Saturday 8 December 2012

ဒေါ်အောင်ဆန်းစုကြည်သည် တောင်တွင်းကြီးဆေးရုံတွင် အလှူငွေ သိန်း ၈၀ လှူဒါန်း

 
ဒေါ်အောင်ဆန်းစုကြည်သည် တောင်တွင်းကြီးဆေးရုံတွင် အလှူငွေ သိန်း ၈၀လှူဒါန်းခဲ့ပြီးနောက် နှုတ်ခွန်းဆက် စကားပြော ကြား ခဲ့သေးကြောင်းသိရသည်။

နံနက်၈နာရီ၄၅ မိနစ်ခန့်က တောင်တွင်းကြီးမြို့၊ ဆတ်သွားရွာတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ ဖခင်ဗိုလ်ချုပ်၏ သမီးဖြစ်သောကြောင့် မိမိသည်လည်းအညာသူပင်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရောက်မလာဖြစ် သည့်အကြွေးရှိသောကြောင့် ယခုကဲ့သို့ လာရောက်ရခြင်းဖြစ်ပြီး၊ ဒေသခံများကို မေးခွန်းများမေးမြန်းစေခဲ့သည်။

ဒေသခံများက မိမိတို့တွင်ဆည်ရှိသော်လည်း ရေမရခြင်းကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ကိုမေးမြန်း ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှလည်း ပညာရေး၊ ကျန်းမာရေးနှင့် အထွေထွေ ကိစ္စများ ကိုပါ ပြန်လည်ပြောကြား ခဲ့ကြောင်း သိရ သည်။

Popular Myanmar News Journal

No comments:

Post a Comment