အမျိုးသားသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားသော ဖားကန့်မြို့ တိုက်ပွဲတွင် ၄င်း၏ခန္ဓာကိုယ်အနှံ့အပြားမိုင်းစများထိမှန်၍ ဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်း၊ လက်မောင်းတို့တွင် မိုင်းစများ ပိုမိုထိမှန်ခဲ့သဖြင့် သွေးကြောများ ပြတ်တောက်သွားခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ဦးခေါဘောမ်ကိုကူညီရန် မေတ္တာရှင် ဆရာတော်မှ ငွေကျပ် ၆ သိန်း လှူဒါန်းထားပြီး ဆေးဝါးဆက်သွယ် လှူဒါန်းလိုပါက ဖုန်းနံပါတ် ၀၉ ၄၄၀၀၀၂၆၉၆ သို့ ဆက်သွယ် လှူဒါန်းနိုင်သည်။

ကချင် ပြည်နယ်တွင် တိုက်ပွဲများကြောင့် ဖားကန့်၊ ဂင်စီ၊ လုံးခင်း၊ ဆိုင်းတောင်ရှိဘုန်းကြီးကျောင်း နှင့် ခရစ်ယာန် ဘုရားကျောင်းများသို့ ကျေးရွာ ၁၆ ရွာတို့မှ စာရင်းရရှိသောစစ်ပြေးဒုက္ခသည် ပေါင်း ၈၀၀၀ကျော် ရောက်ရှိနေပြီးအခြားစာရင်းမရရှိသော စစ်ပြေးဒုက္ခသည် ဦးရေ ၄ သောင်းကျော် ရှိနေ ပြီ ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေးကွန်ရက်ထံမှ စုံစမ်းသိရှိရသည်။

(The voice)

No comments:

Post a Comment