Friday 25 January 2013

ယာသီးနှံ စိုက်ပျိုးစရိတ် ချေးငွေ တစ်ဧက နှစ်သောင်းတိုးမြှင့် သတ်မှတ်

ယာသီးနှံများဖြစ်သော မြေပဲ ၊ နှမ်း ၊ နေကြာ ၊ ပဲမျိုးစုံ ၊ အစေ့ထုတ်ပြောင်း ၊ ဝါစိုက်ပျိုးသည့် တောင်သူများ စိုက်ပျိုးစရိတ်ကာမိစေရန် လာမည့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှစတင်ကာ တစ်ဧကလျင် ကျပ် တစ်သောင်းမှ ကျပ်နှစ်သောင်းသို့ တိုးမြှင့်ထုတ်ချေးပေးမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရှိရသည်။

ယင်းဌာန၏ထုတ်ပြန်ချက်များအရ လက်ကျန် ချေးငွေ ကြွေးဟောင်းများကို အပြည့်အဝ ပေးဆပ်ပြီးသူများ ကိုသာ ချေးငွေသစ်ကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
The Voice Weekly

No comments:

Post a Comment