Tuesday 11 December 2012

အရည်အသွေး မပြည့်သည့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို အရေးယူမှုများ ပြုလုပ်သွားမည်

အရည်အသွေး မပြည့်သည့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို အရေးယူမှုများ ပြုလုပ်သွားမည်
Tuesday, 11 December 2012

ပြည်တွင်းမှာ သုံးစွဲနေတဲ့ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးများ လိုက်လံ စစ်ဆေးမှုတွေကို ဆောင်ရွက် နေပြီး အရည်အသွေး မမီတဲ့ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးများတွေ့ရှိခဲ့ရင်တော့ သက်ဆိုင်ရာ ဌာနများ ဖြစ်တဲ့ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီး ဌာနနဲ့ စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေး ၀န်ကြီးဌာနတို့ကို တင်ပြပြီး အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒီလို စစ်ဆေးမှု တွေကို မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းနဲ့ မြန်မာနိုင်ငံ ဓါတ်မြေသြဇာ တင်သွင်း ထုတ်လုပ် ရောင်းချသူများ အသင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနနဲ့ စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်း ပြုလုပ်တာ ဖြစ်ပါတယ်။ လက်ရှိမှာ အဆိုပါ စစ်ဆေးမှု တွေကို ဧရာဝတီတိုင်း ဒေသကြီးမှာ စတင် ဆောင်ရွက်နေပေမယ့်
နောက်ပိုင်း မှာလည်း စစ်ဆေးမှု များကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို စစ်ဆေးရာ မှာတော့ ဓါတ်မြေသြဇာ ၅ မျိုးနဲ့ ပိုးသတ်ဆေး ၅ မျိုးကို ၁ လအတွက် ၁ ကြိမ် ပုဂ္ဂလိက ဓါတ်ခွဲခန်းမှာ စစ်ဆေးမှာ ဖြစ်ပါတယ်။ အဲ့ဒီလို စစ်ဆေးပြီး အရည်အသွေး မပြည့်မီမှု တွေ့ရှိတဲ့ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေး များရဲ့တံဆိပ်များကို သတင်းစာနဲ့ ဂျာနယ်များ မှာလည်း
ဖော်ပြပေး သွားမှာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ အခုလို စစ်ဆေးမှုတွေ ပြုလုပ်ရ တာဟာ တောင်သူ လယ်သမားများ အသုံးပြုနေတဲ့ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေး အချို့မှာ အရည်အသွေး မပြည့်မီမှုများ
တွေ့ရှိနေရ တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4ပြည်တွင်းမှာ သုံးစွဲနေတဲ့ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးများ လိုက်လံ စစ်ဆေးမှုတွေကို ဆောင်ရွက် နေပြီး အရည်အသွေး မမီတဲ့ ဓါတ်မြေ သြဇာနဲ့ ပိုးသတ်ဆေးများတွေ့ရှိခဲ့ရင်တော့ သက်ဆိုင်ရာ ဌာန များ ဖြစ်တဲ့ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီး ဌာနနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတို့ကို တင်ပြပြီး အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒီလို စစ်ဆေးမှု တွေကို မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းနဲ့ မြန်မာနိုင်ငံ ဓါတ်မြေသြဇာ တင်သွင်း ထုတ်လုပ် ရောင်းချသူများ အသင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနနဲ့ စိုက်ပျိုးရေးဦးစီး ဌာနတို့ ပူးပေါင်း ပြုလုပ်တာ ဖြစ်ပါတယ်။ လက်ရှိမှာ အဆိုပါ စစ်ဆေးမှု တွေကိုဧရာဝတီတိုင်း ဒေသကြီးမှာ စတင် ဆောင်ရွက်နေပေမယ့်နောက်ပိုင်း မှာလည်း စစ်ဆေးမှု များကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို စစ်ဆေးရာ မှာတော့ ဓါတ်မြေသြဇာ ၅ မျိုးနဲ့ ပိုးသတ်ဆေး ၅ မျိုးကို ၁ လအတွက် ၁ ကြိမ် ပုဂ္ဂလိက ဓါတ်ခွဲခန်းမှာ စစ်ဆေးမှာ ဖြစ်ပါတယ်။ အဲ့ဒီလို စစ်ဆေးပြီး အရည်အသွေး မပြည့်မီမှု တွေ့ရှိတဲ့ ဓါတ်မြေ သြဇာနဲ့ ပိုးသတ်ဆေး များရဲ့တံဆိပ်များကို သတင်းစာနဲ့ ဂျာနယ်များ မှာလည်း ဖော်ပြပေး သွား မှာ ဖြစ် ပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ အခုလို စစ်ဆေးမှုတွေ ပြုလုပ်ရ တာဟာ တောင်သူ လယ်သမားများ အသုံးပြုနေတဲ့ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေး အချို့မှာ အရည်အသွေး မပြည့်မီမှုများတွေ့ရှိနေ ရ တာကြောင့် ဖြစ် တယ်လို့ သိရပါတယ်။

MRTV - 4

Like · · · 13 minutes

No comments:

Post a Comment