Tuesday 11 December 2012

အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်အား ပြင်ဆင်သည့် စာချုပ် လက်မှတ် ရေးထိုး

Photo: အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်အား ပြင်ဆင်သည့် စာချုပ် လက်မှတ် ရေးထိုး 
Tuesday, December 11, 2012

နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဗီယက်နမ် လူမျိုးစု ရေးရာ ကော်မတီ တို့အကြား ၁၉၉၄ ခုနှစ်မှ စတင်၍ တိုင်းရင်းသား ရေးရာ ကိစ္စရပ် များတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွား ရေး ကိစ္စရပ် များတွင် နှစ်နိုင်ငံ အကြား

ချစ်ခင် စည်းလုံးမှုနှင့် တည်ငြိမ်ရေးကို ဦးတည်၍ လေ့လာ သင်ယူမှုများ
ဆောင်ရွက် နိုင်ခဲ့သည့် အတွက် ဒေသတွင်း တည်ငြိမ်ရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို အထောက် အကူပြု ခဲ့ပါကြောင်း၊ ယခု လက်မှတ်ရေး ထိုးခဲ့သည့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်အရ ပိုမို ရင်းနှီးသည့် ပူးပေါင်း ဆောင်ရွက်မှုများ ဖြစ်ပေါ်လာမည် ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးမှု၊ ဆင်းရဲမှု လျှော့ချရေးနှင့် ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းရေး များတွင် အပြန်အလှန် အတွေ့အကြုံများ  ဖလှယ်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုများကို များစွာ အကျိုးပြုမည် ဖြစ်ပါကြောင်းဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ လူမျိုးစု ရေးရာ ကော်မတီ တို့အကြား အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်အား  ပြင်ဆင်သည့် စာချုပ် လက်မှတ်ရေး ထိုးခြင်း အခမ်းအနားတွင် ပြောကြားသည်။

ယင်းနောက် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ လူမျိုးစုရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌက စာချုပ်သစ် အရ ရရှိလာမည့် အကျိုး ကျေးဇူးများကို  ရှင်းလင်း တင်ပြပြီး ကျေးဇူးတင် ဂုဏ်ပြု စကားပြော ကြားသည်။

ဆက်လက်၍ စာချုပ် လက်မှတ်ရေး ထိုးခြင်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ကိုယ်စား ဒုတိယ ဝန်ကြီး  ဗိုလ်ချုပ် ဇော်ဝင်း ကလည်းကောင်း၊ ဗီယက်နမ် နိုင်ငံ လူမျိုးစု ရေးရာ ကော်မတီ ကိုယ်စား ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး H.E. Mr. Son Minh Thang က လည်းကောင်း လက်မှတ်ရေး ထိုးခဲ့ ကြသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဗီယက်နမ် နိုင်ငံ လူမျိုးစု
ရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင် သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် ဧည့်ခန်းမ၌ တွေ့ဆုံပြီး နယ်စပ်ရေးရာ ဝန်ကြီး ဌာနနှင့်  ဗီယက်နမ် နိုင်ငံ လူမျိုးစု ရေးရာ ကော်မတီတို့ အကြား အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု များကို ယခုပြင် ဆင် လက်မှတ်ရေး ထိုးသည့် စာချုပ်ပါ အချက်အလက် များနှင့်အညီ ဆက်လက် အဆင့်မြှင့်တင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့် ကဏ္ဍအလိုက် အစီအစဉ် များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိသည်။


မြ၀တီနယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဗီယက်နမ် လူမျိုးစု ရေးရာ ကော်မတီ တို့အကြား ၁၉၉၄ ခုနှစ်မှစတင်၍ တိုင်းရင်းသား ရေးရာ ကိစ္စရပ်များ တွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွား ရေးကိစ္စရပ်များတွင် နှစ်နိုင်ငံအကြားချစ်ခင်စည်းလုံးမှုနှင့် တည်ငြိမ်ရေးကို ဦးတည်၍ လေ့လာသင်ယူမှုများ ဆောင်ရွက် နိုင် ခဲ့သည့်အတွက် ဒေသတွင်းတည်ငြိမ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက် အကူပြု ခဲ့ပါကြောင်း၊ ယခု လက်မှတ်ရေး ထိုးခဲ့သည့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်အရ ပိုမို ရင်းနှီးသည့် ပူးပေါင်း ဆောင်ရွက်မှုများ ဖြစ်ပေါ်လာမည် ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးမှု၊ ဆင်းရဲမှု လျှော့ချရေးနှင့် ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းရေး များတွင် အပြန်အလှန် အတွေ့အကြုံများ ဖလှယ်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုများကို များစွာ အကျိုးပြု မည် ဖြစ် ပါကြောင်းဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ လူမျိုးစု ရေးရာ ကော်မတီ တို့အကြား အကျိုး တူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်အား ပြင်ဆင်သည့် စာချုပ် လက်မှတ်ရေး ထိုးခြင်း အခမ်း အနားတွင် ပြောကြားသည်။

ယင်းနောက် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ လူမျိုးစုရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌက စာချုပ်သစ် အရ ရရှိလာမည့် အကျိုး ကျေးဇူးများကို ရှင်းလင်း တင်ပြပြီး ကျေးဇူးတင် ဂုဏ်ပြု စကားပြော ကြားသည်။

ဆက်လက်၍ စာချုပ် လက်မှတ်ရေး ထိုးခြင်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ကိုယ်စား ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်း ကလည်းကောင်း၊ ဗီယက်နမ် နိုင်ငံ လူမျိုးစု ရေးရာ ကော်မတီ ကိုယ်စား ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး H.E. Mr. Son Minh Thang က လည်းကောင်း လက်မှတ်ရေး ထိုးခဲ့ ကြသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဗီယက်နမ် နိုင်ငံ လူမျိုးစုရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင် သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် ဧည့်ခန်းမ၌ တွေ့ဆုံပြီး နယ်စပ်ရေးရာ ဝန်ကြီး ဌာနနှင့် ဗီယက်နမ် နိုင်ငံ လူမျိုးစု ရေးရာ ကော်မတီတို့ အကြား အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု များကို ယခုပြင် ဆင် လက်မှတ်ရေး ထိုးသည့် စာချုပ်ပါ အချက်အလက် များနှင့်အညီ ဆက်လက် အဆင့်မြှင့်တင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့် ကဏ္ဍအလိုက် အစီအစဉ် များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိသည်။


မြ၀တီ

No comments:

Post a Comment