Monday 24 September 2012

မဲခေါင်မြစ်တွင် တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်မှုအတွက် အဓိက တရားခံဟု စွပ်စွဲခံရသည့် နော်ခမ်းက အပြစ်ရှိကြောင်း ထွက်ဆို


Monday, 24 September 2012
၂၀၁၁ ခုနှစ်တွင် မဲခေါင်မြစ်၌ ဖြစ်ပွားခဲ့သော တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်မှုအတွက် အဓိက တရားခံဟု စွပ်စွဲခံရသည့် နော်ခမ်းက ပြစ်မှုများကို ကျူးလွန်ခဲ့ကြောင်း စက်တင်ဘာ ၂၀ ရက်နေ့တွင် ၀န်ခံခဲ့သည်။
လူသတ်မှု၊ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု၊ ပြန်ပေးဆွဲမှုနှင့် သင်္ဘောအပိုင်စီးမှု စသည့်ပြစ်မှုများဖြင့် တရားစွဲခံထားရသည့် နော်ခမ်းနှင့် အပေါင်းအပါငါးဦးကို တရုတ်တောင်ပိုင်း၊ ယူနန်ပြည်နယ်မြို့တော် ကူမင်းရှိ Intermediate People's Court တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှမူးယစ်လက်နက်ကိုင်အဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်သူ နော်ခမ်းက မိမိကျူးလွန်ခဲ့မှုများအတွက် နောင်တရကြောင်းတရားရုံးတွင် ပြောကြား
ခဲ့ပြီးမိမိ၏ ပြစ်ဒဏ်အတွက်သက်ညှာပေးမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

နော်ခမ်းသည် တရုတ်-မြန်မာ-လာအိုနယ်စပ်အနီး မဲခေါင်မြစ်တစ်လျှောက် နာမည်ဆိုးဖြင့်ကျော်စောသော လက်နက်ကိုင် မူးယစ်ဂိုဏ်းတစ်ခု၏ Godfather ဟု သတ်မှတ်ခံရသည်။

ရုံးတင်စစ်ဆေးမှု အစောပိုင်းတွင် နော်ခမ်းက''အဲဒီအချိန်က ဖြစ်ခဲ့တာတွေကို
ကျွန်တော် မသိပါဘူး။ သူတို့က ကျွန်တော့်ကို မပြောခဲ့ပါဘူး။အခင်းဖြစ်ပြီးမှ
သာ
သတင်းသိရတာပါ'' ဟု ပြောကြားခဲ့သည်။ ကျန်ရှိသည့် တရားခံငါးဦးကို စစ်ဆေး ခဲ့ရာတွင် နော်ခမ်းသည် ဂိုဏ်းခေါင်းဆောင်ဖြစ်ကြောင်းနှင့်တိုက်
ခိုက်မှုကို စီစဉ်ညွှန်ကြားသူဖြစ်ကြောင်း အားလုံးက ထွက်ဆိုခဲ့သည်။

တရားခံခြောက်ဦး၏ ဖြောင့်ချက်၊ သက်သေများ၏ ထွက်ဆိုချက်များ၊ DNA စစ်ဆေးမှုရလဒ်နှင့် အလောင်းခွဲစိတ်စစ်ဆေးမှုများ အပါအ၀င် ရာဇ၀တ်ပြစ်မှုအတွက် မငြင်းနိုင်လောက်သော လုံလောက်သည့် သက်သေ အထောက်အထားများကို အစိုးရရှေ့နေများ၏ စွဲချက်များတွင် ဖော်ပြခဲ့သည်။

နော်ခမ်းဦးဆောင်သည့်အဖွဲ့နှင့် ထိုင်းစစ်သားအနည်းငယ်ပါဝင်သည့် အဖွဲ့သည် မဲခေါင်မြစ်ရှိ ထိုင်းဆိပ်ကမ်းတစ်ခုအနီးတွင် ၂၀၁၀ ပြည့်နှစ်၌ ကုန်တင်သင်္ဘောနှစ်စီးကို အပိုင်စီး တိုက်ခိုက်ခဲ့ပြီး တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ခဲ့ကြောင်း အစောပိုင်း စစ်ဆေးမှုများတွင် ဖော်ပြခဲ့သည်။

နော်ခမ်းသည် ပြစ်မှုကျူးလွန်သည်ဟု စီရင်ချက်ချမှတ်ခံရပါက သေဒဏ်
ချမှတ်ခံရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံရေးသိပ္ပံနှင့်ဥပေဒေတက္ကသိုလ်မှ
ပါမောက Hong Daode က ပြောကြားခဲ့သည်။ တရုတ်တရားစီရင်ရေး
သမိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် မြန်မာနှင့်လာအိုနိုင်ငံမှ ရဲများသည်
လည်း တရားရုံးတွင် သက်သေထွက်ဆိုရမည်ဖြစ်သည်။

တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ရဲများပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ခဲ့
ရာတွင် နော်ခမ်းကို ဖမ်းဆီးမိခြင်းဖြစ်သည်။
eleven media group


No comments:

Post a Comment