
UNFC နှစ်ပတ်လည်ညီလာခံတွင်
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန် ခဲ့သောကြေငြာချက်အပါအ၀င် UNFC ၏ကြေငြာချက်များအား
KNU အဖွဲ့မှ လက်မခံ၊ သဘောမတူကြောင်း KNU အထွေထွေ
အတွင်းရေး မှူး
ဖဒိုကွယ်ထူးဝန်းမှ
ပြောကြားခဲ့သည်။ ၄င်း UNFC
ကြေငြာချက်တွင် အခုအချိန်မှစပြီးလာမယ့် အစိုးရနဲ့
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး ရန်နဲ့
နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကိစ္စများအား UNFC တစ်ဖွဲ့ထဲကနေ ဦးဆောင်သွားမည်ဆိုသောအချက်ကို သဘောမတူကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒိုကွယ်ထူးဝန်းမှ ပြောကြားခဲ့သည်။ KNU အဖွဲ့မှ အပစ်အခတ်ရပ်စဲရေးခိုင်မာအောင်ဆက်လက်လုပ်ဆောင်ရန် တစ်ဖွဲ့ခြင်းအနေဖြင့် အစိုးရအား
ဆက်လက်တွေ့ဆုံရန်သဘောထားရှိပြီး ၎င်းအတိုင်းပင်ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း ၎င်းမှ ပြောကြားသွားသည်။ KNU ခေါင်းဆောင်သစ်များအနေဖြင့်
ယခင်တပ်ပေါင်းစုများ ၀င်ရောက် ခဲ့သည့် မူအတိုင်းပင် UNFC နှင့်ဆက်လက်လက်တွဲဆောင်ရွက်သွားမည်ဟုသိရှိရကြောင်း သို့သော် UNFC နှင့် ပတ်သက်၍
အချို့အချက်များအား မေးခွန်းထုတ်စရာ၊ စိစစ်စရာများရှိသည်ဟူသော သဘောထားများ
KNU အတွင်းတွင်ရှိနေကြောင်း PNLO ဥက္ကဥ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ
ပြောကြားခဲ့သည်။ UNFC မှ ချမှတ် ထားသောမူနှင့် KNU ၏ (၁၅)
ကြိမ်မြောက်ကွန်ရက်မှ ချမှတ်ထားသည့်မူအကြား ကွဲလွဲမှုမရှိစေရန် ဇန်န၀ါရီလ
(၂၁) ရက်နေ့တွင် ဗိုလ်မှူးကြီး ခွန်ဥက္ကဌ ပါဝင်သည့် UNFC
ကိုယ်စားလှယ်အဖွဲ့မှ KNU အဖွဲ့ အား မဲဆောက်မြို့ တွင်
သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်းသိရှိရသည်။
No comments:
Post a Comment