စာရေးသူသည်
မိမိ၏ သွေးသားတော်စပ်သူ လူရွယ် တစ်ဦးက သွေး လှူ ရန် အတွက်
ဆေးရုံသို့သွားရန် ၎င်းနှင့် အတူဆေး ရုံသို့ လိုက်ပါ ခဲ့ရ
သဖြင့်တွေ့မြင်ခံစားရသော အတွေ့အကြုံ ကို ရေး သားဖော်ပြ ချင် စိတ်ဖြစ်ပေါ်
မိသဖြင့် ဤစာစုကို ရေးသားခြင်းဖြစ် ပါသည်။
ဆေးရုံဆိုသည်မှာ လူအများထင်နေကြသလို ကြောက်စရာ၊ ရွံစရာမ ဟုတ်တော့ပါ။
ယခင်ကာလများ ကဲ့သို့ ဆေးရုံဝန်း ကျင်သို့ ရောက် သည်နှင့်
အနံ့အသက်မျိုးစုံလည်း
ယနေ့ ကာလတွင် မရှိတော့ ပါ။ မေတ္တာတရားရှေ့ထားပြီး ပြုစုကုသပေးနေကြသော
အထူးကု ဆရာ ဝန်ကြီးများ၊ ဆရာဝန် များ၊ သူနာပြုဆရာမများနှင့် လူနာများ၏
အညစ်အကြေးများကို ဝိုင်းဝန်းသန့် ရှင်း ကူညီပေးနေကြသည့် သန့်ရှင်းရေးဝန်
ထမ်းများကို မြင်တွေ့ရသည့်အခါ ၎င်း တို့၏ စေတနာမေတ္တာ များအား လေးစားမိပါသည်။ဝေဒနာခံစားနေကြ ရသောဒုက္ခသည်တွေကို ကယ် တင်ပေးနေသော မေတ္တာရိပ်မြုံကြီး
အဖြစ် ခံစားမိတွေးမိပါသည်။
ဆေးရုံ ဝန်းကျင်ရောက်သည်နှင့် အနံ့အသက်မျိုးစုံ၊ ဆေးရုံတွင်း ရောက် သည်နှင့် သတိရတစ်ချက် မရတစ်ချက် လူမမာများ သွေးစိမ်းပေကျံနေသည့် အရေးပေါ်လူမမာများအား သွေးပုလင်း ကိုယ်စီဖြင့် သွေး ဆက်နေကြ သည်ကို ဆေးရုံ သဘာဝ မြင်ကွင်း ကိုလည်း တွေ့ရှိခံစားမိ ပါသည်။
သွေးလှူရှင် ခန်းမတွင်မူ သွေးလှူရှင် လူငယ်လူရွယ်များသည် သွေးလှူရန် အတွက် လိုအပ်သည့် စာရင်းဇယားများ ဖြည့်သွင်းပြီးနောက် သွေးပုလင်းကိုယ်စီဖြင့် သွေးလှူကြရမည့် အခန်းဆီသို့ တစ်ဦးစီဝင်ကာ သွေးလှူနေကြ သည့်မြင်ကွင်းကို တွေ့ရသည်။ တာဝန်ခံသူနာပြု ဝန်ထမ်း များက ဖော်ရွေစွာ လက်ခံစကားပြောကာ သွေးစစ်ဆေးပြီး သွေးလှူရှင်များကို ခုတင်ပေါ် ပက်လက် အနေ အထား ဖြစ်စေရန် ပြင်ဆင်ပေးပြီး သွေးဖောက်ခြင်း လုပ်ငန်းစတင်သည်။
သွေးစတင်ဖောက်သည်မှ သွေးသတ်မှတ် အတိုင်းအတာအတွင်း လေးငါး မိနစ်ခန့်ကြာမည်ဟု ခန့်မှန်းပါသည်။ သွေးလှူဒါန်းမှုပြီးဆုံးချိန်ထိ ရွှင်လန်းချမ်းမြေ့စွာ မိမိကိုယ်ခန္ဓာ အတွင်း မှ သွေး များကို ဖောက်ထုတ် လှူ ဒါန်းနေကြသော မိမိ၏ သွေးသားတော်စပ်သူ လူရွယ်နှင့် အခြား သွေးလှူရှင် များ၏ မေတ္တာစေတနာများကိုကြည့်ကာ များစွာဂုဏ်ယူမိသည်။ အမြတ်ဆုံး၊ အသန့် ရှင်းဆုံး ဒါနပါလားဟု တွေးမိကာ သွေးလှူရှင်များကို ပို၍ အားကျမိ ပါသည်။
သွေးစတင် ဖောက်သည့်အချိန်သည် အလွန်အရေးကြီးပါသည်။ မိမိတို့၏ စိတ်အာရုံဖြင့် ပထမဦးစွာ ''ငါ့ရဲ့သွေးကို အသုံးပြုခံရမယ့် ရောဂါ ဝေဒနာ ရှင်တို့ဟာ ဤ သွေးကိုအသုံးပြုသည်နှင့် တစ်ပြိုင်တည်း လျင်မြန်စွာကျန်း မာကြပါစေ'' ဟု မေတ္တာ ပွားပေးရန်လည်း သွေးလှူရှင်များကသိရှိထားရန် သင့်လှပေ သည်။ မိမိ၏ မေတ္တာသည် လူမမာများအပေါ်ရောက်သွားသည်နှင့် ပို၍ပို၍ တန်ဖိုးကြီးသွားစမြဲဖြစ်ပါသည်။
မိမိခန္ဓာကိုယ်ထဲမှ စီးထွက်လာသော သွေးစက်သွေးပေါက်ကလေးများနှင့် အညီအမျှ မိမိတို့၏ေ မတ္တာ စိတ်တို့သည် ရောဂါဝေဒနာရှင်တို့၏ နှလုံးသားသို့ စီးဝင်သွား ကြမည်မှာ သေချာသည်။ ထို့နည်းတူစွာ အခြားအခြားသော
သွေးလှူရှင်များသည် လည်း မေတ္တာပွားများ ကောင်းပွားများကြလိမ့်မည်။ ပွားများကြပါစေဟု စာရေးသူ ဆုတောင်းမိပါသည်။
သတ္တဝါများ ချမ်းသာစေချင်သော မေတ္တာစိတ်၊ ကျန်းမာစေချင်သော မေတ္တာစိတ်ကို လက်ဖျောက် တစ်ချက်တီးကာလမျှ ပွားများနိုင် မည့်ပုဂ္ဂိုလ် သည်ပင် တန်ဖိုးကြီး သည်ဟုဆိုထားရာ မိမိခန္ဓာကိုယ်မှ ယခုကဲ့သို့သွေးနှင့်ရင်းလျက်ပို့လွှတ်ရသော မေတ္တာတရားများသည် အဘယ်မျှ တန်ဖိုးကြီးမည်နည်းဟု စာရေးသူ တွေးတောမိ ပြန်ပါသည်။
သွေးလှူရှင်များကို နိုင်ငံတော်အစိုးရက သွေးလှူသည့် အကြိမ်အရေ အတွက်နှင့် အညီ နှစ်စဉ်ဆုတံဆိပ်များကို ချီးမြှင့်ဂုဏ်ပြုလျက်ရှိပေသည်။ ဗဟိုအမျိုးသားသွေး လှူ ဘဏ်ဖြစ်မြောက်ရေး ကော်မတီ စတင်ဖွဲ့စည်း ခဲ့သော ''ဒီဇင်ဘာ ၁ဝ ရက်''ကို ''သွေးလှူရှင်များနေ့'' ဟု သတ်မှတ် ခဲ့ပေသည်။
သွေးလှူရှင်များအား ဂုဏ်ပြုသော အခမ်းအနားများကိုကျင်းပပြီး လူမှု ထူးချွန်(ပထမအဆင့်)၊ (ဒုတိယအဆင့်)၊ (တတိယအဆင့်) သွေးလှူ အကြိမ်အရေအတွက်အလိုက် သွေးအလှူရှင်များကို ဆုတံဆိပ်၊ ငွေနှင့် ဂုဏ်ပြုလွှာများကို ဗဟိုအမျိုးသား သွေးလှူဘဏ် ကော်မတီတာဝန် ရှိသူများ၊ မြို့နယ်သွေးလှူရှင်အဖွဲ့အစည်းများက ပေးအပ်ဂုဏ်ပြုကြ ပေသည်။လူသားအချင်းချင်း မေတ္တာစေတနာထားပြီး ကူညီခြင်း၊စောင့်ရှောက်ခြင်း များသည် ဝမ်းမြောက်ပျော်ရွှင်ကြည်နူးဖွယ် ရာများဖြစ်ပေသည်။
''သွေးသည်အသက်၊ အသက်သည်သွေး''ဆိုစကားနှင့် အညီ သွေးလှူရှင် များသည် အသက်အလှူရှင် များဖြစ် ကြသည်။ မိမိခန္ဓာကိုယ်ထဲမှသွေးကို ဖောက်၍ လှူသည်နှင့် ''ဇီဝိတဒါန'' သည် အဖြူစင်ဆုံး၊ အမွန်မြတ်ဆုံး ဒါနဖြစ်ပါကြောင်း ဖော်ညွှန်းရင်း ''တစ်နိုင်ငံလုံးရှိသွေးလှူရှင်များသို့'' ဤစာစုဖြင့် ချီးကျူးဂုဏ်ပြုလိုက်ရပါသည်။
မြ၀တီ

No comments:
Post a Comment