ပွဲစဉ်၏ နာကျင်အချိန်ပိုတွင် မန်ယူအတွက် ဗန်ပါစီက
အနိုင်ဂိုး သွင်းယူပြီးနောက် ပရိသတ်အတွင်းမှ ပစ်ပေါက်လိုက်သော အကြွေစေ့ မှာ
ဖာဒီနန် ၏ လက်ဝဲဘက်မျက်ခုံးအား ထိမှန်ကာ ဒဏ်ရာ ရရှိ ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မန်စီးတီးပရိသတ်တစ်ဦးကလည်း ဖာဒီနန်အား ရန်ပြုရန် ကွင်းအတွင်း ဝင်ရောက်လာခဲ့ရာ မန်စီးတီးဂိုးသမား ဂျိုးဟတ်က တားဆီးခဲ့ရသည်။ မန်ချက်စတာရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ က ဖြစ်ရပ် အတွက် လူ ၁၃ ဦး ကို ဖမ်းဆီးခဲ့ပြီး ၉ ဦးကို စွဲချက်တင်ထားကြောင်း သိရှိရသည်။
အဆိုပါ မန်ချက်စတာမြို့ခံနှစ်သင်း၏ ဒါဘီပွဲစဉ်တွင် မန်ယူအသင်းက ဗန်ပါစီ၏ နာကျင် အချိန်ပို သွင်း ဂိုးကြောင့် မန်စီးတီးအား ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်ကလည်း ဖာဒီနန်အား အကြွေစေ့ဖြင့် ပစ်ပေါက်ခဲ့သည့် ပရိသတ်အား ပွဲကြည့်ခွင့် ရာသက်ပန် ပိတ်ပင် သွားရန် တောင်းဆိုထားကြောင်း The Telegraph သတင်းက ပြောကြားသည်။
Planet Myanmar Network

No comments:
Post a Comment