Saturday 3 November 2012

ရခိုင် ပဋိပက္ခ ဒုက္ခသည်များကို တိုက်ရိုက်ကူညီမည်ဟု သံတမန်များ ပြောကြား

ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွား ခဲ့သော ပဋိပက္ခများကြာင့်   နေရပ် စွန့်ခွာ ထွက်ပြေး နေရသည့် ဒုက္ခသည် များ အတွက် လူုသားချင်း
စာနာမှု အကူအညီ များကို တိုက်ရိုက် လှူတန်း သွားမည် ဖြစ်ကြောင်း ပဋိပက္ခ ဖြစ်ပွားခဲ့မှုများကို လေ့လာရန် ရခိုင်ပြည်နယ် သို ရောက်ရှိ နေသည့် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်၊ အမေရိကန် နှင့် Australia နိင်ငံ သံအမတ် ကြီးများက နိုဝင်ဘာ ၁ရက် နေ့တွင် ပြောကြား ခဲ့ကြောင်း ယင်းဒေသခံ များထံမှ သိရှိရသည်။"အစိုးရ မဟုတ်တဲ့ ယုံကြည် စိတ်ချရတဲ့ သူတွေ ဆီက တစ်ဆင့် အထောက်အပံ့ ပစ္စည်းတွေကို လှူတန်းမယ်" ဟု မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ် Andrew Heyn က ကျောက်ဖြူ မြို့ရှိ လူမှု ကူညီရေး အဖွဲ့များ နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့ကြောင်း ယင်း တွေ့ဆုံပွဲကို တက်ရောက် ခဲ့သူ ဦးလှမျိုးအောင် က ဆိုသည်။

လတ်တလော ပဋိပက္ခ ဖြစ်ပွား ခဲ့မှုကြောင်း ရခိုင်ပြည်နယ် တွင် လူပေါင်း ငါးသောင်း ရှစ်ထောင်ကျော် ခန့် စားဝတ် နေရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ် လိုအပ် နေသဖြင့် အစိုးရ မှတစ်ဆင့် လှူတန်းခြင်း မပြုတော့ဘဲ ယင်းသို့ INGO နှင့် NGO အဖွဲ့အစည်း များမှ လှူတန်း ရခြင်း ဖြစ်ကြောင်း သံအရာရှိ များက ပြောကြား ခဲ့သည်ဟု ၄င်းက ထပ်မံ ပြောကြားသည်။

သံအရာရှိ များက ယင်းသို့ INGO နှင့် NGO အဖွဲ့အစည်း များမှ တိုက်ရိုက် လှူတန်း မည်ဟု ဆိုသော်လည်း ရခိုင်ပြည်နယ် အတွင်း ဇွန်လက ဖြစ်ပွားခဲ့သော ပဋိပက္ခ များတွင် ယင်း အဖွဲ့အစည်း များက ပါဝင် ပတ်သက် သည် ဟုဆိုကာ ရခိုင်ပြည်နယ် အနှံ့ ဆန္ဒ ပြမှုများ ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွား ခဲ့သော ပဋိပက္ခ များကို လေ့လာရန် ဗြိတိန် သံအမတ်ကြီး Andrew Heyn၊ အမေရိကန် သံအမတ်ကြီး Derek Mitchell  နှင့် သြစတေးလျ သံအမတ်ကြီး Ms. Bronte Moules တို့ က နိုဝင်ဘာ လ ၁ ရက်နေ့ က ရခိုင်ပြည်နယ် သို့ ရောက်ရှိ နေကြောင်း ရခိုင်ပြည်နယ် အ  စိုးရ အဖွဲ့ထံမှ သိရှိရသည်။







The Voice Weekly

No comments:

Post a Comment