Monday 24 September 2012

ဘီဘီစီကလွှင့်သွားသည့် Aung San Suu Kyi ; The Choice

Monday, 24 September 2012
ဘီဘီစီကလွှင့်သွားတဲ့ Aung San Suu Kyi ; The Choice ကို မကြည့်ရသေးရင် ကြည့်ဖို့ တိုက်တွန်းပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟိုးအရင် အကျယ်ချုပ်ကျနေစဉ်က ပုံရိပ်တွေ ၊ သူ့မိသားစုရဲ့ အခက်အခဲတွေ ၊ မိသားစုနဲ့ တိုင်းပြည်ကြားမှာ လုပ်လိုက်ရတဲ့ ခက်ခဲတဲ့ ရွေးချယ်ချက် စတဲ့အကြောင်းတွေကို ရိုက်ထားတာ.....။

ဒါတွေဟာ ခက်ခဲခဲ့တယ်ဆိုတာ လူတိုင်း သိပြီးသားပါဘဲ ။ ဒါပေမယ့် အခုလို ပူးပေါင်းတင်ဆက်ပြီး မမြင်ဖူးတဲ့ ပုံရိပ်တွေတွေပါ ပါတော့ ကြည့်ရတာ ပိုသဘောပေါက်စေတယ် ။ အချိန်ပေးရကျိုးနပ်ပါတယ် ။ အဲ.... ဦးနေ၀င်းရဲ့ '' သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး '' ဆိုတဲ့ သမိုင်းတွင် စကားကြီးကို ပြောနေတဲ့ ပုံရိပ်တွေလည်း ပါပါ့။ အားကြီးချစ်စရာကောင်း.....။

'' ရွေးကောက်ပွဲမှာ နိုင်တဲ့လူကို ဥပဒေအရ အာဏာလွှဲပေးမှာပါ '' လို့ နိုင်ငံခြားသတင်းထောက်တွေမေးတာကို ပြန်ဖြေနေတဲ့ ဟန်ဆောင်ပြုံးလေးနဲ့ ဦးစောမောင်ရဲ့ ပုံကိုလည်း အရှင်လတ်လတ်ကြီးတွေ့ရတယ် ။

မိုက်ကယ်အဲရစ်စ်ရဲ့ သေတဲ့ အထိ အားပေးခဲ့ပုံ ၊ စိတ်ရှည်နားလည်ပေးခဲ့ပုံကို ပိုနားလည်ရပါတယ် ။ သူ့ဇနီး အကျယ်ချုပ်ကျနေစဉ်မှာ သားတွေကို ခေါ်ပြီး အတတ်နိုင်ဆုံး မြန်မာပြည်ကို လာပုံတွေ .....ဒေါ်စုမိန့်ခွန်းပြောတဲ့ နေရာထိ Kim နဲ့လိုက်ခဲ့ဖူးပုံတွေရော ။

နောက်ပြီး Kim ပြောတဲ့ စကားတွေကလည်း စိတ်မကောင်းစရာပါဘဲ ။ အမေက ပြန်မလာနိုင်တော့တဲ့ နောက် မိုက်ကယ်ကဘဲ သားနှစ်ယောက်ကို မနိုင်မနင်းနဲ့ စောင့်ရှောက်ခဲ့ရပုံ ......။ ထားပါတော့..ပြောရင်တော့ ကုန်မှာ မဟုတ်ဘူး ။ တခြားအကြောင်းတွေလည်း ပါပါတယ် ။

ဒေါ်စုက သူ့မိသားစုအကြောင်းကို ဘယ်တော့မှ မမေးဘဲ မပြောတာ အားလုံးအသိဘဲ ။ အခုမေးလို့ ဖြေထားတယ် ......ကလေးတွေနဲ့ အတူ မနေနိုင်ခဲ့တဲ့အတွက် ၊ ကြီးပြင်းတဲ့ထိ မစောင့်ရှောက်နိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ် ။ I have regrets...... personal regrets တဲ့ ။ ဒါပေမယ့် မြန်မာပြည်မှာ နေဖို့ ရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီးတော့ ကျမမှာ သံသယ ၊နောင်တ ဆိုတာတွေ မရှိပါဘူး တဲ့ ။

ဒီ documentary မှာ စိတ်မကောင်းဖြစ်ရဆုံး ( ၂ ) ခု ရှိတယ် ။ တစ်ခုကတော့ မိုက်ကယ်အဲရစ်စ် မသေခင်ရက်ပိုင်းအတွင်း NLD ရုံးမှာ ရိုက်ထားတဲ့ ဒေါ်စုရဲ့ ပုံရိပ်ပါဘဲ ။ လူတွေကို ပြုံးပြနှုတ်ဆက်နေပေမယ့် မျက်နှာက ပူပင်မှုနဲ့ ကြေကွဲမှုဖြစ်နေတာ အသိအသာပါဘဲ ။ ( ကြိုးစားပြီး screenshot လုပ်ပေးလိုက်ပါတယ် ၊ ရိုက်ထားတာ ၁၉၉၉ ကတည်းဆိုတော့ ကြာလှပြီမို့ သိပ်မကြည်ဘူး ။ )

နောက်တစ်ခုကတော့ မိုက်ကယ်အဲရစ်စ်က သူသေမယ့်နေ့မှာ သူ့သူငယ်ချင်းကို ပြောတယ်.......'' စုကို ပြောလိုက်ပါ ၊ တို့တွေ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ် Tell Su , we have done our best '' . တဲ့ ။

http://www.youtube.com/watch?v=qmeM1T7vW6s&feature

1 comment:

  1. သူများ facebook status ကို ပြန်ခိုးချထားပါလား ရေးတဲ့လူနာမည်မပါတော့ ခိုးချတာပေါ့

    ReplyDelete