Monday 24 September 2012

“ iphone 5 ကို ၁၅ သိန်းဂျီအက်(စ်)အမ်ဖုန်းရှင်များ သုံးခွင့်မရသေး”

Monday, 24 September 2012


ဈေးကွက်၌ အသစ်ရောက်ရှိလာသည့် iphone 5 သုံးစွဲရန်အတွက် ဆယ့်ငါးသိန်းတန် ဂျီအက်(စ်)အမ် ကိုင်ဆောင်ထားသူများ ဆင်းကတ် အခက်အခဲ ရှိနေကြောင်းသိရသည်။ ပြည်တွင်း၌ iphone 5 မှာငါးသိန်းနှင့် နှစ်သိန်းတန် ဂျီအက်(စ်)အမ် ဆင်းကတ်များဖြင့်သာ သုံးစွဲရန် အဆင်ပြေပြီး ယခင် ဆယ့်ငါးသိန်း ဂျီအက်(စ်)အမ် များဖြင့် သုံးစွဲ၍ မရနိုင်ဘဲ ဆင်းကတ် လဲလှယ်ရန် လိုအပ်မည်ဟု လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှ အရောင်းဝန်ထမ်း တစ်ဦး က ပြောသည်။
“iphone 5 ရဲ့ ဆင်းကတ်ဆိုဒ်က 1.5 mm မို့လို့ ၁၅ သိန်းတန် ဂျီဆင်း ကတ်ကလွဲရင် ကျန်တဲ့ ဂျီကတ်အကုန် လွတ်လွတ်ကင်းကင်း ထည့်သုံးလို့ ရနေတယ်” ဟု အထက်ပါ မိုဘိုင်းဆိုင်မှ ဖြေသည်။
Iphone 5 အနေဖြင့် ယခုလအတွင်း ပြည်တွင်း မိုဘိုင်းဈေးကွက် ၌ ရေပန်း အစားဆုံး ဖြစ်ခဲ့သော်လည်း လက်ရှိတွင် မိုဘိုင်းဖုန်းအားလုံး အသုံးပြု၍ မရနိုင်ခြင်းကြောင့် ၀ယ်ယူသူ နည်းပါးနေသေးကြောင်း မိုဘိုင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။
“၀ယ်တော့ဝယ်ချင်တယ်။ ဒါပေမယ့် ဒီဆင်းကတ်ကြီးကိုသွားလဲ ကြည့်ရ ဦးမယ်။ အဆင်ပြေမှ ၀ယ်ကိုင်လို့ ရတော့မှာ” ဟု ဆယ့်ငါးသိန်းတန် ဂျီအက်စ်အမ် ကိုင်ဆောင်ထားသူ တစ်ဦးကပြောသည်။
ပြည်တွင်းသို့ ယခုလ (၂၃)ရက်နေ့မှ စ၍ iphone 5 ဖုန်းများ စတင် ၀င်ရောက်လာပြီး လက်ရှိတွင် ကျပ် (၁၂)သိန်းခွဲ ခန့်ဖြင့် ရောင်း ချနေကြကြောင်း သိရသည်။

သုတလင်း

No comments:

Post a Comment