Saturday 8 December 2012

ထိုင်းထောင်များရှိ မြန်မာအကျဉ်းသားတွေလွှတ်ပေးရန် မေတ္တာရပ်ခံ

 
ထိုင်းထောင်များရှိ မြန်မာအကျဉ်းသားတွေလွှတ်ပေးရန် မေတ္တာရပ်ခံ
Saturday, December 08, 2012

ထိုင်းနိုင်ငံအကျဉ်းထောင်များထဲတွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသား ၁ သောင်းကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထံ မေတ္တာရပ်ခံ 
ခဲ့ကြောင်း သိရသည်။ 

ဘန်ကောက်မြို့ရှိ မြန်မာသံအမတ် ဦးတင်ဝင်း က ထိုင်းနိုင်ငံခြားရေးဝန်ကြီး စူရဖုန်း တိုးဝိကျတ် ချိုင်းကွန်း နှင့် ယခုလ ၆ ရက် နေ့က တွေ့ဆုံစဉ်တွင် ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဘီဘီစီ မြန်မာ ပိုင်း အစီအစဉ်က
ဖော်ပြခဲ့သည်။ 

“မြန်မာနိုင်ငံသား အကျဉ်းသားတွေထိုင်းအကျဉ်းထောင်တွေမှာ
ရှိနေတာလေ၊ တစ်သောင်းကျော်လောက် ရှိတယ်လို့ အကြမ်းမျဉ်း သိရတာပေါ့၊ ရှိသလောက်စာရင်းလေးတွေပြုစုပို့ပေးပြီးတော့၊ ဝန်ကြီးကိုပြောခဲ့တာ၊ လွတ်ငြိမ်း ချမ်းသာခွင့်လို သက်သာခွင့်လို ဟာမျိုးလေးတွေ ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံခဲ့တာ” ဟု ဦးတင်ဝင်း က ပြောဆိုထားသည်။ 

ထိုင်းနိုင်ငံ၏ နေ့ကြီးရက်မြတ်များထဲက ထိုင်းဘုရင်ကြီး နှင့် ဘုရင်မကြီး မွေးနေ့များတွင် နိုင်ငံတွင်း အကျဉ်းထောင်များရှိ အကျဉ်းသား အချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ရှိပြီး ယင်းသို့ လွှတ်ပေးရာတွင် ထိုင်းအကျဉ်းထောင်တွေထဲက မြန်မာ အကျဉ်းသားတွေကိုလည်း လွှတ်ပေးဖို့ မြန်မာသံအမတ်ကြီး က မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။ 

ထိုင်းထောင်များထဲတွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသားအများစုသည် မူးယစ်ဆေးဝါးမှု များဖြင့် ဖြစ်ကြောင်း သို့သော်လည်း မြန်မာနိုင်ငံသား
အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်၊ သက်သာခွင့်များ ရရှိစေရန်
မြန်မာသံရုံးအနေဖြင့် ထိုင်းအစိုးရထံ ထပ်မံ မေတ္တာရပ်ခံပေးသွား
မည်ဖြစ်ကြောင်း သိရသည်။ 

“ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ လိုအပ်တဲ့၊ ဌာနတွေ အကြီးအကဲတွေကို ဆက်ပြီးတော့ မေတ္တာရပ် ခံပေးမယ်ပေါ့၊ အထူး သဖြင့်တော့ တရားရုံး
လို့ယူဆရတာပေါ့၊ ဆက်ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်၊ အဲတော့ ကျနော်တို့က အခါအားလျှော်စွာ သူ့ကိုဆက်ပြီးတော့ မေတ္တာရပ်ခံ
ရဦးမှာပေါ့” ဟု ဦးတင်ဝင်း က ဖြေကြားထားသည်။

မြန်မာအစိုးရသစ်လက်ထက် အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်များ အကြိမ်ကြိမ် ပြုလုပ်ရာတွင် နိုင်ငံသား အကျဉ်းသားများ အပြင် နိုင်ငံခြားသား အကျဉ်းသားများ ပါဝင်ရာ ထိုအထဲ၌ အကြောင်းအမျိုးမျိုး ဖြင့် မြန်မာ
အကျဉ်းထောင်များတွင် အကျဉ်းကျနေသော ထိုင်းနိုင်ငံသားများလည်း ပါဝင်သည်။

မကြာခင်ရက်ပိုင်းအတွင်းကလည်း ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မိတ်ဝတ်မပျက်စေရေးဟုဆိုကာ ယခုလ ၅ ရက်နေ့ ထိုင်းဘုရင်မွေးနေ့ မတိုင်မီ နိုင်ငံတွင်းရှိ အကျဉ်းထောင်များထဲမှ အကျဉ်းသား ၈ ဦး ကို မြန်မာအစိုးရက လွှတ်ပေးကြောင်း ယခုလ ၃ ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာတွင်ဖော်ပြ ထားသည်။ 

ထိုအထဲတွင် ယခုနှစ်ဆန်းပိုင်းက ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့နယ်
အတွင်း ရော်ဘာစိုက်ပျိုးရန် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား များကို ဖမ်းဆီးထားပြီး လူဝင်မှု ကြီးကြပ်ရေး (လ၀က) ဥပဒေ၊ သစ်တော ဥပဒေ ပုဒ်မနှင့် လက်နက် ကိုင်ဆောင် သည့် အမှု တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ်ခွဲ ချမှတ်ခံထား ရသူများလည်းပါဝင်ခဲ့သည်။ 

ကျော်ခ
ဧရာဝတီထိုင်းနိုင်ငံအကျဉ်းထောင်များထဲတွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသား ၁ သောင်းကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီး က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထံ မေတ္တာရပ်ခံ ခဲ့ကြောင်း သိရသည်။
ဘန်ကောက်မြို့ရှိ မြန်မာသံအမတ် ဦးတင်ဝင်း က ထိုင်းနိုင်ငံခြားရေးဝန်ကြီး စူရဖုန်း တိုးဝိကျတ် ချိုင်းကွန်း နှင့် ယခုလ ၆ ရက် နေ့က တွေ့ဆုံစဉ်တွင် ယင်းသို့ တောင်းဆို ခဲ့ခြင်းဖြစ်ကြောင်း ဘီဘီစီ မြန်မာ ပိုင်း အစီအစဉ်ကဖော်ပြခဲ့သည်။

“မြန်မာနိုင်ငံသား အကျဉ်းသားတွေထိုင်းအကျဉ်းထောင်တွေမှာရှိနေတာလေ၊ တစ်သောင်းကျော်လောက် ရှိတယ်လို့ အကြမ်းမျဉ်း သိရတာပေါ့၊ ရှိသလောက်စာရင်းလေးတွေပြုစုပို့ပေးပြီးတော့၊ ဝန်ကြီးကိုပြောခဲ့တာ၊ လွတ်ငြိမ်း ချမ်းသာခွင့်လို သက်သာ ခွင့်လို ဟာမျိုးလေးတွေ ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံခဲ့တာ” ဟု ဦးတင်ဝင်း က ပြောဆိုထားသည်။

ထိုင်းနိုင်ငံ၏ နေ့ကြီးရက်မြတ်များထဲက ထိုင်းဘုရင်ကြီး နှင့် ဘုရင်မကြီး မွေးနေ့များတွင် နိုင်ငံတွင်း အကျဉ်းထောင်များရှိ အကျဉ်းသား အချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ရှိပြီး ယင်းသို့ လွှတ်ပေးရာတွင် ထိုင်းအကျဉ်းထောင်တွေထဲက မြန်မာ အကျဉ်းသားတွေကိုလည်း လွှတ်ပေးဖို့ မြန်မာသံအမတ်ကြီး က မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

ထိုင်းထောင်များထဲတွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသားအများစုသည် မူးယစ်ဆေးဝါးမှု များဖြင့် ဖြစ်ကြောင်း သို့သော်လည်း မြန်မာနိုင်ငံသားအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်၊ သက်သာခွင့်များ ရရှိစေရန်မြန်မာ သံရုံးအနေဖြင့် ထိုင်းအစိုးရထံ ထပ်မံ မေတ္တာရပ်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ လိုအပ်တဲ့၊ ဌာနတွေ အကြီးအကဲတွေကို ဆက်ပြီးတော့ မေတ္တာရပ် ခံပေးမယ်ပေါ့၊ အထူး သဖြင့်တော့ တရားရုံးလို့ယူဆရတာပေါ့၊ ဆက်ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်၊ အဲတော့ ကျနော်တို့က အခါအားလျှော်စွာ သူ့ကိုဆက်ပြီးတော့ မေတ္တာရပ်ခံရဦးမှာပေါ့” ဟု ဦးတင်ဝင်း က ဖြေကြားထားသည်။

မြန်မာအစိုးရသစ်လက်ထက် အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်များ အကြိမ်ကြိမ် ပြုလုပ်ရာတွင် နိုင်ငံသား အကျဉ်းသားများ အပြင် နိုင်ငံခြားသား အကျဉ်းသားများ ပါဝင်ရာ ထိုအထဲ၌ အကြောင်းအမျိုးမျိုး ဖြင့် မြန်မာအကျဉ်းထောင် များတွင် အကျဉ်း ကျနေသော ထိုင်းနိုင်ငံသားများလည်း ပါဝင်သည်။

မကြာခင်ရက်ပိုင်းအတွင်းကလည်း ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မိတ်ဝတ်မပျက်စေရေးဟုဆိုကာ ယခုလ ၅ ရက်နေ့ ထိုင်းဘုရင်မွေးနေ့ မတိုင်မီ နိုင်ငံတွင်းရှိ အကျဉ်းထောင်များထဲမှ အကျဉ်းသား ၈ ဦး ကို မြန်မာအစိုးရက လွှတ်ပေးကြောင်း ယခုလ ၃ ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာတွင်ဖော်ပြ ထားသည်။

ထိုအထဲတွင် ယခုနှစ်ဆန်းပိုင်းက ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့နယ်အတွင်း ရော်ဘာစိုက်ပျိုးရန် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား များကို ဖမ်းဆီးထားပြီး လူဝင်မှု ကြီးကြပ်ရေး (လ၀က) ဥပဒေ၊ သစ်တော ဥပဒေ ပုဒ်မနှင့် လက်နက် ကိုင်ဆောင် သည့် အမှု တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ်ခွဲ ချမှတ်ခံထား ရသူများလည်းပါဝင်ခဲ့သည်။

ဧရာဝတီ

No comments:

Post a Comment